သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန်ခွန်တိုးမြင့်မှု ကန်ရွှေ့ဆိုင်း


တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေ သိသိသာသာ တိုးတက်မှု ရှိနေတာကြောင့် တရုတ်အပေါ် သွင်းကုန်ခွန် တိုးကောက်မယ့်ရက် ရွှေ့ ဆိုင်း မယ်လို့ သမ္မတ Donald Trump ကကြေညာခဲ့ပြီးနောက် တရုတ်အစုရှယ်ယာဈေးတွေ ၅% ကျော် ဒီကနေ့ မြင့်တက်သွားပါတယ်။

ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးရေးကိစ္စ၊ လယ်ယာစိုက်ပျိုးရေးကိစ္စ၊ တရုတ်ငွေကြေး တန်ဖိုးချထားတဲ့ကိစ္စ အပါအဝင် အရေးကြီးတဲ့ ကိစ္စအများအပြားနဲ့ ပတ်သက်လို့ ၂ ဖက်ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်လို့ သမ္မတ Trump က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

အရင်တုန်းကတော့ ကုန်သွယ်ရေးသဘောတူညီမှု မတ်လ ၁ ရက်နေ့မှာ မရရင် အမေရိကန်ကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် ၁၀% ကနေ ၂၅% တိုးမြင့်မယ် လို့ အမေရိကန်သမ္မတက အရင်ကပြောကြားထားတာပါ။ တကယ်လို့ သဘောတူညီမှုရတော့မယ်ဆိုရင် သွင်းကုန်ခွန်တိုးကောက်မယ့်ရက် ရွှေ့ဆိုင်းမယ်လို့ သူကဆိုခဲ့ပါတယ်။

၂ ဖက် သဘောတူညီမှုရဖို့ ဘယ်လောက်နီးစပ်နေပြီလဲဆိုတာကိုတော့ သမ္မတက မပြောပေမယ့် သဘောတူညီမှု အပြီးသတ်ဖို့ တရုတ်သမ္မတ Xi Jinping နဲ့ Florida ပြည်နယ်က Trump ရဲ့အပန်းဖြေစံအိမ် Mar-a-Lago မှာတေ့ွဆုံ ဆွေးနွေးမယ်လို့ ပြောပါတယ်။

တရုတ်နဲ့အမေရိကန်ကြား အပြန်အလှန်သွင်းကုန်ခွန်တွေ တိုးကောက်တာကို ရက်ပေါင်း ၉၀ ဆိုင်းထားပြီး ဒီကြားထဲမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိနိုင်ဖို့ အမေရိကန် နဲ့ တရုတ်တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေကို ဆက်တိုက် လုပ်နေကြတာ ဖြစ်ပါတယ်။ တရုတ်က အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အသာရနေတယ်လို့ သမ္မတ Trump က စွပ်စွဲပြီး တရုတ်ကတင်သွင်းတဲ့ ကုန်ပစ္စည်းအများအပြားအပေါ် သွင်းကုန်ခွန် တွေ တိုးမြှင့်မယ်လို့ ကြေညာ ထားတာဖြစ်ပါတယ်။

XS
SM
MD
LG