သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းအၾကမ္းဖ်က္ဝါဒ တိုက္ဖ်က္ေရး Biden အစိုးရရဲ႕ မဟာဗ်ဴဟာ


သမၼတ Joe Biden

(Zawgyi/Unicode)

အေမရိကန္မွာ အၾကမ္းဖက္ဝါဒစဲြနဲ႔ ျပည္တြင္းက တိုက္ခိုက္မႈေတြကို တိုက္ဖ်က္ႏိုင္ဖို႔ မဟာဗ်ဳဟာတရပ္ကို သမၼတ Joe Biden အစိုးရက အဂၤါေန႔မွာပဲ ထုတ္ျပန္လိုက္ပါတယ္။

အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းခဲ့ရၿပီးမွ ထြက္ေပၚလာတဲ့ မဟာဗ်ဳဟာမွာေတာ့ စစ္ေသြးႂကြ လူျဖဴႀကီးစိုးေရးဝါဒီေတြနဲ႔ တျခားအစြန္းေရာက္ေတြရဲ႕ ၿခိမ္းေျခာက္မႈေတြ ႀကီးထြားလာေနတာေတြကို ေရတို၊ ေရရွည္ ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြ ထည့္သြင္းထားတာပါ။ ျပည္တြင္း အၾကမ္းဖက္ဝါဒ တန္ျပန္တိုက္ဖ်က္ေရး အမ်ဳိးသားမဟာဗ်ဳဟာမွာ မ႑ိဳင္ ၄ ခု ပါ၀င္ၿပီး၊ ျပည္တြင္းက အၾကမ္းဖက္ဝါဒီေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ဖလွယ္ေရး၊ အၾကမ္းဖက္ဖို႔ လူသစ္စုေဆာင္းတာေတြကို တားဆီးႏိုင္ေရး၊ တိုက္ခိုက္မႈေတြကို ဟန္႔တားတိုက္ဖ်က္ေရးနဲ႔ ျပည္တြင္းမွာ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚေစတဲ့ ေရရွည္အေၾကာင္းရင္းေတြကို အာ႐ုံစိုက္ ေျဖရွင္းမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျပည္တြင္းအၾကမ္းဖက္ဝါဒီေတြအေၾကာင္း ေလ့လာဆန္းစစ္သူေတြ၊ စုံစမ္းစစ္ေဆးသူေတြနဲ႔ ဥပေဒပညာရွင္ေတြ ထပ္မံခန္႔အပ္ႏိုင္ေအာင္ အသုံးစရိတ္ ေဒၚလာသန္းခ်ီ သုံးစဲြဖို႔လည္း တိုက္တြန္းထားတာပါ။

မဟာဗ်ဳဟာသစ္နဲ႔ ပတ္သက္လို႔ အစိုးရတာ၀န္ရွိသူေတြကို ေရွ႕ေနခ်ဳပ္ Merrick Garland အဂၤါေန႔က ရွင္းျပရာမွာေတာ့ ျပည္တြင္းက အၾကမ္းဖက္မႈ အႏၲရာယ္ဟာ တေန႔တျခား ႀကီးထြားလာေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“ေနာက္မ်ဳိးဆက္ေတြအတြက္ ၿခိမ္းေျခာက္မႈေတြ အဆုံးသတ္ေစဖို႔ ျပည္တြင္း အၾကမ္းဖက္မႈေတြ ျဖစ္ေစတဲ့ ေရရွည္ျပႆနာေတြကို ေျဖရွင္းၾကရမွာ ျဖစ္ပါတယ္။ ျပည္တြင္းက အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကို ေျဖရွင္းရာမွာလည္း မတူကဲြျပားမႈေတြကို လက္ခံႏိုင္ၿပီး၊ သေဘာထား ကဲြျပားမႈေတြကို အျပန္အလွန္ ေလးစားတတ္တဲ့ လူ႔အသိုင္းအ၀န္းျဖစ္ေအာင္ အားေပးရမွာ ျဖစ္ပါတယ္။” လို႔ ေရွ႕ေနခ်ဳပ္က ေျပာဆိုသြားတာပါ။

ဥေရာပခရီး ထြက္ေနတဲ့ သမၼတ ဘိုင္ဒင္ကလည္း မုန္းတီးမႈ၊ တယူသန္မႈနဲ႔ တျခားအစြန္းေရာက္ သေဘာထားေတြေၾကာင့္ ျဖစ္ရတဲ့ ျပည္တြင္းအၾကမ္းဖက္မႈေတြဟာ အေမရိကန္ကို ညစ္ႏြမ္းေစတဲ့ အစြန္းအထင္းတခု ျဖစ္ေနရေၾကာင္း အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ ျပည္တြင္းအၾကမ္းဖက္မႈေတြဟာ တိုင္းျပည္မွာ ႀကိဳးပမ္း တည္ေဆာက္ထားတဲ့ အရာအားလုံးနဲ႔ ဆန္႔က်င္ေနၿပီး၊ အမ်ဳိးသားလုံျခံဳေရး၊ ဒီမိုကေရစီနဲ႔ ညီၫြတ္မႈကို တိုက္႐ိုက္ ၿခိမ္းေျခာက္ ေနေၾကာင္းလည္း သမၼတဘိုင္ဒင္က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ပြည်တွင်းအကြမ်းဖျက်ဝါဒ တိုက်ဖျက်ရေး Biden အစိုးရရဲ့ မဟာဗျူဟာ

(Unicode)

အမေရိကန်မှာ အကြမ်းဖက်ဝါဒစွဲနဲ့ ပြည်တွင်းက တိုက်ခိုက်မှုတွေကို တိုက်ဖျက်နိုင်ဖို့ မဟာဗျုဟာတရပ်ကို သမ္မတ Joe Biden အစိုးရက အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ထွက်ပေါ်လာတဲ့ မဟာဗျုဟာမှာတော့ စစ်သွေးကြွ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ တခြားအစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတာတွေကို ရေတို၊ ရေရှည် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ထည့်သွင်းထားတာပါ။ ပြည်တွင်း အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အမျိုးသားမဟာဗျုဟာမှာ မဏ္ဍိုင် ၄ ခု ပါဝင်ပြီး၊ ပြည်တွင်းက အကြမ်းဖက်ဝါဒီတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်ရေး၊ အကြမ်းဖက်ဖို့ လူသစ်စုဆောင်းတာတွေကို တားဆီးနိုင်ရေး၊ တိုက်ခိုက်မှုတွေကို ဟန့်တားတိုက်ဖျက်ရေးနဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေတဲ့ ရေရှည်အကြောင်းရင်းတွေကို အာရုံစိုက် ဖြေရှင်းမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ပြည်တွင်းအကြမ်းဖက်ဝါဒီတွေအကြောင်း လေ့လာဆန်းစစ်သူတွေ၊ စုံစမ်းစစ်ဆေးသူတွေနဲ့ ဥပဒေပညာရှင်တွေ ထပ်မံခန့်အပ်နိုင်အောင် အသုံးစရိတ် ဒေါ်လာသန်းချီ သုံးစွဲဖို့လည်း တိုက်တွန်းထားတာပါ။ မဟာဗျုဟာသစ်နဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ရှေ့နေချုပ် Merrick Garland အင်္ဂါနေ့က ရှင်းပြရာမှာတော့ ပြည်တွင်းက အကြမ်းဖက်မှု အန္တရာယ်ဟာ တနေ့တခြား ကြီးထွားလာနေကြောင်း ပြောဆိုခဲ့ပါတယ်။

“နောက်မျိုးဆက်တွေအတွက် ခြိမ်းခြောက်မှုတွေ အဆုံးသတ်စေဖို့ ပြည်တွင်း အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ ရေရှည်ပြဿနာတွေကို ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းရာမှာလည်း မတူကွဲပြားမှုတွေကို လက်ခံနိုင်ပြီး၊ သဘောထား ကွဲပြားမှုတွေကို အပြန်အလှန် လေးစားတတ်တဲ့ လူ့အသိုင်းအဝန်းဖြစ်အောင် အားပေးရမှာ ဖြစ်ပါတယ်။” လို့ ရှေ့နေချုပ်က ပြောဆိုသွားတာပါ။

ဥရောပခရီး ထွက်နေတဲ့ သမ္မတ ဘိုင်ဒင်ကလည်း မုန်းတီးမှု၊ တယူသန်မှုနဲ့ တခြားအစွန်းရောက် သဘောထားတွေကြောင့် ဖြစ်ရတဲ့ ပြည်တွင်းအကြမ်းဖက်မှုတွေဟာ အမေရိကန်ကို ညစ်နွမ်းစေတဲ့ အစွန်းအထင်းတခု ဖြစ်နေရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ပြည်တွင်းအကြမ်းဖက်မှုတွေဟာ တိုင်းပြည်မှာ ကြိုးပမ်း တည်ဆောက်ထားတဲ့ အရာအားလုံးနဲ့ ဆန့်ကျင်နေပြီး၊ အမျိုးသားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ ညီညွတ်မှုကို တိုက်ရိုက် ခြိမ်းခြောက် နေကြောင်းလည်း သမ္မတဘိုင်ဒင်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG