သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံရက် စုစုပေါင်း ၁၉ နှစ်ရှိပြီ

ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

ဝင်ခဲ့သမျှ ရွေးကောက်ပွဲတိုင်း အပြတ်အသတ်နိုင်တဲ့ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုစုပေါင်း အကျဥ်းကျနှစ် ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ၁၉ နှစ် ပြည့်သွားပြီလို့ ဘားမားကမ်ပိန်း ယူကေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နောက်ဆုံး အကျဥ်းချ ခံလိုက်ရတာ ဖြစ်ပြီး၊ ဒီ အကြိမ်ဟာ စတုတ္ထ အကြိမ် အကျဥ်းချခံရတာ ဖြစ်တယ်လို့ ဘားမား ကမ်ပိန်း ယူကေက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ထုတ်ပြန်လိုက်တာပါ။

မြန်မာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ၁၉ နှစ် အကျဥ်းချခဲ့တာက သူ့ကို စစ်တပ်က ကြောက်နေတုန်းပဲ ဆိုတာ ဆယ်စုနှစ်တွေ ကြာလာခဲ့ပေမဲ့ ပြသနေပါတယ်လို့ ဘားမားကမ်ပိန်း ယူကေရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။ စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသား အားလုံးကို လွှတ်ပေးဖို့လည်း ဘားမားကမ်ပိန်း ယူကေ က တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲတိုင်းမှာ မြန်မာပြည်သူတွေက ‌ဒေါ်အောင်ဆန်းစုကြည်ကို အကြီးအကျယ်ထောက်ခံ လုပ်ပိုင်ခွင့် ပေးခဲ့ပေမဲ့၊ စစ်တပ်ကိုတော့ ပြည်သူတွေက ဘယ်တုန်းကမှ အဲဒီလို လုပ်ပိုင်ခွင့် မပေးခဲ့တဲ့အတွက် စစ်ကောင်စီဟာ တရားဝင်မှု မရှိဘူးလို့လည်း ဘားမား ကမ်ပိန်း ယူကေက ဆိုပါတယ်။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ရဲ့ အဆိုအရ၊ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဥ်းသား ၂၁၅၀၇ ယောက် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ အဲဒီထဲကတယောက် ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းကတည်းက ကလေး ၅၈၉ ယောက် အပါအဝင် လူပေါင်း ၂၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံရက် စုစုပေါင်း ၁၉ နှစ်ရှိပြီ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG