သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နှစ်စဉ်ဒုက္ခသည်လက်ခံမှုအရေအတွက် လေးဆတိုး လက်ခံမည်


Mexico ကနေ Rio Grande မြစ် ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံဘက် ရောက်လာကြတဲ့ ဒုက္ခသည်မိသားစု။ (ဧပြီ ၂၇၊ ၂၀၂၁)
Mexico ကနေ Rio Grande မြစ် ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံဘက် ရောက်လာကြတဲ့ ဒုက္ခသည်မိသားစု။ (ဧပြီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုက နှစ်စဉ်လက်ခံနေတဲ့ ဒုက္ခသည်အရေအတွက်ကို ဒီနှစ်လေးဆတိုးပြီးလက်ခံမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာကြေငြာပါတယ်။ သမ္မတဟောင်းလက်ထက်က သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ဒုက္ခသည်တွေလက်ခံဖို့ ကနဦးဆုံးဖြတ်ခဲ့ပေမဲ့ ဒီနှစ်အတွက် ဒုက္ခသည်ပေါင်း ၆၂,၅၀၀ လက်ခံဖို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သမ္မတဘိုင်ဒန်က တနင်္လာနေ့နှောင်းပိုင်းမှာ ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

အရင်သမ္မတ လက်ထက်မှာ ဒုက္ခသည် ၁၅,၀၀၀ ကိုပဲ လက်ခံဖို့ သတ်မှတ်ခဲ့တာဟာ ဒုက္ခသည်တွေကိုလက်ခံပြီး ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ စံတန်ဖိုးတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ကြေငြာချက်မှာပြောထားပါတယ်။ လာမယ့်နှစ်မှာတော့ ဒုက္ခသည်ပေါင်း ၁၂၅,၀၀၀ လက်ခံဖို့ရည်ရွယ်ထားတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းကတော့ သမ္မတဟောင်း Trump လက်ထက်က အရေအတွက်အတိုင်း ဒုကသည်တွေ လက်ခံမယ်လို့ သမ္မတအိမ်ဖြူတော်က ကြေငြာခဲ့ပါတယ်။ ဒုက္ခသည်အစီအစဉ်ကို သိသိသာသာ တိုးချဲ့မယ်လို့ ဇန်နဝါရီလ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပေးခဲ့ပြီးကာမှ ထွက်လာတဲ့ ဒီကြေငြာချက်အပေါ် ဒီမိုကရက်အမတ်တချို့နဲ့ ဒုက္ခသည်အရေးဆောင်ရွက်သူတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

တနင်္လာနေ့ထုတ်ပြန်ချက်မှာတော့ ဒုက္ခသည်တွေလက်ခံရေးဟာ ကမ္ဘာ့စင်မြင့်ပေါ်က အမေရိကန်ရဲ့အခန်းကဏ္ဍအတွက် အလွန်အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေက ကြိုဆိုခဲ့ကြပေမယ့် ရီပတ်ဘလစ်ကန်အမတ်တချို့ကတော့ ဒါဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူ့ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG