သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အနောက်မြောက်ပိုင်းငလျင် အနည်းဆုံး ၁၁၈ ဦး သေဆုံး


တရုတ်ပြည် Gansu ပြည်နယ်ထဲက Linxia မြို့မှာ ငလျင်လှုပ်ခတ်အပြီး အပျက်အဆီးတွေကြား ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်ကယ်ဆယ်ရေးဝန်ထမ်းများ (ဒီဇင်ဘာ ၁၉။ ၂၀၂၃)
တရုတ်ပြည် Gansu ပြည်နယ်ထဲက Linxia မြို့မှာ ငလျင်လှုပ်ခတ်အပြီး အပျက်အဆီးတွေကြား ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်ကယ်ဆယ်ရေးဝန်ထမ်းများ (ဒီဇင်ဘာ ၁၉။ ၂၀၂၃)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်တန်းဒေသတွေမှာ တနင်္လာနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် လူ အနည်းဆုံး ၁၁၈ ယောက်သေဆုံးတဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနက ထုတ်လွှင့်ပါတယ်။

အနောက်မြောက်ပိုင်း Gansu ပြည်နယ်နဲ့ ကပ်လျက်ပြည်နယ်ဖြစ်တဲ့ Qinghai ပြည်နယ်ထဲမှာ မြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေကြား ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် လူပေါင်း ၅၀၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အိမ်တွေအများအပြားနဲ့ လမ်းတွေ ပျက်ဆီးသွားသလို လျပ်စစ်လိုင်းတွေနဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ တနင်္လာနေ့ ည သန်းခေါင်မတိုင်ခင်လေးမှာပဲ Gansu နဲ့ Qinghai ပြည်နယ် အစပ် အောက်ဘက် ၁၀ ကီလိုမီတာလောက်မှာ အင်အား ၆ ဒသမ ၂ မက်ဂနီကျု့ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာလို့ တရုတ် မြေငလျင် တိုင်းတာရေး ကွန်ယက် စင်တာက ပြောပါတယ်။ အမေရိကန် ဘူမိဗေဒ စူးစမ်း လေ့လာရေးဌာနကတော့ မြေငလျင်ပြင်းအားဟာ ၅ ဒသမ ၉ မက်ဂနီကျု့ ရှိတယ်လို့ ကြေညာပါတယ်။

တရုတ်ပြည် Gansu ပြည်နယ်ထဲက Linxia မြို့မှာ ငလျင်လှုပ်ခတ်အပြီး အပျက်အဆီးတွေကြား ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်ကယ်ဆယ်ရေးဝန်ထမ်းများ (ဒီဇင်ဘာ ၁၉။ ၂၀၂၃)
တရုတ်ပြည် Gansu ပြည်နယ်ထဲက Linxia မြို့မှာ ငလျင်လှုပ်ခတ်အပြီး အပျက်အဆီးတွေကြား ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တရုတ်ကယ်ဆယ်ရေးဝန်ထမ်းများ (ဒီဇင်ဘာ ၁၉။ ၂၀၂၃)

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Sichuan ပြည်နယ်မှာ ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ မြေငလျင်လှုတ်ခတ်ခဲ့တဲ့အတွက် လူ ၇၄ ယောက် သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံ သမိုင်းမှာ အဆိုးဝါးဆုံး မြေငလျင်ဒဏ်ကို ၂၀၀၈ ခုနှစ်က Sichuan ပြည်နယ်မှာ လှုပ်ခတ်ခဲ့ဖူးပြီး ပြင်းအား ၇ ဒသမ ၉ မက်ဂနီကျု့ရှိတဲ့ မြေငလျင်ကြောင့် လူပေါင်း ကိုးသောင်းလောက် သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG