သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔ တတ္ႏိုင္သမွ် ပူးေပါင္းေဆာင္ရြက္ဖို႔ စစ္ေကာင္စီ ကတိျပဳ


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အာဆီယံသေကၤတ (ေအပီ)

(Zawgyi / Unicode)

ျမန္မာအာဏာသိမ္း စစ္ေကာင္စီအေနနဲ႔ အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာႏုိင္ငံ သေဘာတူညီခ်က္ ၅ ခ်က္ကုိ တတ္ႏုိင္သမွ် ပူးေပါင္းေဆာင္ရြက္ပါမယ္လုိ႔ ကတိျပဳ ေျပာၾကားလုိက္ပါတယ္။

ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တဲြေနထုိင္ေရးမူနဲ႔အတူ ၿပီးခဲ့တဲ့ ဧၿပီလတည္းက အားလုံးသေဘာတူ ဆုံးျဖတ္ခဲ့တဲ့ ျမန္မာႏုိင္ငံဆုိင္ရာ သေဘာတူညီခ်က္ ၅ ရပ္ကုိ ပူးေပါင္းေဆာင္ရြက္မႈေတြ လုပ္သြားမယ္လုိ႔ ျမန္မာစစ္ေကာင္စီ သတင္းမီဒီယာေတြကေန တဆင့္ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ ျမန္မာႏုိင္ငံကုိ ထိပ္သီးအစည္းအေဝး တက္ခြင့္မေပးတဲ့ အာဆီယံရဲ႕ ဆုံးျဖတ္ခ်က္ဟာ အားလုံးသေဘာတူမွ ဆုံးျဖတ္ခ်က္ခ်ေရးနဲ႔ အဖဲြ႔ဝင္ႏုိင္ငံေတြရဲ႕ ျပည္တြင္းေရးကုိ ဝင္ေရာက္မစြက္ဖက္ေရး ဆုိတဲ့ အာဆီယံရဲ႕ ပဋိညာဥ္ပါ အခ်က္ေတြနဲ႔ ကုိက္ညီမႈမရွိဘူးလုိ႔ တုံ႔ျပန္ ေျပာဆုိခဲ့ပါတယ္။

အခုလုိ တုံ႔ျပန္ေျပာဆုိခဲ့တဲ့အေပၚ ထုိင္းႏုိင္ငံျခားေရးဝန္ႀကီးဌာနက မွတ္ခ်က္ေပးဖုိ႔ ျငင္းဆုိခဲ့ေပမယ့္ အင္ဒုိနီးရွား ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Teuku Faizasyah ကေတာ့ ျမန္မာႏုိင္ငံအတြက္ ဘယ္သူကုိယ္စားျပဳ တက္ေရာက္ရမယ္ဆုိတဲ့ ဆုံးျဖတ္ခဲ့တာဟာ အာဆီယံအဖဲြ႔ဝင္ အားလုံးအတြက္ Common Guide ဘုံလမ္းညႊန္ခ်က္တရပ္ ျဖစ္ပါတယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၁၅ ရက္ေန႔တုန္းက ျမန္မာႏုိင္ငံကုိယ္စား တက္ခြင့္ကုိ အာဏာသိမ္းစစ္ေကာင္စီ အႀကီးအကဲ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကုိ တက္ေရာက္ခြင့္မေပးဘဲ ႏုိင္ငံေရးအရ ၾကားေနပုဂၢိဳလ္တဦးဦးကုိသာ တက္ေရာက္ခြင့္ျပဳမယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အာဆီယံနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီ ကတိပြု

မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ အာဆီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံ သဘောတူညီချက် ၅ ချက်ကို တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလတည်းက အားလုံးသဘောတူ ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်ကို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ မြန်မာစစ်ကောင်စီ သတင်းမီဒီယာတွေကနေ တဆင့် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံရဲ့ ပဋိညာဉ်ပါ အချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

အခုလို တုံ့ပြန်ပြောဆိုခဲ့တဲ့အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Teuku Faizasyah ကတော့ မြန်မာနိုင်ငံအတွက် ဘယ်သူကိုယ်စားပြု တက်ရောက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ခဲ့တာဟာ အာဆီယံအဖွဲ့ဝင် အားလုံးအတွက် Common Guide ဘုံလမ်းညွှန်ချက်တရပ် ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက မြန်မာနိုင်ငံကိုယ်စား တက်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကြားနေပုဂ္ဂိုလ်တဦးဦးကိုသာ တက်ရောက်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG