သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၁ FIFA ရဲ႕ အေကာင္းဆုံး ေဘာလုံးသမားဆု ဘိုင္ယန္ျမဴးနစ္ နဲ႔ ပိုလန္တုိက္စစ္မွဴး Robert Lewandowski ရရွိ


(Zawgyi / Unicode)

၂၀၂၁ ခုႏွစ္အတြက္ FIFA ရဲ႕ တႏွစ္တာ အေကာင္းဆုံးေဘာလုံးသမားဆုကိုေတာ့ ဘိုင္ယန္ျမဴးနစ္ နဲ႔ ပိုလန္တုိက္စစ္မွဴး Robert Lewandowski က ရသြားခဲ့ပါတယ္။

Lewandowski ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီအတြင္း ဘိုင္ယန္အတြက္ ၄၃ ဂိုးသြင္းၿပီး တခ်ိန္က ဂ်ာမနီတုိက္စစ္မွဴး ဂတ္မူလာ ၄၉ ႏွစ္ၾကာ တင္ထားတဲ့ စံခ်ိန္ကို ခ်ိဳးႏုိင္ခဲ့တာေၾကာင့္ မက္ဆီ နဲ႔ ဆာလားတုိ႔ကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆုံးေဘာလုံးသမားဆုကို ရသြားခဲ့တာပါ။ ဒါဟာ လယ္ဗန္ေဒါ့စကီးအတြက္ FIFA ရဲ႕ အေကာင္းဆုံးေဘာလုံးသမားဆုကို ၂ ႏွစ္ ဆက္တုိက္ ရရွိတာပါ။

အမ်ိဳးသားဘက္က အေကာင္းဆုံးနည္းျပဆုကိုေတာ့ ခ်ယ္ဆီးနည္းျပ Thomas Tuchel က ရသြားၿပီး ၊ အေကာင္းဆုံးဂိုးသမားဆုကိုလည္း ခ်ယ္ဆီးဂိုးသမား Edouard Mendy က ရသြားခဲ့ပါတယ္။

အမ်ိဳးသမီးဘက္မွာေတာ့ ဘာစီလိုနာ နဲ႔ စပိန္တုိက္စစ္မွဴး Alexia Putellas က အေကာင္းဆုံး ေဘာလုံးသမားဆုကို ရသြားခဲ့ၿပီး၊ အေကာင္းဆုံးနည္းျပဆုကိုေတာ့ ခ်ယ္ဆီးနည္းျပ Emma Hayes နဲ႔ အေကာင္းဆုံးဂိုးသမားဆုကိုေတာ့ ခ်ီလီ နဲ႔ လီယြန္ဂိုးသမား Christian Endler တုိ႔က ရသြားခဲ့ပါတယ္။

FIFA ရဲ႕ Fair Play Award အသန္႔ရွင္းဆုံးဆုကိုေတာ့ ဒိန္းမတ္ ေဘာလုံးအသင္း နဲ႔ ေဆးအဖဲြ႔က ရသြားၿပီး၊ အေကာင္းဆုံး ပရိသတ္ဆုကိုေတာ့ အဲဒီပဲြမွာ ၾကည့္ရႈအားေပးခဲ့တဲ့ ဒိန္းမတ္ နဲ႔ ဖင္လန္ ပရိသတ္ေတြက ရသြားခဲ့ပါတယ္။

ဒါ့အျပင္ FIFA ရဲ႕ တႏွစ္တာ အထူးဆုကိုလည္း ခ်ီးျမွင့္ခဲ့ၿပီး၊ အမ်ိဳးသားဘက္မွာေတာ့ ေပၚတူဂီ နဲ႔ မန္ယူတုိက္စစ္မွဴး ရုိနာလ္ဒိုက ရသြားၿပီး အမ်ိဳးသမီးဘက္မွာေတာ့ ကေနဒါအသင္းက Christine Sinclair က ရသြားပါတယ္။ ရုိနာလ္ဒိုဟာ အမ်ိဳးသားဘက္က ႏုိင္ငံတကာၿပိဳင္ပဲြေတြမွာ ၁၁၅ ဂိုးသြင္းၿပီး နဲ႔ Christine Sinclair ကေတာ့ အမ်ိဳးသမီးဘက္မွာ ၁၈၈ ဂိုး နဲ႔ စံခ်ိန္တင္ ဂိုးအမ်ားဆုံးသြင္းႏုိင္ခဲ့လို႔ ့ FIFA က အထူးဆုအျဖစ္ နဲ႔ ခ်ီးျမွင့္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

၂၀၂၁ FIFA ရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ဘိုင်ယန်မြူးနစ် နဲ့ ပိုလန်တိုက်စစ်မှူး Robert Lewandowski ရရှိ

၂၀၂၁ ခုနှစ်အတွက် FIFA ရဲ့ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ် နဲ့ ပိုလန်တိုက်စစ်မှူး Robert Lewandowski က ရသွားခဲ့ပါတယ်။ Lewandowski ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘိုင်ယန်အတွက် ၄၃ ဂိုးသွင်းပြီး တချိန်က ဂျာမနီတိုက်စစ်မှူး ဂတ်မူလာ ၄၉ နှစ်ကြာ တင်ထားတဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာကြောင့် မက်ဆီ နဲ့ ဆာလားတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဘောလုံးသမားဆုကို ရသွားခဲ့တာပါ။ ဒါဟာ လယ်ဗန်ဒေါ့စကီးအတွက် FIFA ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ၂ နှစ် ဆက်တိုက် ရရှိတာပါ။

အမျိုးသားဘက်က အကောင်းဆုံးနည်းပြဆုကိုတော့ ချယ်ဆီးနည်းပြ Thomas Tuchel က ရသွားပြီး ၊ အကောင်းဆုံးဂိုးသမားဆုကိုလည်း ချယ်ဆီးဂိုးသမား Edouard Mendy က ရသွားခဲ့ပါတယ်။

အမျိုးသမီးဘက်မှာတော့ ဘာစီလိုနာ နဲ့ စပိန်တိုက်စစ်မှူး Alexia Putellas က အကောင်းဆုံး ဘောလုံးသမားဆုကို ရသွားခဲ့ပြီး၊ အကောင်းဆုံးနည်းပြဆုကိုတော့ ချယ်ဆီးနည်းပြ Emma Hayes နဲ့ အကောင်းဆုံးဂိုးသမားဆုကိုတော့ ချီလီ နဲ့ လီယွန်ဂိုးသမား Christian Endler တို့က ရသွားခဲ့ပါတယ်။

FIFA ရဲ့ Fair Play Award အသန့်ရှင်းဆုံးဆုကိုတော့ ဒိန်းမတ် ဘောလုံးအသင်း နဲ့ ဆေးအဖွဲ့က ရသွားပြီး၊ အကောင်းဆုံး ပရိသတ်ဆုကိုတော့ အဲဒီပွဲမှာ ကြည့်ရှုအားပေးခဲ့တဲ့ ဒိန်းမတ် နဲ့ ဖင်လန် ပရိသတ်တွေက ရသွားခဲ့ပါတယ်။

ဒါ့အပြင် FIFA ရဲ့ တနှစ်တာ အထူးဆုကိုလည်း ချီးမြှင့်ခဲ့ပြီး၊ အမျိုးသားဘက်မှာတော့ ပေါ်တူဂီ နဲ့ မန်ယူတိုက်စစ်မှူး ရိုနာလ်ဒိုက ရသွားပြီး အမျိုးသမီးဘက်မှာတော့ ကနေဒါအသင်းက Christine Sinclair က ရသွားပါတယ်။ ရိုနာလ်ဒိုဟာ အမျိုးသားဘက်က နိုင်ငံတကာပြိုင်ပွဲတွေမှာ ၁၁၅ ဂိုးသွင်းပြီး နဲ့ Christine Sinclair ကတော့ အမျိုးသမီးဘက်မှာ ၁၈၈ ဂိုး နဲ့ စံချိန်တင် ဂိုးအများဆုံးသွင်းနိုင်ခဲ့လို့ FIFA က အထူးဆုအဖြစ် နဲ့ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG