သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ(၇၅)သန်း အကူအညီလိုကြောင်း WFPပြော

WFP အဖွဲ့ရဲ့ ကူညီထောက်ပံ့မှုကို စောင့်ဆိုင်းနေကြသူများ
WFP အဖွဲ့ရဲ့ ကူညီထောက်ပံ့မှုကို စောင့်ဆိုင်းနေကြသူများ

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာမူဆလင်တွေရဲ့ ဒုက္ခကိုဖြေရှင်းပေးနိုင်ဖို့ လာမယ့်(၆)လအတွင်း အရေးပေါ် အကူအညီအတွက် ဒေါ်လာငွေ (၇၅)သန်းလိုအပ်နေကြောင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက် ARSA ရိုဟင်ဂျာအကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှု ခံရပြီးချိန်က စလို့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ မိမိတို့ အိုးအိမ်ကို စွန့်ခွါပြီး အကူအညီရနိုင်မယ့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးဝင်သွားကြတာ ဖြစ်တယ်လို့ WFP ကပြောပါတယ်။

ဘင်္ဂလား-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ WFP ရဲ့ အမှုဆောင် ဒါရိုက်တာ David Beasley က သတင်းထောက်တွေကို ပြောရာမှာ - ဒေါ်လာဘီလျံနဲ့ ရမှ ကမ္ဘာ့ငတ်မွတ်မှု ပြသနာကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ၊ အကယ်၍ အလှူရှင်တွေက ငွေကြေး မထည့်ဝင်နိုင်ဘူးဆိုရင် စစ်ပွဲတွေကို တားမြစ်ပေးဖို့လိုကြောင်း သူကပြောပါတယ်။ တကမ္ဘာလုံးက အငတ်ဘေး တိုက်ဖျက်ရေးမှာ လူသားချင်းစာနာရေး ကုလသမဂ္ဂ အဖွဲ့ အစည်းတွေက အဓိကလုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သူကပြောပါတယ်။ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် အကြပ်အတည်းကို ဖြေရှင်းဖို့ လောလောဆယ်မှာ ကုလသမဂ္ဂအနေနဲ့ ဒေါ်လာသန်း (၂၀၀) လိုအပ်ကြောင်း အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ပန်ကြား ထားပါတယ်။

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ(၇၅)သန်း အကူအညီလိုကြောင်း WFPပြော
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG