သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တားမြစ်ချက်ချိုးဖောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရိုဟင်ဂျာအမျိုးသမီးနဲ့ လက်ထပ်


ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီးများ
ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီးများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ထိမ်းမြားလက်ထပ်တာ မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားတဲ့ကြားမှာပဲ အဲဒီလို လက်ထပ်ပေါင်းသင်းတာတွေ ဆက်ရှိနေပါတယ်။

အခုနောက်ဆုံးဖြစ်ရပ်တခုမှာဆိုရင် အသက် ၂၀ အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Shoaib Hossain က အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး Rafiza နဲ့ အာဏာပိုင်တွေမသိအောင် လွန်ခဲ့တဲ့တလက လက်ထပ်ထားခဲ့တယ်လို့ Jewel ရဲ့ ဇာတိ Singair မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Rafiza နဲ့ သူ့ရဲ့မိဘတွေဟာ Singair မြို့က မွတ်စလင်ဘာသာရေးဆရာ တဦးအိမ်မှာ ခိုလှုံနေကြတာပါ။ သူတို့လက်ထပ်ထား တာကို ရဲကသိသွားပြီးနောက်မှာတော့ Rafiza နဲ့ သူ့မိဘတွေကို Singair မြို့ကနေ ကီလိုမီတာ ၆၅၀ ဝေးတဲ့ Cox’s Bazaar က ဒုက္ခသည်စခန်းကို ပို့လိုက်ပါတယ်။

Jewel ဟာ Rafiza နောက်ကိုလိုက်သွားပြီး ဒုက္ခသည်စခန်းတခုတခု လိုက်ရှာခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ ပြန်တွေ့ပြီး လက်ထပ်လိုက်ကြတယ်လို့ Dhaka Tribune သတင်းဌာနက ရေးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ဖို့အတွက် ဒုက္ခသည်တွေက နိုင်ငံ သားတွေကို လက်ထပ်ယူမှာကို အစိုးရကစိုးရိမ်တာကြောင့် ၂၀၁၄ ခုနှစ်မှာ ဥပဒေထုတ်ပြီး ပိတ်ပင် တားမြစ်ထားတာပါ။

ဒါပေမဲ့လဲ Jewel ရဲ့မိသားစုက သူတို့သားလုပ်တာကို လက်ခံပြီး ဒါဟာ ချစ်ခြင်းမေတ္တာသက်သက်ဖြစ်ပြီး နိုင်ငံသားဖြစ်ဖို့ဆိုတာနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ လက်ထပ်လို့ရရင် ရိုဟင်ဂျာတယောက်ကို ကျနော့်သားလက်ထပ်တာ ဘာများမှားလို့လဲ၊ ဘင်္ဂလားဒေ့ရှ်မှာ လာပြီးခိုလှုံနေတဲ့ မွတ်စလင်တဦးကို သူက လက်ထပ်လိုက်တာပဲ လို့ Jewel ရဲ့ဖခင် Babaul Hossain က AFP သတင်းဌာနကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG