သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အဂတိမႈႏွစ္မႈစစ္ေဆး


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

[[Zawgyi/Unicode]]

စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္က ေဒၚလာေငြ ၅ သိန္း လာဘ္ထိုးခဲ့တယ္ ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈႏွစ္မႈကို ဒီကေန႔ ေမ ၁၇ ရက္ ေန႔ ေနျပည္ေတာ္ အထူးတရား႐ုံး မွာ ၾကားနာခဲ့ပါတယ္၊

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ပုဒ္မ ၅၅ နဲ႔ ဒီ အမႈ ၂ မႈကို စြဲဆိုခဲ့တာ ျဖစ္ပါတယ္။ ဒီကေန႔က တတိယေျမာက္ ႐ုံးခ်ိန္း ျဖစ္ၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ စုံးစမ္းစစ္ေဆးေရးအရာရွိ တရားလို ဦးရဲထက္ကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ေမးျမန္းခဲ့ေပမယ့္ မၿပီးျပတ္ခဲ့ပါဘူး။

အမႈ ၂ မႈအတြက္ စစ္ေကာင္စီဘက္က တင္ျပထားတဲ့ တရားလိုသက္ေသစာရင္း မွာ ေစပိုင္ကုမၸဏီပိုင္ရွင္ ဦးေမာင္ဝိတ္လည္းပါဝင္ၿပီး သူကိုယ္တိုင္ လာေရာက္ထြက္ဆို ႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ သက္ေသ ၁၀ ဦးထက္မနည္း စစ္ေမးဖို႔ရွိပါတယ္။

ဒီ အမႈအျပင္ စစ္ေကာင္စီဟာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိအမႈနဲ႔ စြဲဆိုထားတာ ရွိပါေသးတယ္။ အဲဒီအမႈနဲ႔ပတ္သက္ၿပီး အဂတိလိုက္စားမႈဥပေဒနဲ႔ ဆက္လက္ တရားစြဲဆိုဖို႔ သင့္မသင့္ကို ၂ ဘက္ေရွ႕ေနေတြက ဒီကေန႔မွာပဲ အၿပီးသတ္ ေလွ်ာက္လဲခ်က္ တင္သြင္းခဲ့ၾကပါတယ္။

ဒီ အမႈေတြကို လာမယ့္ ေမလ ၂၄ ရက္ေန႔ အဂၤါေန႔မွာ ဆက္လက္ စစ္ေဆးၾကားနာမွာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရး ေကာင္းမြန္တယ္လို႔ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ိဳး ေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ အမႈအေတာ္မ်ားမ်ားနဲ႔ စစ္ေကာင္စီဘက္ စြဲဆိုထားတာပါ။ စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး အမႈ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုနှစ်မှုစစ်ဆေး

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနှစ်မှုကို ဒီကနေ့ မေ ၁၇ ရက် နေ့ နေပြည်တော် အထူးတရားရုံး မှာ ကြားနာခဲ့ပါတယ်၊

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပုဒ်မ ၅၅ နဲ့ ဒီ အမှု ၂ မှုကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့က တတိယမြောက် ရုံးချိန်း ဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံးစမ်းစစ်ဆေးရေးအရာရှိ တရားလို ဦးရဲထက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က မေးမြန်းခဲ့ပေမယ့် မပြီးပြတ်ခဲ့ပါဘူး။

အမှု ၂ မှုအတွက် စစ်ကောင်စီဘက်က တင်ပြထားတဲ့ တရားလိုသက်သေစာရင်း မှာ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်လည်းပါဝင်ပြီး သူကိုယ်တိုင် လာရောက်ထွက်ဆို နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ သက်သေ ၁၀ ဦးထက်မနည်း စစ်မေးဖို့ရှိပါတယ်။

ဒီ အမှုအပြင် စစ်ကောင်စီဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိအမှုနဲ့ စွဲဆိုထားတာ ရှိပါသေးတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုဥပဒေနဲ့ ဆက်လက် တရားစွဲဆိုဖို့ သင့်မသင့်ကို ၂ ဘက်ရှေ့နေတွေက ဒီကနေ့မှာပဲ အပြီးသတ် လျှောက်လဲချက် တင်သွင်းခဲ့ကြပါတယ်။

ဒီ အမှုတွေကို လာမယ့် မေလ ၂၄ ရက်နေ့ အင်္ဂါနေ့မှာ ဆက်လက် စစ်ဆေးကြားနာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး အမှု၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။
===============

XS
SM
MD
LG