သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အဖွဲ့သတ်မှတ်ချက် ရုပ်သိမ်းမှု ကြိုဆိုပေမဲ့ ငြိမ်းချမ်းရေးရပ်တည်ချက် ပြောင်းမည်မဟုတ် (AA ပြောခွင့်ရ)


AA ရက္ခိုင့်တပ်မတော် (ဓာတ်ပုံ-courtesy)
AA ရက္ခိုင့်တပ်မတော် (ဓာတ်ပုံ-courtesy)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားတာနေ ဒီကနေ့မှာပဲ အာဏာသိမ်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပယ်ဖျက်လိုက်တာပါ။ ဒါပေမယ့် သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ပြောင်းမသွားသလို မြောက်ပိုင်းညီနှောင်မဟာမိတ်အဖွဲ့တွေနဲ့ အတူတူရပ်တည်သွားမယ်လို့ AA ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကျနော် အောင်မြတ်သူက တင်ပြပေးပါမယ်။

တပ်မတော်နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၂၀ခုနှစ် မတ်လ ၂၃ရက်နေ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာခဲ့တာပါ။

ရခိုင်လက်နက်ကိုင်AAအဖွဲ့ကို အကြမ်းဖက်အုပ်စုကနေပယ်ဖျက်တဲ့အပေါ် ကြိုဆိုပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး AAအဖွဲ့ရဲ့ ရပ်တည်ချက်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အတူတူပဲလို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ မြန်မာစစ်တပ်ဖက်က ထုတ်ပြန်တဲ့ ထုန်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက် ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ကျနော်တို့ရဲ့ ရပ်တည်ချက် ကတော့ ကျနော်တို့ ညီနှောင်မဟာမိတ်တွေနဲ့ အတူတူပဲ ကျနော်တို့ ရပ်တည်တယ်ဗျာ။ ရပ်တည်ချက်ကတော့ မပြောင်းပါဘူး အရင်အတိုင်းပါပဲ။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ နှစ်နှစ်ကျော်ကြာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲမရှိတော့တာ လနဲ့ချီရှိနေသလို AAအဖွဲ့ဖက်ကလည်း မတ်လအကုန်ထိ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးထားတာလည်းဖြစ်ပါတယ်။

အခုလို AAအဖွဲ့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်လိုက်တာဟာ ငြိမ်းချမ်းဖြစ်စဉ်တွေ တိုးတက်လာနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

“ ကျနော်ဘယ်လိုမြင်လဲ ဆိုတော့ အကြမ်းဖက် အဖွဲ့ကနေ ပယ်ဖျက်လိုက်ပြီဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဆွေးနွေးပွဲတွေ လုပ်နိုင်တော့မယ်လို့ ထင်တာပေါ့နော်။ ငြိမ်းချမ်းရေး တိုးတက်လာ လို့လည်း ပယ်ဖျက်လိုက်တာပေါ့ဗျာ။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကိုအကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်လိုက်သလို AAအဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွတ်ပေးဖို့နဲ့ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မျော်လင့်နေတယ်လို့လည်း ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။


“ မျှော်လင့်ချက်ကတော့ ရခိုင်လူထုတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့နော်။ အဓိက စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ မျော်လင့်တယ်။ ပြီးရင်တော့ မကြာခင်မှာ တပ်မ တော်နဲ့ အပစ်ရပ် လက်မှတ်ထိုးဖို့ နောက်ပြီးတော့ ဆက်ဆံရေးရုံးတွေ ရခိုင်ပြည်နယ် အနှံ့ ဖွဲ့စည်းဖို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ရခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်ဆိုပြီး ၂၀၁၈ ၂၀၁၉ ၂၀၂၀ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေကို ပြန်လွတ်ပေးဖို့ လို့လည်း ကျနော်တို့ မျှော်လင့်တယ်။ နောက်တစ်ခု ကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံးဖြစ်လာဖို့လည်း မျော်လင့်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှူတွေ လည်း နိုင်ငံအနှံ့ ကြီးထွားလာနေတာပါ။ ဒါပေမယ့်လည်း တပ်မတော်နဲ့ တိုက်ပွဲအကြီး အကျယ်ဖြစ်ခဲ့တဲ့ ရခိုင်ဒေသမှာတော့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ အနည်း အကျင်း လောက်သာ ရှိနေတာပါ။

ရခိုင်ပြည်သူလူထု ထောက်ခံမှူအများဆုံးရရှိထားတဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက်ကတော့ အခုလို တိုက်ပွဲ ရပ်တန့်ထားတဲ့ အခြေအနေမှာ နှစ်နှစ်ကျော်ကြာ စစ်ဘေးဒုက္ခတွေ မတရားမှူ တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ဒေသအတွက် ပြန်လည်ပြင်ဆင်ရေးတွေလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ လွတ်မြောက်ရေး တန်းတူညီမျှရေးတွေနဲ့ ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံမှာ တစ်ဝှမ်းမှာ ဆန္ဒထုတ်ဖော်နေကြတာကို ကျနော်တို့ တွေ့နေရပါတယ်။ အလားတူ ဆန္ဒထုတ်ဖော်တာတွေ ရခိုင်ဒေသမှာ လက်တွေ့ ကျကျလုပ်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ရခိုင်ဒေသဟာ လူမျိုးရေး ဘာသာရေး သဘာဝဘေး အန္တရာယ်တွေ စီးပွားရေး ကျဆင်းမှူတွေ ပြည်တွင်းစစ်ပွဲတွေနဲ့ ရခိုင်မြို့ရွာတွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာတွေကြောင့် ပြည်သူတွေဟာ မွန်းကြပ်ပြီးတော့မှ အကြီးအကျယ် အခက်ကြုံ ဒုက္ခရောက်ခဲ့ကြရပါတယ်။ အခုတိုက်ပွဲတွေ ရပ်ထားတဲ့ ကာလတစ်ခုအတွင်းမှာ တည်တည်ငြိမ်ငြိမ် အနေအထားတစ်ခုကို ပြန်လည် နေရာ ချထားဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့နှစ်နှစ်ကျော် တိုက်ပွဲအတွင်းမှာ အဖွဲ့အစည်းနဲ့ ဆက်စပ်ပြီးတော့မှ နစ်နာထားတဲ့ သူတွေ နောက် အကြမ်းဖက်မှူ တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ မတရား ဖမ်းဆီးခံထားရသူတွေ ကိစ္စပေါ့နော်။ အဲတာတွေကို ဖြေရှင်းဖို့ လမ်းစတစ်ခု ပွင့်လာတယ်လို့လည်းပြောလို့ရတာပေါ့နော်။”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်နေသလို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်ဆိုပြီး တပ်မတော်က ဒီလကုန်အထိ နိုင်ငံအဝန်း တဘက်သတ် အပစ်ရပ်ထားချိန်မှာပဲ တိုင်းရင်းသား ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

.......................................................



(Unicode)
















XS
SM
MD
LG