သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀န္းသိုနယ္တ၀ိုက္ ေရႊရွာမယ့္ PanAust အေၾကာင္း လႊတ္ေတာ္ သယံဇာတ ေကာ္မတီ ဥကၠဌနဲ႔ ေမးျမန္းခန္း


မွတ္တမ္းဓာတ္ပံု - ၀ ေဒသက သံသတၱဳတူးေဖာ္ေရး လုပ္ငန္းခြင္ (၂၀၁၆- ရိုက္တာ)

ေသာတရွင္မ်ားရွင္ အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပေပးပါမယ္။ က်မ သိဂၤ ီထုိက္ပါ။

၀န္သိုနယ္တ၀ိုက္ ေျမဧက ၁ သိန္း ၈ေသာင္းေက်ာ္မွာ ေရႊနဲ႔ သတၱဳ စူးစမ္းရွာေဖြေရး အတြက္ ၾသစေတးလ် PanAust ကုမၸဏီ လုပ္ပိုင္ခြင့္ရခဲ႔ပါတယ္။ ဘယ္လို ပံုစံမ်ိဳး လုပ္ပိုင္ခြင့္ရထားပါသလဲ ဆိုတာကို ျပည္သူ႔လႊတ္ေတာ္ သယံဇာတနဲ႔ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီ ဥကၠဌ ကြမ္းျခံကုန္း လႊတ္ေတာ္အမတ္ ဦးစိုးသူရထြန္းကို ေမးျမန္းထားပါတယ္။ ဘူမိေဗဒ ပညာရွင္ တဦးလည္း ျဖစ္တဲ႔ လႊတ္ေတာ္ အမတ္ ဦးစိုးသူရထြန္းကေတာ့ အခု PanAust လိုမ်ိဳး အႀကီးစား မိုင္းရွာေဖြ လုပ္ငန္းေတြ ပိုၿပီး ခြင့္ျပဳမယ့္ မူ၀ါဒ အေျပာင္းအလဲျဖစ္တယ္လို႔ ေျဖၾကားပါတယ္။

ဦးစိုးသူရထြန္း။ ။ က်ေနာ္တို႔ရဲ႕ မူ၀ါဒ အရေတာ့ လုပ္ငန္း အေသးေလးေတြေပါ့ အမ်ားႀကီး ျဖစ္ျခင္းဟာ သဘာ၀ ပတ္၀န္းက်င္ကိုလည္း ပိုထိခိုက္တယ္။ ေရရွည္ ဖြံ႔ၿဖိဳးတိုးတက္တဲ႔ သတၱဳ ထုတ္လုပ္မႈနဲ႔လည္း မကိုက္ညီတဲ႔ အတြက္ေၾကာင့္ က်ေနာ္တို႔ လုပ္ငန္း အႀကီးကို ပို ဦးစားေပးပါတယ္။ အဲလို ေပးတဲ႔ အခါမွာ တဆက္တည္း ပါလာတာကေတာ့ ေဒသခံ ျပည္သူေတြနဲ႔ သက္ဆိုင္ရာ တိုင္းေဒသႀကီးေတြ အတြက္ကိုလည္း နည္းအမ်ိဳးမ်ိဳးနဲ႔ သူတို႔ကိုလည္း လံုေလာက္တဲ႔ အေထာက္အပံ႔ေတြ ေပးဖို႔ေတြတို႔ အခြန္အေကာက္ေတြတို႔ ၀ိုင္းၿပီးေတာ့ စဥ္းစားေပးၾကပါတယ္။ အခုဟာကေတာ့ က်ေနာ္တို႔ ၿပီးခဲ႔တဲ႔ ႏွစ္ေတြတြင္းမွာ လုပ္ကြက္ ဘယ္ႏွခုကို ဘယ္အခ်ိန္မွာ ေပးမလဲ ဆိုတာေတြ အထိ က်ေနာ္တို႔ဘက္ကေန ေကာ္မတီဘက္ကေန ေျပာတဲ႔ အတြက္ေၾကာင့္ ၀န္ႀကီး ဌာနဘက္က တခုၿပီး တခု ႀကိဳးစားၿပီး လုပ္ခဲ႔တာမွာ အခု ဒါက စတင္ၿပီးေတာ့ ဒီကုမၸဏီကို စမ္းသပ္ရွာေဖြခြင့္ ေပးတဲ႔ သေဘာပါဘဲ ခင္ဗ်။

သိဂၤ ီထိုက္။ ။ ဒီလုပ္ပိုင္ခြင့္ ေပးတဲ႔ အေပၚမွာ ပြင့္လင္းျမင္သာမႈနဲ႔ ပတ္သက္ၿပီးေတာ့ေရာ အစိုးရဘက္က တရား၀င္ ထုတ္ေျပာတာမ်ိဳး၊ အသိေပးတာမ်ိဳး ဆရာတို႔ သိထားပါသလား။

ဦးစိုးသူရထြန္း။ ။ အခုဟာက တိုင္းေဒသႀကီး ျပည္နယ္ အစိုးရကလည္း သိၿပီးသားလည္း ျဖစ္တယ္။ ေနာက္တခါ က်ေနာ္တို႔ေတြလည္း သိေနတယ္။ တခါ အမ်ိဳးသား လႊတ္ေတာ္က က်ေနာ္တို႔နဲ႔ အလားတူ ေကာ္မတီလည္း ဒီကိစၥေတြကို ေသေသခ်ာခ်ာ သိပါတယ္။ ဆိုလိုတာက ဒီအဆင့္မွာ ျပည္သူလူထုကို တိုက္ရိုက္ မေျပာေသးတဲ႔ အေၾကာင္းကေတာ့ တခုရွိပါတယ္။ စမ္းသပ္ ရွာေဖြတယ္ဆိုတာက ပြင့္ပြင့္လင္းလင္း ေျပာရရင္ ပထမဆံုး ဆိုရင္ ဘူမိေဗဒ ေျမပံု ဆြဲရပါတယ္။ ဆြဲတယ္ဆိုရင္ က်ေနာ္တို႔ Geologic နည္း အရ တူကေလးနဲ႔ ေက်ာက္ကေလးေတြကို ထုၿပီးေတာ့ နမူနာ ေကာက္တယ္ေပါ့။
ေနာက္တခါ ေခ်ာင္းေတြ ေျမာင္းေတြရဲ႕ သဲေတြ ႏုန္းေတြ အေနအထားေတြ ၾကည့္ၿပီး သူတို႔ ေျမနမူနာ ေကာက္တာေတြ ရွိပါတယ္။ အဲလို ေကာက္ၿပီးေတာ့မွ ဓာတ္ခြဲခန္းထဲမွာ စမ္းၿပီးေတာ့မွ အဲေလာက္က်ယ္တဲ႔ ဧရိယာ ႀကီးကေန က်ဥ္းယူလိုက္ပါတယ္။ အၾကမ္းဖ်ဥ္း ေျပာရင္ အခု ၁ သိန္းေက်ာ္ ဆိုရင္ ေနာက္ႏွစ္မွာ အဲဒီ ၁ သိန္းေလာက္က ျပဳတ္သြားၿပီး ေနာက္က အစြန္းထြက္ဘဲ က်န္ေတာ့မယ့္ သေဘာပါ။ ေလွ်ာ့ ေလွ်ာ့ၿပီးေတာ့ သြားပါတယ္။ အဲဒီ အဆင့္မွာ သဘာ၀ ပတ္၀န္းက်င္ကိုေရာ လူမႈ ပတ္၀န္းက်င္ကိုေရာ ဘာမွ ထိခိုက္မႈ မရွိေသးတဲ႔ ကာလလည္း ျဖစ္တယ္။ ေဒသရဲ႕ စီးပြားေရးနဲ႔လည္း တိုက္ရိုက္ ဘာမွ ထိခိုက္မႈ မရွိေသးတဲ႔ ကာလ ျဖစ္ေတာ့ ဒီ ရွာေဖြေရး ကာလမွာေတာ့ ဒီ လူေတြကို အမ်ားႀကီး ေျပာေလ႔ မရွိပါဘူး။ သူ႔ရဲ႕ မူရင္း လုပ္ငန္းစဥ္ရဲ႕ ပံုစံက ဒီတိုင္းပါဘဲ ခင္ဗ်။ သူက ဒီဟာႀကီး အားလံုး တခုလံုးကို ထုတ္လုပ္လို႔လည္း မရပါဘူး။ ထုတ္လုပ္ႏုိင္မွာလည္း မဟုတ္ပါဘူး ခင္ဗ်။

သိဂၤ ီထိုက္။ ။ အခု ဒီကုမၸဏီက စၿပီးေတာ့ ရွာေဖြၿပီ ဆိုေတာ့ တကယ္လို႔ ေတြ႔လာရင္ေရာ သူတို႔ကိုဘဲ လုပ္ပိုင္ခြင့္ ေပးရမွာေပါ့ေနာ္ ဆရာ။ ဟုတ္ပါသလားရွင့္။

ဦးစိုးသူရထြန္း။ ။ ဟုတ္ပါတယ္။ သဘာ၀ ကေတာ့ ဒီတိုင္းပါဘဲ။ ဘာေၾကာင့္လဲ ဆိုေတာ႔ ရွာေဖြတဲ႔ အဆင့္ ၿပီးလို႔ ရွိရင္ ျဖစ္ႏုိင္ေျခ ေလ႔လာတဲ႔ အဆင့္ေပါ့ အဲဒီက်ရင္ေတာ့ နည္းနည္းေလး ျမင့္သြားၿပီ။ သူက သူ႔ရဲ႕ သတၱဳ ရွိႏုိင္မယ္ဆိုတဲ႔ Target ေပါ့ ဘယ္ေနရာမွာ ရွိမယ္ဆိုတာကိုလည္း သူတို႔သိလာၿပီ။ ေနရာ က်ဥ္းက်ဥ္းေလးလည္း ျဖစ္သြားၿပီ။ အဲဒီမွာ သူတို႔က ဒီမွာ အစမ္းတြင္းေတြတူးတာေတြတို႔ ဒီထက္ပိုၿပီးေတာ့ ဘူမိရူပနဲ႔ တိုင္းတာတာတို႔ ဒါေတြ ပါလာပါလိမ့္မယ္။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ ဆရာလည္း ဘူမိေဗဒ ပညာရွင္ တေယာက္ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီေဒသဟာ ဘယ္ေလာက္ထိ ရွာေဖြေနတဲ႔ သတၱဳေတြနဲ႔ ပတ္သက္ၿပီး ၾကြယ္၀ ပါသလဲရွင့္။ ဘယ္ေလာက္ အလားအလာ ေကာင္းပါလဲ ဆရာ။

ဦးစိုးသူရထြန္း။ ။ အလားအလာ ကေတာ့ ရွိတာ ေသခ်ာပါတယ္။ ဘာလို႔လည္း ဆုိေတာ့ ၀န္းသိုက က်ေနာ္တို႔ရဲ႕ မီးေတာင္ - ဘူမိေဗဒ သေဘာတရားမွာ ဆိုရင္ အလယ္ မီးေတာင္တန္းလို႔ ေခၚတာေပါ့။ ေတာင္သံုးလံုး ၀န္းသို မံုရြာထိ သြားတဲ႔ ေနရာေပါ့။ ဒါကို က်ေနာ္တို႔ ေၾကးစင္ေတာင္၊ လက္ပံတန္းေတာင္ ထိလည္း သြားပါတယ္။ ဒီ မ်ဥ္းေၾကာင္းႀကီးနဲ႔ ကပ္ၿပီး ရွိေနတဲ႔ ေနရာ ျဖစ္တဲ႔ အခါက်ေတာ့ သယံဇာတ သေဘာကေတာ့ ျဖစ္ႏုိင္ေျခ ကေတာ့ အတန္အသင့္ ရွိပါတယ္။
ဒါေပမယ့္ တခု ရွိတာကေတာ့ လုပ္ငန္းရဲ႕ သေဘာ တရား အရ ေရရွည္ ရင္းႏွီးျမွဳပ္ႏွံတဲ႔ လူကေတာ့ သူ႔ရဲ႕ အက်ိဳးအျမတ္နဲ႔ ကိုက္ မကိုက္ ဆိုလိုတာကေတာ့ ကမၻာ့ေစ်းကြက္ရဲ႕ အေျခအေန ဒါေတြ အားလံုးကို တြက္ဆၿပီးေတာ့မွ ဘယ္ေလာက္ထိ ရင္းႏွီးျမွဳပ္ႏွံမယ္ ဆိုတာကို သူတို႔ တြက္ဆရမွာ ျဖစ္ပါတယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ရွင့္။ ေနာက္ ဒီ သတၱဳ တူးေဖာ္ေရး လုပ္ငန္းေတြနဲ႔ ပတ္သက္လာရင္ ျမန္မာ ျပည္သူ လူထုမွာ စိုးရိမ္ ေၾကာင့္ၾကမႈ ရွိပါတယ္ ဆရာ။ ဆရာတို႔လည္း မ်က္ျမင္ေတြ႔ရွိၿပီး ျဖစ္ပါတယ္။ ဒီ လက္ပံေတာင္းေတာင္ ကိစၥတို႔ ေနာက္ ကခ်င္ျပည္နယ္မွာ မိုင္းတြင္းေတြ ကိစၥတို႔ ဆိုေတာ့ ဒီကုမၸဏီကိုမွ ဘယ္လိုေၾကာင့္ ေရြးပါလဲ။ ဒီကုမၸဏီကေရာ အရင့္ အရင္ သတၱဳ တူးေဖာ္တဲ႔ လုပ္ငန္းေတြနဲ႔ ဘာမ်ား ကြာျခား ေကာင္းမြန္မႈ ရွိပါသလဲ ဆရာ။

ဦးစိုးသူရထြန္း။ ။ က်ေနာ္တို႔ ဒီ အရင္ ျမန္မာ့ ဆိုရွယ္လစ္ လမ္းစဥ္ ပါတီ ေခတ္မွာေရာ ေနာက္ က်ေနာ္တို႔ ၿပီးခဲ႔တဲ႔ တပ္မေတာ္ အစိုးရ ကာလ အေစာပိုင္းေတြမွာေရာ တကယ့္ ႏုိင္ငံတကာ ကုမၸဏီ အႀကီးႀကီးေတြ လာၾကပါတယ္။ အိုင္ဗင္ဟိုတို႔ Newmont တို႔ ဆိုတဲ႔ ကုမၸဏီႀကီးေတြက ရွိတယ္။ အဲလို ကုမၸဏီႀကီးေတြ မွန္သမွ်က ျပည္သူလူထုရဲ႕ ေနထိုင္စားေသာက္ေရး စား၀တ္ေနေရးကို အရမ္းကို ဂရုစိုက္ၾကပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ၊ တျခား အခ်က္အလက္ေတြ အၿမဲတမ္း ပါပါတယ္။
အဲဒီ ေနာက္ပိုင္းမွာမွ ၁၉၉၄ သတၱဳတြင္း ဥပေဒရဲ႕ ေနာက္ပိုင္းမွာမွ တျဖည္းျဖည္းနဲ႔ က်ေနာ္တို႔က လုပ္ငန္းက ဘယ္လိုလဲ ဆိုေတာ့ အထူးသျဖင့္ေတာ့ ေဒသခံ သူေဌးေတြ ရွိတယ္။ ေနာက္တခါ အနီးအနားမွာ ရွိတဲ႔ တရုတ္ ယူနန္ေလာက္က တရုတ္ ကုမၸဏီေတြ ဒီလူေတြ ၀င္လာတဲ႔ အခါက်ေတာ့ သူတို႔ေတြက ခုန ေျပာတဲ႔ အေရးႀကီးတဲ႔ အစိတ္အပိုင္းေတြ အထူးသျဖင့္ ျပည္သူလူထု အေပၚမွာ ဂရုမစိုက္ခဲ႔ၾကတာေတြ အမ်ားႀကီး ရွိပါတယ္။
အခု ဒီ PanAust ဆိုရင္ သူက ၾသစေတးလ် လို႔ ေျပာေပမယ့္ က်ေနာ္တို႔ သိသေလာက္ေတာ့ တရုတ္ႏုိင္ငံကေနမွ အေျခခံခဲ႔တဲ႔ သူေဌးေတြ ပိုင္တဲ႔ ကုမၸဏီဘဲ။ ဒါေပမယ့္ သူ႔ရဲ႕ လုပ္ငန္းေတြက က်ေနာ္တို႔ နားမွာ ဆိုရင္ အိမ္နီးခ်င္း လာအိုမွာလည္း ရွိတယ္၊ ေနာက္ ေတာင္အာဖရိက ၊ ေတာင္ အေမရိကနဲ႔ တျခား ကမၻာ့ေနရာေတြမွာလည္း ရွိၿပီးေတာ့ လုပ္ငန္းေတြက ထိုက္တန္တဲ႔ ျပည္သူ အေပၚမွာ ၾကည့္တဲ႔ သူေတြ၊ ေနာက္တခါ အခြန္ အေကာက္ကို မွန္မွန္ကန္ကန္ ေပးတဲ႔ သူေတြ၊ တိုင္းေဒသႀကီး သက္ဆုိင္ရာ နယ္ေျမေရာ အစိုးရေရာ ေပးတဲ႔သူေတြလို႔ ယံုၾကည္တဲ႔ အတြက္ က်ေနာ္တို႔က ေပးတာပါ။ မဟုတ္ရင္ေတာ့ က်ေနာ္တို႔က ေစာေစာစီးစီး ကတည္းက ျငင္းလိုက္မွာပါ။

သိဂၤ ီထိုက္။ ။ အခု ၾသစေတးလ်က ကုမၸဏီ ဆုိေပမယ့္ တရုတ္ ကုမၸဏီ ျဖစ္ေနပါတယ္။ ဆိုေတာ့ ဒီ ျမန္မာႏုိင္ငံရဲ႕ သတၱဳ တူးေဖာ္ေရး သယံဇာတ တူးေဖာ္ေရးလုပ္ငန္းမွာ စိတ္၀င္စားတာမွာ တျခား ႏုိင္ငံေတြက ေရာမ်ား မရွိေတာ့ဘူးလားရွင့္ ဆရာ။

ဦးစိုးသူရထြန္း။ ။ ရွိတယ္။ ရွိတယ္။ အခုလည္း ၾသစေတးလ် ကုမၸဏီေတြနဲ႔လည္း ဆက္ၿပီး ညွိႏိႈင္းေနတာ ရွိတယ္။ ေပးထားၿပီးသားလည္း ရွိပါတယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ပါရွင့္။ ဆရာ ဦးစိုးသူရထြန္း အထူးဘဲ ေက်းဇူးတင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

၀န်းသိုနယ်တဝိုက် ရွှေရှာမယ့် PanAust အကြောင်း လွှတ်တော် သယံဇာတ ကော်မတီ ဥက္ကဌနဲ့ မေးမြန်းခန်း


သောတရှင်များရှင် အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပေးပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။ ဝန်သိုနယ်တဝိုက် မြေဧက ၁ သိန်း ၈သောင်းကျော်မှာ ရွှေနဲ့ သတ္တု စူးစမ်းရှာဖွေရေး အတွက် သြစတေးလျ PanAust ကုမ္ပဏီ လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။ ဘယ်လို ပုံစံမျိုး လုပ်ပိုင်ခွင့်ရထားပါသလဲ ဆိုတာကို ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ကွမ်းခြံကုန်း လွှတ်တော်အမတ် ဦးစိုးသူရထွန်းကို မေးမြန်းထားပါတယ်။ ဘူမိဗေဒ ပညာရှင် တဦးလည်း ဖြစ်တဲ့ လွှတ်တော် အမတ် ဦးစိုးသူရထွန်းကတော့ အခု PanAust လိုမျိုး အကြီးစား မိုင်းရှာဖွေ လုပ်ငန်းတွေ ပိုပြီး ခွင့်ပြုမယ့် မူဝါဒ အပြောင်းအလဲဖြစ်တယ်လို့ ဖြေကြားပါတယ်။

ဦးစိုးသူရထွန်း။ ။ ကျနော်တို့ရဲ့ မူဝါဒ အရတော့ လုပ်ငန်း အသေးလေးတွေပေါ့ အများကြီး ဖြစ်ခြင်းဟာ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ပိုထိခိုက်တယ်။ ရေရှည် ဖွံ့ဖြိုးတိုးတက်တဲ့ သတ္တု ထုတ်လုပ်မှုနဲ့လည်း မကိုက်ညီတဲ့ အတွက်ကြောင့် ကျနော်တို့ လုပ်ငန်း အကြီးကို ပို ဦးစားပေးပါတယ်။ အဲလို ပေးတဲ့ အခါမှာ တဆက်တည်း ပါလာတာကတော့ ဒေသခံ ပြည်သူတွေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးတွေ အတွက်ကိုလည်း နည်းအမျိုးမျိုးနဲ့ သူတို့ကိုလည်း လုံလောက်တဲ့ အထောက်အပံ့တွေ ပေးဖို့တွေတို့ အခွန်အကောက်တွေတို့ ဝိုင်းပြီးတော့ စဉ်းစားပေးကြပါတယ်။ အခုဟာကတော့ ကျနော်တို့ ပြီးခဲ့တဲ့ နှစ်တွေတွင်းမှာ လုပ်ကွက် ဘယ်နှခုကို ဘယ်အချိန်မှာ ပေးမလဲ ဆိုတာတွေ အထိ ကျနော်တို့ဘက်ကနေ ကော်မတီဘက်ကနေ ပြောတဲ့ အတွက်ကြောင့် ဝန်ကြီး ဌာနဘက်က တခုပြီး တခု ကြိုးစားပြီး လုပ်ခဲ့တာမှာ အခု ဒါက စတင်ပြီးတော့ ဒီကုမ္ပဏီကို စမ်းသပ်ရှာဖွေခွင့် ပေးတဲ့ သဘောပါဘဲ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဒီလုပ်ပိုင်ခွင့် ပေးတဲ့ အပေါ်မှာ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီးတော့ရော အစိုးရဘက်က တရားဝင် ထုတ်ပြောတာမျိုး၊ အသိပေးတာမျိုး ဆရာတို့ သိထားပါသလား။

ဦးစိုးသူရထွန်း။ ။ အခုဟာက တိုင်းဒေသကြီး ပြည်နယ် အစိုးရကလည်း သိပြီးသားလည်း ဖြစ်တယ်။ နောက်တခါ ကျနော်တို့တွေလည်း သိနေတယ်။ တခါ အမျိုးသား လွှတ်တော်က ကျနော်တို့နဲ့ အလားတူ ကော်မတီလည်း ဒီကိစ္စတွေကို သေသေချာချာ သိပါတယ်။ ဆိုလိုတာက ဒီအဆင့်မှာ ပြည်သူလူထုကို တိုက်ရိုက် မပြောသေးတဲ့ အကြောင်းကတော့ တခုရှိပါတယ်။ စမ်းသပ် ရှာဖွေတယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင် ပထမဆုံး ဆိုရင် ဘူမိဗေဒ မြေပုံ ဆွဲရပါတယ်။ ဆွဲတယ်ဆိုရင် ကျနော်တို့ Geologic နည်း အရ တူကလေးနဲ့ ကျောက်ကလေးတွေကို ထုပြီးတော့ နမူနာ ကောက်တယ်ပေါ့။
နောက်တခါ ချောင်းတွေ မြောင်းတွေရဲ့ သဲတွေ နုန်းတွေ အနေအထားတွေ ကြည့်ပြီး သူတို့ မြေနမူနာ ကောက်တာတွေ ရှိပါတယ်။ အဲလို ကောက်ပြီးတော့မှ ဓာတ်ခွဲခန်းထဲမှာ စမ်းပြီးတော့မှ အဲလောက်ကျယ်တဲ့ ဧရိယာ ကြီးကနေ ကျဉ်းယူလိုက်ပါတယ်။ အကြမ်းဖျဉ်း ပြောရင် အခု ၁ သိန်းကျော် ဆိုရင် နောက်နှစ်မှာ အဲဒီ ၁ သိန်းလောက်က ပြုတ်သွားပြီး နောက်က အစွန်းထွက်ဘဲ ကျန်တော့မယ့် သဘောပါ။ လျှော့ လျှော့ပြီးတော့ သွားပါတယ်။ အဲဒီ အဆင့်မှာ သဘာ၀ ပတ်ဝန်းကျင်ကိုရော လူမှု ပတ်ဝန်းကျင်ကိုရော ဘာမှ ထိခိုက်မှု မရှိသေးတဲ့ ကာလလည်း ဖြစ်တယ်။ ဒေသရဲ့ စီးပွားရေးနဲ့လည်း တိုက်ရိုက် ဘာမှ ထိခိုက်မှု မရှိသေးတဲ့ ကာလ ဖြစ်တော့ ဒီ ရှာဖွေရေး ကာလမှာတော့ ဒီ လူတွေကို အများကြီး ပြောလေ့ မရှိပါဘူး။ သူ့ရဲ့ မူရင်း လုပ်ငန်းစဉ်ရဲ့ ပုံစံက ဒီတိုင်းပါဘဲ ခင်ဗျ။ သူက ဒီဟာကြီး အားလုံး တခုလုံးကို ထုတ်လုပ်လို့လည်း မရပါဘူး။ ထုတ်လုပ်နိုင်မှာလည်း မဟုတ်ပါဘူး ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အခု ဒီကုမ္ပဏီက စပြီးတော့ ရှာဖွေပြီ ဆိုတော့ တကယ်လို့ တွေ့လာရင်ရော သူတို့ကိုဘဲ လုပ်ပိုင်ခွင့် ပေးရမှာပေါ့နော် ဆရာ။ ဟုတ်ပါသလားရှင့်။

ဦးစိုးသူရထွန်း။ ။ ဟုတ်ပါတယ်။ သဘာ၀ ကတော့ ဒီတိုင်းပါဘဲ။ ဘာကြောင့်လဲ ဆိုတော့ ရှာဖွေတဲ့ အဆင့် ပြီးလို့ ရှိရင် ဖြစ်နိုင်ခြေ လေ့လာတဲ့ အဆင့်ပေါ့ အဲဒီကျရင်တော့ နည်းနည်းလေး မြင့်သွားပြီ။ သူက သူ့ရဲ့ သတ္တု ရှိနိုင်မယ်ဆိုတဲ့ Target ပေါ့ ဘယ်နေရာမှာ ရှိမယ်ဆိုတာကိုလည်း သူတို့သိလာပြီ။ နေရာ ကျဉ်းကျဉ်းလေးလည်း ဖြစ်သွားပြီ။ အဲဒီမှာ သူတို့က ဒီမှာ အစမ်းတွင်းတွေတူးတာတွေတို့ ဒီထက်ပိုပြီးတော့ ဘူမိရူပနဲ့ တိုင်းတာတာတို့ ဒါတွေ ပါလာပါလိမ့်မယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဆရာလည်း ဘူမိဗေဒ ပညာရှင် တယောက် ဖြစ်ပါတယ်။ ဆိုတော့ ဒီဒေသဟာ ဘယ်လောက်ထိ ရှာဖွေနေတဲ့ သတ္တုတွေနဲ့ ပတ်သက်ပြီး ကြွယ်၀ ပါသလဲရှင့်။ ဘယ်လောက် အလားအလာ ကောင်းပါလဲ ဆရာ။

ဦးစိုးသူရထွန်း။ ။ အလားအလာ ကတော့ ရှိတာ သေချာပါတယ်။ ဘာလို့လည်း ဆိုတော့ ဝန်းသိုက ကျနော်တို့ရဲ့ မီးတောင် - ဘူမိဗေဒ သဘောတရားမှာ ဆိုရင် အလယ် မီးတောင်တန်းလို့ ခေါ်တာပေါ့။ တောင်သုံးလုံး ဝန်းသို မုံရွာထိ သွားတဲ့ နေရာပေါ့။ ဒါကို ကျနော်တို့ ကြေးစင်တောင်၊ လက်ပံတန်းတောင် ထိလည်း သွားပါတယ်။ ဒီ မျဉ်းကြောင်းကြီးနဲ့ ကပ်ပြီး ရှိနေတဲ့ နေရာ ဖြစ်တဲ့ အခါကျတော့ သယံဇာတ သဘောကတော့ ဖြစ်နိုင်ခြေ ကတော့ အတန်အသင့် ရှိပါတယ်။
ဒါပေမယ့် တခု ရှိတာကတော့ လုပ်ငန်းရဲ့ သဘော တရား အရ ရေရှည် ရင်းနှီးမြှုပ်နှံတဲ့ လူကတော့ သူ့ရဲ့ အကျိုးအမြတ်နဲ့ ကိုက် မကိုက် ဆိုလိုတာကတော့ ကမ္ဘာ့ဈေးကွက်ရဲ့ အခြေအနေ ဒါတွေ အားလုံးကို တွက်ဆပြီးတော့မှ ဘယ်လောက်ထိ ရင်းနှီးမြှုပ်နှံမယ် ဆိုတာကို သူတို့ တွက်ဆရမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ နောက် ဒီ သတ္တု တူးဖော်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လာရင် မြန်မာ ပြည်သူ လူထုမှာ စိုးရိမ် ကြောင့်ကြမှု ရှိပါတယ် ဆရာ။ ဆရာတို့လည်း မျက်မြင်တွေ့ရှိပြီး ဖြစ်ပါတယ်။ ဒီ လက်ပံတောင်းတောင် ကိစ္စတို့ နောက် ကချင်ပြည်နယ်မှာ မိုင်းတွင်းတွေ ကိစ္စတို့ ဆိုတော့ ဒီကုမ္ပဏီကိုမှ ဘယ်လိုကြောင့် ရွေးပါလဲ။ ဒီကုမ္ပဏီကရော အရင့် အရင် သတ္တု တူးဖော်တဲ့ လုပ်ငန်းတွေနဲ့ ဘာများ ကွာခြား ကောင်းမွန်မှု ရှိပါသလဲ ဆရာ။

ဦးစိုးသူရထွန်း။ ။ ကျနော်တို့ ဒီ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်မှာရော နောက် ကျနော်တို့ ပြီးခဲ့တဲ့ တပ်မတော် အစိုးရ ကာလ အစောပိုင်းတွေမှာရော တကယ့် နိုင်ငံတကာ ကုမ္ပဏီ အကြီးကြီးတွေ လာကြပါတယ်။ အိုင်ဗင်ဟိုတို့ Newmont တို့ ဆိုတဲ့ ကုမ္ပဏီကြီးတွေက ရှိတယ်။ အဲလို ကုမ္ပဏီကြီးတွေ မှန်သမျှက ပြည်သူလူထုရဲ့ နေထိုင်စားသောက်ရေး စားဝတ်နေရေးကို အရမ်းကို ဂရုစိုက်ကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ တခြား အချက်အလက်တွေ အမြဲတမ်း ပါပါတယ်။
အဲဒီ နောက်ပိုင်းမှာမှ ၁၉၉၄ သတ္တုတွင်း ဥပဒေရဲ့ နောက်ပိုင်းမှာမှ တဖြည်းဖြည်းနဲ့ ကျနော်တို့က လုပ်ငန်းက ဘယ်လိုလဲ ဆိုတော့ အထူးသဖြင့်တော့ ဒေသခံ သူဌေးတွေ ရှိတယ်။ နောက်တခါ အနီးအနားမှာ ရှိတဲ့ တရုတ် ယူနန်လောက်က တရုတ် ကုမ္ပဏီတွေ ဒီလူတွေ ဝင်လာတဲ့ အခါကျတော့ သူတို့တွေက ခုန ပြောတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အထူးသဖြင့် ပြည်သူလူထု အပေါ်မှာ ဂရုမစိုက်ခဲ့ကြတာတွေ အများကြီး ရှိပါတယ်။
အခု ဒီ PanAust ဆိုရင် သူက သြစတေးလျ လို့ ပြောပေမယ့် ကျနော်တို့ သိသလောက်တော့ တရုတ်နိုင်ငံကနေမှ အခြေခံခဲ့တဲ့ သူဌေးတွေ ပိုင်တဲ့ ကုမ္ပဏီဘဲ။ ဒါပေမယ့် သူ့ရဲ့ လုပ်ငန်းတွေက ကျနော်တို့ နားမှာ ဆိုရင် အိမ်နီးချင်း လာအိုမှာလည်း ရှိတယ်၊ နောက် တောင်အာဖရိက ၊ တောင် အမေရိကနဲ့ တခြား ကမ္ဘာ့နေရာတွေမှာလည်း ရှိပြီးတော့ လုပ်ငန်းတွေက ထိုက်တန်တဲ့ ပြည်သူ အပေါ်မှာ ကြည့်တဲ့ သူတွေ၊ နောက်တခါ အခွန် အကောက်ကို မှန်မှန်ကန်ကန် ပေးတဲ့ သူတွေ၊ တိုင်းဒေသကြီး သက်ဆိုင်ရာ နယ်မြေရော အစိုးရရော ပေးတဲ့သူတွေလို့ ယုံကြည်တဲ့ အတွက် ကျနော်တို့က ပေးတာပါ။ မဟုတ်ရင်တော့ ကျနော်တို့က စောစောစီးစီး ကတည်းက ငြင်းလိုက်မှာပါ။

သိင်္ဂ ီထိုက်။ ။ အခု သြစတေးလျက ကုမ္ပဏီ ဆိုပေမယ့် တရုတ် ကုမ္ပဏီ ဖြစ်နေပါတယ်။ ဆိုတော့ ဒီ မြန်မာနိုင်ငံရဲ့ သတ္တု တူးဖော်ရေး သယံဇာတ တူးဖော်ရေးလုပ်ငန်းမှာ စိတ်ဝင်စားတာမှာ တခြား နိုင်ငံတွေက ရောများ မရှိတော့ဘူးလားရှင့် ဆရာ။

ဦးစိုးသူရထွန်း။ ။ ရှိတယ်။ ရှိတယ်။ အခုလည်း သြစတေးလျ ကုမ္ပဏီတွေနဲ့လည်း ဆက်ပြီး ညှိနှိုင်းနေတာ ရှိတယ်။ ပေးထားပြီးသားလည်း ရှိပါတယ်။
သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ပါရှင့်။ ဆရာ ဦးစိုးသူရထွန်း အထူးဘဲ ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG