သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်စီစဉ်နေ


ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို တက်နပ်ဖ်မြို့မှာ ဘင်္လားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်စောင့်ကြပ်ထားပုံံ။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို တက်နပ်ဖ်မြို့မှာ ဘင်္လားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်စောင့်ကြပ်ထားပုံံ။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄)

ရက္ခိုင့်တပ်တော်ရဲ့တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်ပို့ဖို့ စကားပြောနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒုဇ်မန်း ခန် ကမဲလ် (Asaduzzaman Khan Kamal) က ဗွီအိုအေကို အင်္ဂါနေ့ က ပြောပါတယ်။

“မကြာမီ ပြန်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘယ်တော့ ပြန်ပို့မယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး” လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်တွေ ဟာ စခန်းတွေလက်လွှတ်ပြီး ထွက်ပြေးနေကြရတာပါ။

အရင် တိုက်ပွဲတွေတုန်းကလည်း စစ်ကောင်စီရဲ့တပ်သားတွေနဲ့ ရဲတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာတွေ ရှိပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီ နယ်ခြားစောင့် တပ်သား ၃၀၂ ယောက်နဲ့ မိသားစုတွေပါဝင်တဲ့ စုစုပေါင်း လူပေါင်း ၃၃၀ ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းကလည်း ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ ခုလို သတင်းတွေကို ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG