သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာပြည်သွားမည်


ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးကိစ္စ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ဟာ ဒီလအတွင်း မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်း တွေမှာဖော်ပြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံကိုလာဖို့ မြန်မာပြည်ထဲရေးဝန်ကြီးက ဖိတ်ကြားခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး လာမယ်ဆိုတဲ့သတင်း ထွက်လာတာပါ။

ရိုဟင်ဂျာတွေအားလုံးကို မြန်မာနိုင်ငံဘက် အောင်အောင်မြင်မြင် ပြန်ပို့ချင်တယ်လို့ ဝန်ကြီး Khan ကပြောပါတယ်။ ဒုက္ခသည် တွေကို အမြန် ပြန်ပို့နိုင်ရေးကိစ္စဟာ သူ့ခရီးစဉ်အတွင်း အဓိကဆွေးနွေးမယ့်အကြောင်းအရာ ဖြစ်မယ်လို့လဲ ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူဖို့စခန်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွင့်ထားပြီးပြီလို့လဲ ပြည်ထဲ ရေးဝန်ကြီးက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေကြားထဲမှာ အဟာရ မပြည့်ဝတဲ့အခြေအနေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့ အကူအညီပေးအဖွဲ့တွေက တနင်္ဂနွေနေ့မှာပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၉၀% နီးပါးက သူတို့ တနေ့ကို ထမင်းတနပ်ပဲ စားနေရတယ်လို့ ပြောတဲ့အကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဆက်သွယ်ရေးမန်နေဂျာ Sakil Faizullah ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG