သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးခိုးဖမ်း တရုတ်သင်္ဘော အာဂျင်တီးနား ပစ်ခတ်

အာဂျင်တီးနား ကမ်းစောင့်တပ်က ပစ်ခတ်သည့် တရုတ်သင်္ဘော
အာဂျင်တီးနား ကမ်းစောင့်တပ်က ပစ်ခတ်သည့် တရုတ်သင်္ဘော

တရုတ် သင်္ဘောတစီးကို အာဂျင်တီးနား ကမ်းစောင့်တပ်က မနေ့ စနေနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။ အာဂျင်တီးနားပိုင် ရေပြင်နယ်နိမိတ်ထဲမှာ တရားမဝင် ငါးဖမ်းနေတဲ့အတွက် အဲ့ဒီလို ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ အာဂျင်တီးနား တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ်းစောင့်တပ်က ထုတ်ပြန်တဲ့ ဗွီဒီယိုအရ အာဂျင်တီးနား ကမ်းစောင့်သင်္ဘော Mantilila က တရုတ်သင်္ဘော "Hua Xiang 801" ကို သူ့ရေပိုင်နက်ထဲက ထွက်ခွာသွားဖို့ အသံချဲ့စက်နဲ့ အသိပေးတာကို တွေ့ရပါတယ်။ ထွက်ခွာမသွားရင် ပစ်ခတ်ရလိမ့်မယ်ဆိုတဲ့ အသိပေးချက်ကိုလည်း တာဝန်ရှိသူတွေ ကြားခဲ့ရပါတယ်။

ဒါပေမယ့်လည်း တရုတ်သင်္ဘောဆီက တုန့်ပြန်ချက်တွေတော့ မကြားရပါဘူး။ အဲဒီနောက်မှာတော့ သင်္ဘောပေါ်ကပစ်တဲ့ စက်သေနတ်ပစ်သံတွေကို အကြိမ်ကြိမ် ကြားခဲ့ရတာပါ။တရုတ် ငါးဖမ်းသင်္ဘောဟာ San Jorge ပင်လယ်ကွေ့ရဲ့ ၁၉၉ ရေမိုင်အကွာမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပြီး ၃ နာရီအကြာမှာတော့ တရုတ် ငါးဖမ်းသင်္ဘော နိုင်ငံတကာပိုင် ရေပြင်နယ်နိမိတ်ထဲ ဆုတ်ခွာသွားတယ်လို့ အာဂျင်တီးနား တာဝန်ရှိသူတွေက ပြောပါတယ်။

ငါးခိုးဖမ်း တရုတ်သင်္ဘော အာဂျင်တီးနား ပစ်ခတ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG