သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ကုိ ေျမရွားသတၱဳတင္ပုိ႔မႈ ျမန္မာဆုိင္းငံ့


တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံနယ္စပ္ဂိတ္တခုျမင္ကြင္း။ ဇန္္န၀ါရီ ၁၂၊ ၂၀၀၉။

(Zawgyi/Unicode)

တရုတ္ကို ေျမရွားသတၱဳ တင္ပို႔မႈကို ျမန္မာဘက္က ဆိုင္းငံ႔လိုက္တယ္လို႔ တရုတ္ သတၱဳေစ်းကြက္ သတင္းအခ်က္အလက္ေတြကို ေဖာ္ျပတဲ႔ SMM သတင္းဆိုက္က ေဖာ္ျပပါတယ္။

ျမန္မာႏုိင္ငံထဲမွာ တရုတ္ဘက္က တရားမ၀င္ သတၱဳတူးေဖာ္မူေတြေၾကာင့္ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးမႈနဲ႔ ပဋိပကၡေတြ ျဖစ္ေစတယ္လို႔ ျမန္မာဘက္က ရႈျမင္ၿပီး နယ္စပ္ကို ပိတ္လိုက္တာလို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။

ျမန္မာႏုိင္ငံတြင္းက သတၱဳတူးေဖာ္ေရး လုပ္ငန္းေတြကို စာခ်ဳပ္ခ်ဳပ္ၿပီးခ်ိန္ထိ နယ္စပ္ကို ဆက္ၿပီး ပိတ္ထားမွာ ျဖစ္တာေၾကာင့္ ေျမရွားသတၱဳ ထုတ္လုပ္ေရး လုပ္ငန္းေတြ အတြက္ ကုန္ၾကမ္း ျပတ္လပ္မယ့္ အေရးအေပၚ စိုးရိမ္ေနၾကပါတယ္။ ဒါေၾကာင့္လည္း ႏွစ္သစ္မွာ ေျမရွား သတၱဳ ထုတ္ကုန္ေတြ ေစ်းတက္ဖို႔ ရွိေၾကာင္းလည္း ခန္႔မွန္းထားပါတယ္။

တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္ရဲ႕ ထိန္ခ်ဳန္း နယ္စပ္ဂိတ္ကို တရုတ္ဘက္က စက္တင္ဘာလ ေႏွာင္းပိုင္းက ျပန္ဖြင့္လိုက္ၿပီးေနာက္ ျမန္မာဘက္က အခုလို ေဆာင္ရြက္လာတာပါ။ ဒီ ျမန္မာနဲ႔ တရုတ္ နယ္စပ္ဂိတ္ ထိန္ခ်ဳန္းက ျမန္မာဘက္က ေျမရွား သတၱဳ အဓိက တင္သြင္းရာ ေနရာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

တရုတ်ကို မြေရှားသတ္တုတင်ပို့မှု မြန်မာဆိုင်းငံ့

(Unicode)

တရုတ်ကို မြေရှားသတ္တု တင်ပို့မှုကို မြန်မာဘက်က ဆိုင်းငံ့လိုက်တယ်လို့ တရုတ် သတ္တုဈေးကွက် သတင်းအချက်အလက်တွေကို ဖော်ပြတဲ့ SMM သတင်းဆိုက်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်ဘက်က တရားမဝင် သတ္တုတူးဖော်မူတွေကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပဋိပက္ခတွေ ဖြစ်စေတယ်လို့ မြန်မာဘက်က ရှုမြင်ပြီး နယ်စပ်ကို ပိတ်လိုက်တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းက သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို စာချုပ်ချုပ်ပြီးချိန်ထိ နယ်စပ်ကို ဆက်ပြီး ပိတ်ထားမှာ ဖြစ်တာကြောင့် မြေရှားသတ္တု ထုတ်လုပ်ရေး လုပ်ငန်းတွေ အတွက် ကုန်ကြမ်း ပြတ်လပ်မယ့် အရေးအပေါ် စိုးရိမ်နေကြပါတယ်။ ဒါကြောင့်လည်း နှစ်သစ်မှာ မြေရှား သတ္တု ထုတ်ကုန်တွေ ဈေးတက်ဖို့ ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ထိန်ချုန်း နယ်စပ်ဂိတ်ကို တရုတ်ဘက်က စက်တင်ဘာလ နှောင်းပိုင်းက ပြန်ဖွင့်လိုက်ပြီးနောက် မြန်မာဘက်က အခုလို ဆောင်ရွက်လာတာပါ။ ဒီ မြန်မာနဲ့ တရုတ် နယ်စပ်ဂိတ် ထိန်ချုန်းက မြန်မာဘက်က မြေရှား သတ္တု အဓိက တင်သွင်းရာ နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG