သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နှင့် ဆွေးနွေးမှု အပြုသဘောဆောင် (ရုရှားသမ္မတ Vladimir Putin) 


ရုရှားသမ္မတ Vladimir Putin နှင့် အမေရိကန် သမ္မတ Joe Biden
ရုရှားသမ္မတ Vladimir Putin နှင့် အမေရိကန် သမ္မတ Joe Biden

(Zawgyi/Unicode)

အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ရဲ့ Geneva ထိပ်သီးအစည်းအဝေးပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ Geneva မြို့ဟာဆိုရင် သမိုင်းစဉ်တလျောက် နိုင်ငံရေးအုပ်စု ဘက်လိုက်မှု ကင်းမဲ့ခဲ့တဲ့ အစဉ်အလာရှိတဲ့အတွက် ခေါင်းဆောင် ၂ ဦးတို့ဟာ ဒီမြို့မှာ တွေ့ဆုံဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး သီးခြားပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Vladimir Putin က ဆွေးနွေးမှုဟာ အပြုသဘောဆောင်တယ်၊ ရန်ဆောင်ပြောဆိုမှု ကင်းမဲ့ပြီး အမေရိကန် သမ္မတ ဟာလည်း အပြုသဘောရှိတယ်၊ မျှမျှတတရှိတယ်၊ အတွေ့အကြုံများတဲ့ ဝါရင့်နိုင်ငံရေးသမားတဦးကြီး ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဒီနှစ်အစောပိုင်းက ပြန်ခေါ်ခဲ့ကြတဲ့ ၂ နိုင်ငံ သံအမတ်ကြီးတွေကိုလည်း ပြန်လည် စေလွှတ်တော့မယ်လို့ ဆိုပါတယ်။ မဟာဗျူဟာတည်ငြိမ်ရေးနဲ့ ဆိုက်ဘာ လုံခြုံရေးကိစ္စတွေကိုတော့ နောင်ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့မှာ ဝါဝင်ရေးနဲ့ ရုရှား အတိုက်အခံ Alexei Navalny တို့ ကိစ္စတွေမှာတော့ အဖုအထစ်တွေရှိနိုင်ပါတယ်။

Navalny ဟာ ပြည်တွင်းဥပဒေကို ချိုးဖောက်တယ်လို့ သမ္မတ ပူတင်က ပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံ နေတိုးမှာ ပါဝင်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးစရာမရှိဘူးလို့ ပြောပါတယ်။ သမ္မတ Joe Biden ကတော့ ယူကရိန်းနိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စဟာ အဂတိမှု ကင်းရှင်းရေးအပါအဝင် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိဖို့က အဓိကဖြစ်တယ်၊ အဲဒီအပေါ်မှာ မူတည်တယ်လို့ ပြောသွားပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီး Kermlin က ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် နဲ့ ရုရှား တို့ဟာ တင်းမာမှုဖြစ်နေတဲ့ အချိန်မှာတောင် မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်ကို ဆက်လက်တိုးတက်အောင်လုပ်ဆောင်ပြီး လက်နက်အပြိုင်တပ်ဆင်မှုနဲ့ နျူကလီးယား စစ်ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတ Biden နှင့် ဆွေးနွေးမှု အပြုသဘောဆောင် (ရုရှားသမ္မတ Vladimir Putin)
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်


............

သမ်မတ Biden နှင့ျ ဆှေးနှေးမှု အပွုသဘောဆောငျ (ရုရှားသမ်မတ Vladimir Putin)

(Unicode)





XS
SM
MD
LG