သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဖားကန္႔ ေျမစာပံုၿပိဳက်မႈ ေပ်ာက္ဆံုးသူေတြ ရွာေဖြဆဲ


ဖားကန္႔ ေက်ာက္စိမ္းလုပ္ကြက္ ေျမစာၿပိဳက်တဲ့ေနရာမွာ ကယ္ဆယ္ေရးလုပ္ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕က ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္တခုရဲ႕ ေျမစာပုံၿပိဳက်မႈေၾကာင့္ လူအနည္းဆုံး ၅ ဦးေသဆုံးႏိုင္တယ္လို႔ ဖားကန႔္ၾကက္ေျခနီအဖြဲ႕ တာဝန္ရွိသူက ဗြီအိုေအ ကိုေျပာပါတယ္။

ေသဆုံးသူေတြရဲ႕ အေလာင္းေတြကို ေျမစာပုံေဘးက ႏြံကန္ထဲမွာ တနလာၤေန႔ ညေနပိုင္းအထိ ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြခဲ့ၾကပါတယ္။ ျမန္မာျပည္တြင္းကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္က ေျပာျပေပးမွာပါ။

ဖားကန႔္ၿမိဳ႕နယ္၊ ဆိုင္းဂ်ာဘြမ္ေက်း႐ြာနားက ေက်ာက္စိမ္းေျမစာပုံေဟာင္းတခု ဒီဇင္ဘာလ ၁၉ ရက္မွာၿပိဳက်ခဲ့တဲ့အတြက္ ဒီေျမစာပုံေပၚမွာ ေက်ာက္ရွာေနတဲ့သူတခ်ိဳ႕ ေပ်ာက္ဆုံးေနပါတယ္။ ေျမစာပုံေဘးမွာရွိတဲ့ ႏြံအိုင္ထဲကို ၿပိဳက်ခဲ့တာျဖစ္လို႔ ေပ်ာက္ဆုံးတဲ့သူေတြကို အဲဒီကန္ထဲမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေနၾကတာပါ။ တနလာၤေန႔ ညေနပိုင္းအထိ ေပ်ာက္ဆုံးတဲ့သူေတြကို ရွာလို႔မေတြ႕ေသးဘူးလို႔ ကယ္ဆယ္ေရးအဖြဲ႕ဝင္တခ်ိဳ႕က ေျပာပါတယ္။ ဒီေျမစာပုံၿပိဳက်ခ်ိန္က ေက်ာက္ရွာေနသူ ေလးငါးေယာက္ေလာက္ပဲရွိေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ ၾကက္ေျခနီအဖြဲ႕ရဲ႕ တာဝန္ခံ ကိုထြန္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ ရွာၾကည့္တယ္၊ ခ်ိတ္ေတြနဲ႔ဆြဲၾကည့္တယ္၊ မေတြ႕ဘူးတေယာက္မွ။ အားလုံးက ၅ ဦးပါတယ္။ လႈိင္း႐ိုက္ၿပီးမွ အကုန္ပါသြားတာ ငါးေယာက္ေလာက္။ သူတို႔ ေျမစာက်တဲ့အခ်ိန္ ေရလႈိင္းက ဟိုးဘက္ကမ္းကို႐ိုက္ၿပီးမွ ဒီဘက္ကမ္းကိုျပန္အလာမွာ ေျမေတြအကုန္ၿပိဳက်တာ။ က်ေနာ္တို႔ ေမွာ္ဝိုင္းႀကီးေရကန္မွာ အရင္တုန္းက ဆယ္တဲ့ပုံစံလို တန္း ၃ တန္းနဲ႔ ငါးမွ်ားခ်ိတ္လုပ္ၿပီးမွ ေလွနဲ႔ဆယ္တာ။”

ပုံမွန္အတိုင္းဆို အဲဒီေနရာမွာေက်ာက္ရွာတဲ့သူ အနည္းဆုံး အေယာက္ ေလးငါးဆယ္ေလာက္ ရွိတတ္ေပမဲ့၊ ေျမစာပံုၿပိဳခ်ိန္ ေက်ာက္႐ွာသူ မ်ားမ်ား စားစား မ႐ွိေသးဘူးလို႔ ေရမေဆးေက်ာက္ရွာေဖြသူတဦးက ဗြီအိုေအကို ေျပာပါတယ္။ ေပ်ာက္ဆံုးေနသူေတြထဲမွာ သူ႔နဲ႔သိသူေတြလည္း ပါပါတယ္။

“ ရွာတုန္းပဲ က်ေနာ္တို႔ မေတြ႕ေသးဘူးခင္ဗ်၊ က်ေနာ္တို႔ ဆိုင္းဂ်ာဘြမ္က ၂ ေယာက္၊ မက္လင္ေခ်ာင္ တေယာက္၊ ကုမၸဏီက ၂ေယာက္ အဲဒါပဲၾကားေသးတာ။ ကားစခ်ိန္ဆိုေတာ့ နည္းနည္းေတာ့နည္းတယ္ ခင္ဗ်။ ေတာ္ေတာ္မ်ားမ်ား ကံေကာင္းသြားတာေပါ့ ခင္ဗ်။”

မႏွစ္က အခုလိုအခ်ိန္မွာလဲ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ စေပါ့ေက်း႐ြာနားက ျမန္မာသူရ ေက်ာက္မ်က္ကုမၸဏီလုပ္ကြက္ေဟာင္းရဲ႕ ေျမစာပုံၿပိဳက်ခဲ့လို႔ ေရမေဆးေက်ာက္ရွာေနသူ သုံးဦး ေသဆုံးခဲ့ၿပီး တခ်ိဳ႕ဒဏ္ရာရခဲ့ပါတယ္။

ဖားကန႔္က ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္ေတြမွာ ခုလိုေျမစာပုံအေဟာင္းေတြ မၾကာခဏၿပိဳက်ေလ့ရွိၿပီး အသက္ဆုံးရႈံးမႈေတြလည္း အမ်ားအျပားရွိပါတယ္။ အဲဒီအထဲမွာ ၂၀၂၀ ဇူလိုင္လ ၂ရက္က ျဖစ္ခဲ့တဲ့ ေဝွခါး ေက်း႐ြာက ေျမစာပုံၿပိဳက်မႈက အဆိုး႐ြားဆုံးျဖစ္ၿပီး ေရမေဆးေက်ာက္႐ွာသူ ၁၅၀ ထက္မနည္း ေသဆုံးခဲ့ပါတယ္။ ေဒသခံေတြကေတာ့ အဲဒီတုန္းက အေယာက္ ၂၀၀ ဝန္းက်င္ေသဆုံးခဲ့တယ္လို႔ ခန႔္မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဖားကန့် မြေစာပုံပြိုကျမှု ပျောက်ဆုံးသူတွေ ရှာဖွေဆဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုရဲ့ မြေစာပုံပြိုကျမှုကြောင့် လူအနည်းဆုံး ၅ ဦးသေဆုံးနိုင်တယ်လို့ ဖားကန့်ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေ ကိုပြောပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို မြေစာပုံဘေးက နွံကန်ထဲမှာ တနလာၤနေ့ ညနေပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေခဲ့ကြပါတယ်။ မြန်မာပြည်တွင်းကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန်က ပြောပြပေးမှာပါ။

ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာနားက ကျောက်စိမ်းမြေစာပုံဟောင်းတခု ဒီဇင်ဘာလ ၁၉ ရက်မှာပြိုကျခဲ့တဲ့အတွက် ဒီမြေစာပုံပေါ်မှာ ကျောက်ရှာနေတဲ့သူတချို့ ပျောက်ဆုံးနေပါတယ်။ မြေစာပုံဘေးမှာရှိတဲ့ နွံအိုင်ထဲကို ပြိုကျခဲ့တာဖြစ်လို့ ပျောက်ဆုံးတဲ့သူတွေကို အဲဒီကန်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတာပါ။ တနလာၤနေ့ ညနေပိုင်းအထိ ပျောက်ဆုံးတဲ့သူတွေကို ရှာလို့မတွေ့သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။ ဒီမြေစာပုံပြိုကျချိန်က ကျောက်ရှာနေသူ လေးငါးယောက်လောက်ပဲရှိကြောင်း ဖားကန့်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ခံ ကိုထွန်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ ရှာကြည့်တယ်၊ ချိတ်တွေနဲ့ဆွဲကြည့်တယ်၊ မတွေ့ဘူးတယောက်မှ။ အားလုံးက ၅ ဦးပါတယ်။ လှိုင်းရိုက်ပြီးမှ အကုန်ပါသွားတာ ငါးယောက်လောက်။ သူတို့ မြေစာကျတဲ့အချိန် ရေလှိုင်းက ဟိုးဘက်ကမ်းကိုရိုက်ပြီးမှ ဒီဘက်ကမ်းကိုပြန်အလာမှာ မြေတွေအကုန်ပြိုကျတာ။ ကျနော်တို့ မှော်ဝိုင်းကြီးရေကန်မှာ အရင်တုန်းက ဆယ်တဲ့ပုံစံလို တန်း ၃ တန်းနဲ့ ငါးမျှားချိတ်လုပ်ပြီးမှ လှေနဲ့ဆယ်တာ။”

ပုံမှန်အတိုင်းဆို အဲဒီနေရာမှာကျောက်ရှာတဲ့သူ အနည်းဆုံး အယောက် လေးငါးဆယ်လောက် ရှိတတ်ပေမဲ့၊ မြေစာပုံပြိုချိန် ကျောက်ရှာသူ များများ စားစား မရှိသေးဘူးလို့ ရေမဆေးကျောက်ရှာဖွေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာ သူ့နဲ့သိသူတွေလည်း ပါပါတယ်။

“ ရှာတုန်းပဲ ကျနော်တို့ မတွေ့သေးဘူးခင်ဗျ၊ ကျနော်တို့ ဆိုင်းဂျာဘွမ်က ၂ ယောက်၊ မက်လင်ချောင် တယောက်၊ ကုမ္ပဏီက ၂ယောက် အဲဒါပဲကြားသေးတာ။ ကားစချိန်ဆိုတော့ နည်းနည်းတော့နည်းတယ် ခင်ဗျ။ တော်တော်များများ ကံကောင်းသွားတာပေါ့ ခင်ဗျ။”

မနှစ်က အခုလိုအချိန်မှာလဲ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနားက မြန်မာသူရ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းရဲ့ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာနေသူ သုံးဦး သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ ခုလိုမြေစာပုံအဟောင်းတွေ မကြာခဏပြိုကျလေ့ရှိပြီး အသက်ဆုံးရှုံးမှုတွေလည်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ ၂၀၂၀ ဇူလိုင်လ ၂ရက်က ဖြစ်ခဲ့တဲ့ ဝှေခါး ကျေးရွာက မြေစာပုံပြိုကျမှုက အဆိုးရွားဆုံးဖြစ်ပြီး ရေမဆေးကျောက်ရှာသူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒေသခံတွေကတော့ အဲဒီတုန်းက အယောက် ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG