သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Benetton ကုမ္ပဏီ မြန်မာနိုင်ငံတွင်း အထည်လုပ်ငန်းရပ်ဆိုင်း


ရန်ကုန်မြို့က အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၁၊ ၂၀၁၈)
ရန်ကုန်မြို့က အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၁၊ ၂၀၁၈)

(Zawgyi / Unicode)

အီတလီနိုင်ငံအခြေစိုက် Benetton အားကစားအဝတ်အထည် ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့ အဝတ်အထည်တွေ နောက်ထပ်ချုပ်လုပ်တာကို ရပ်လိုက်ပြီလို့ သောကြာနေ့က ကြေညာပါတယ်။

ဆွီဒင်အခြေစိုက် H&M အဝတ်အထည်ကုမ္ပဏီက တနင်္လာနေ့မှာ အလားတူ ကြေညာခဲ့ပြီးတဲ့နောက် Benetton ကုမ္ပဏီရဲ့ အခုကြေညာချက် ထွက်လာတာပါ။

"မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအပေါ် Benetton ကုမ္ပဏီအနေနဲ့ အထူးပဲ စိုးရိမ်ပါတယ်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"လက်ရှိအခြေအနေအရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အများအပြား ဖြစ်ပေါ်လာပြီး အခွင့်အရေးနဲ့ လွတ်လပ်မှုကို ချိုးဖောက်တာတွေ ရှိလာတဲ့အတွက် မြန်မာနိုင်ငံကနေ အသစ်မှာယူတာတွေကို ဆိုင်းငံ့ထားဖို့ မိမိတို့ ဆုံးဖြတ်လိုက်ပါတယ်" လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Benetton ကုမ္ပဏီဟာ "အားလုံးပါဝင်မှု၊ ပေါင်းစည်းမှုနဲ့ အကြမ်းမဖက်ရေးလို အခြေခံ စံတန်ဖိုးတွေကို အထူးအလေးထားတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်" လို့ အမှုဆောင်အရာရှိချုပ် Massimo Renon က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အခုလို ရပ်ဆိုင်းလိုက်တာဟာ "အားကောင်းပြီး ခိုင်မာတဲ့ သတင်းစကား ပေးပို့ဖို့" ရည်ရွယ်တာ ဖြစ်တယ်လို့လည်း CEO Renon က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေ မရောက်ခင်က နိုင်ငံတကာ နာမည်ကြီး အဝတ်အထည် ကုမ္ပဏီကြီးတွေ အလုံးအရင်းနဲ့ အလုပ်အပ်တာကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း အတော့်ကို တိုးတက်ခဲ့တာပါ။

GAP၊ H&M၊ Primark နဲ့ Adidas လို ကုမ္ပဏီကြီးတွေဟာ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ သူတို့ အဝတ်အထည်တွေကို ချုပ်လုပ်ဖို့ ပြောင်းရွှေ့မှာယူခဲ့ကြသလို အဝတ်အထည်၊ ဖိနပ်နဲ့ လက်ဆွဲအိတ်တွေကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ကြတာကြောင့် အထည်ချုပ်လုပ်ငန်းဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)



ဆှီဒငျအခွစေိုကျ H&M အဝတျအထညျကုမ်ပဏီက တနငျ်လာနေ့မှာ အလားတူ ကွညောခဲ့ပွီးတဲ့နောကျ Benetton ကုမ်ပဏီရဲ့ အခုကွညောခကြျ ထှကျလာတာပါ။







XS
SM
MD
LG