[[Zawgyi/Unicode]]
ဆီးရီးယားႏိုင္ငံအေနာက္ေျမာက္ပိုင္းက အစိုးရဆန႔္က်င္ေရးလက္နက္ကိုင္ေတြ ထိန္းခ်ဳပ္ထားတဲ့ေဒသမွာရွိတဲ့ နယ္စပ္ဂိတ္ကို ဆီးရီးယားအစိုးရက ျပန္ဖြင့္ေပးလိုက္တဲ့အတြက္ ကုလသမဂၢအကူအညီေပးေရး ေမာ္ေတာ္ယာဥ္တန္းဟာ အဂၤါေန႔မွာ အဲဒီေဒသကိုသြားေရာက္ႏိုင္ၿပီျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္က လူေပါင္း ၄ ေသာင္းေလာက္ ေသဆုံးခဲ့ရတဲ့တူရကီနဲ႔ ဆီးရီးယားနယ္စပ္ေဒသတြင္း ငလ်င္ဒဏ္ကို ဆီးရီးယားႏိုင္ငံဘက္က အစိုးရဆန႔္က်င္ေရး လက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္ထားတဲ့ေဒသမွာလည္း ခံစားခဲ့ရတာ ျဖစ္ၿပီး ေသေၾကပ်က္စီးမႈေတြရွိေပမယ့္ အကူအညီေတြေကာင္းေကာင္းမရဘဲ ျဖစ္ေနတာပါ။
အခု ဆီးရီးယားအစိုးရက Bab al-Salama နယ္စပ္ဂိတ္ကေန ကုလသမဂၢရဲ႕အကူအညီေပးေရး ယာဥ္တန္းျဖတ္သန္းခြင့္ျပဳလိုက္ၿပီးတဲ့ေနာက္မွာ ကယ္ဆယ္ေရးပစၥည္းေတြ တင္ေဆာင္ထားတဲ့ကုန္ကား ၁၁ စီးဟာ တူရကီႏိုင္ငံဘက္ကေန ဆီးရီးယားႏိုင္ငံထဲကို ဝင္ေရာက္ႏိုင္ၿပီျဖစ္ပါတယ္။ ဒီယာဥ္ေတြေပၚမွာ လူသားစာနာမႈဆိုင္ရာ မရွိမျဖစ္လိုအပ္တဲ့ အမိုးအကာေတြ ၊ ေမြ႕ယာေတြ၊ ေကာ္ေဇာ္ေတြနဲ႔ ၿခဳံေစာင္ေတြပါ ပါဝင္တယ္လို႔ ကုလသမဂၢ ရဲ႕ႏိုင္ငံတကာ ေျပာင္းေ႐ြ႕အေျခခ်ေရးဆိုင္ရာအဖြဲ႕ IOM ေျပာေရးဆိုခြင့္ရွိသူ Paul Dillon က ေျပာပါတယ္။ ကုလသမဂၢ ကိုယ္စားလွယ္အဖြဲ႕တဖြဲ႕ဟာလည္း တူရကီကေန ဆီးရီးယားက သူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ နယ္ေျမထဲကို ပထမဆုံးအႀကိမ္ သြားေရာက္ႏိုင္ခဲ့ပါတယ္။
ဆီးရီးယားအစိုးရထိန္းခ်ဳပ္ထားတဲ့နယ္ေျမေတြမွာ ႏိုင္ငံတကာက ေလယာဥ္ေတြနဲ႔ အကူအညီေတြလာေရာက္ေပးႏိုင္ၾကေပမယ့္ သူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြအတြက္ေတာ့ အကူအညီေပးေရးမွာ ေႏွးေကြးေနတယ္လို႔ ေဒသတြင္းရွိတက္ႂကြလႈပ္ရွားသူေတြနဲ႔ အေရးေပၚဆိုင္ရာအဖြဲ႕အစည္းေတြက ကုလသမဂၢကို အျပစ္တင္ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။
================
[[Unicode]]
ငလျင်ဒဏ်သင့်ဆီးရီးယား သူပုန်ထိန်းချုပ်နယ် ကုလအကူညီရောက်ပြီ
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ နယ်စပ်ဂိတ်ကို ဆီးရီးယားအစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂအကူအညီပေးရေး မော်တော်ယာဉ်တန်းဟာ အင်္ဂါနေ့မှာ အဲဒီဒေသကိုသွားရောက်နိုင်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လူပေါင်း ၄ သောင်းလောက် သေဆုံးခဲ့ရတဲ့တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသတွင်း ငလျင်ဒဏ်ကို ဆီးရီးယားနိုင်ငံဘက်က အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ဒေသမှာလည်း ခံစားခဲ့ရတာ ဖြစ်ပြီး သေကြေပျက်စီးမှုတွေရှိပေမယ့် အကူအညီတွေကောင်းကောင်းမရဘဲ ဖြစ်နေတာပါ။
အခု ဆီးရီးယားအစိုးရက Bab al-Salama နယ်စပ်ဂိတ်ကနေ ကုလသမဂ္ဂရဲ့အကူအညီပေးရေး ယာဉ်တန်းဖြတ်သန်းခွင့်ပြုလိုက်ပြီးတဲ့နောက်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ကုန်ကား ၁၁ စီးဟာ တူရကီနိုင်ငံဘက်ကနေ ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ ဒီယာဉ်တွေပေါ်မှာ လူသားစာနာမှုဆိုင်ရာ မရှိမဖြစ်လိုအပ်တဲ့ အမိုးအကာတွေ ၊ မွေ့ယာတွေ၊ ကော်ဇော်တွေနဲ့ ခြုံစောင်တွေပါ ပါဝင်တယ်လို့ ကုလသမဂ္ဂ ရဲ့နိုင်ငံတကာ ပြောင်းရွေ့အခြေချရေးဆိုင်ရာအဖွဲ့ IOM ပြောရေးဆိုခွင့်ရှိသူ Paul Dillon က ပြောပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာလည်း တူရကီကနေ ဆီးရီးယားက သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ပထမဆုံးအကြိမ် သွားရောက်နိုင်ခဲ့ပါတယ်။
ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နိုင်ငံတကာက လေယာဉ်တွေနဲ့ အကူအညီတွေလာရောက်ပေးနိုင်ကြပေမယ့် သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွက်တော့ အကူအညီပေးရေးမှာ နှေးကွေးနေတယ်လို့ ဒေသတွင်းရှိတက်ကြွလှုပ်ရှားသူတွေနဲ့ အရေးပေါ်ဆိုင်ရာအဖွဲ့အစည်းတွေက ကုလသမဂ္ဂကို အပြစ်တင်ဝေဖန်နေကြတာ ဖြစ်ပါတယ်။