သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာအရေး အခုသီတင်းပတ်အတွင်း ဆွေးနွေးမည်


ဘင်္ဂလားဒေ့ရှ်ထဲကိုဝင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလား လုံခြုံရေးက စိစစ်နေ
ဘင်္ဂလားဒေ့ရှ်ထဲကိုဝင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလား လုံခြုံရေးက စိစစ်နေ

အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ရင်ဆိုင်နေရ တာတွေကို အဓိကဆွေးနွေးဖို့ ဒီသီတင်းပတ်ထဲ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက် အခြေအနေတွေကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေ အလုံးအရင်းနဲ့ ထွက်ပြေး ခိုလှုံလာတဲ့ အခြေအနေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဆိုင်နေရ ချိန်မှာပဲ အခုလို ဆွေးနွေးကြမှာပါ။

အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်မယ့် ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Miller နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန၊ အမေရိကတိုက်ရေးရာ ညွှန်ကြားရေးမှူးချုပ် Abida Islam တို့က ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူကြမှာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marcia Bernicat လဲ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေသတွင်းလုံခြုံရေးဆိုင်ရာ ရင်ဆိုင်နေရတာတွေနဲ့အတူ လူသားချင်းစာနာမှု အကူအညီပိုင်း၊ သဘာ၀ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်ရေး၊ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အကြမ်းဖက် ဝါဒ တန်ပြန်နှိမ်နင်းရေး၊ ရေကြောင်းလုံခြုံရေးနဲ့ ပိုင်နက်နယ်မြေ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အာရုံစိုက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဒါကာမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ကူညီရေး လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၃၂ သန်းဖိုး ပေးဖို့ လျာထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မကြာသေးခင်ကပဲ ကြေညာထားတာပါ။ အဲဒီ ဒေါ်လာ ၃၂ သန်းဖိုးထဲမှာ ၂၈ သန်းဖိုးကို ဘင်္ဂလားဒေ့ရှ်ဘက် ပေးမှာဖြစ်ပြီး ၄ သန်းဖိုး ကိုတော့ မြန်မာဘက်ကို ပေးမှာပါ။ ဒီဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ထရမ့်ပ်အစိုးရအဖွဲ့က ပထမဆုံးပေးတဲ့ ဒီအကူအညီထဲမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေ၊ အရေးပေါ် အမိုးအကာနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG