သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရးတင္းမာမႈ ကမာၻစစ္ျဖစ္ႏိုင္တယ္လို႔ သမၼတဘိုင္ဒန္ မွတ္ခ်က္ခ်


Biden

[[Zawgyi/Unicode]]

႐ုရွားနဲ႔ယူကရိန္းနယ္စပ္မွာ ႐ုရွားနဲ႔အေမရိကန္တပ္ဖြဲ႔ေတြၾကား ႀကီးမားတဲ့ပဋိပကၡျဖစ္လာႏိုင္ေျခကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က သတိေပးလိုက္ၿပီး အေမရိကန္ႏိုင္ငံသားေတြ ယူကရိန္းႏိုင္ငံထဲမွာ ရွိေနရင္ ခ်က္ခ်င္း ထြက္ခြာၾကဖို႔လည္း သတိေပးလိုက္ပါတယ္။

ကမာၻ႔ အင္အားအႀကီးဆံုးစစ္တပ္ေတြထဲမွာ တခုအပါအ၀င္ျဖစ္တဲ့ ႐ုရွားစစ္တပ္နဲ႔ ရင္ဆိုင္ေနရတာ ျဖစ္သလို တျခား အေျခအေနေတြနဲ႔မတူဘဲ ပဋိပကၡေတြ ခ်က္ခ်င္းဆိုးရြားလာႏိုင္တာေၾကာင့္ အဲ့ဒီမွာရွိတဲ့အေမရိကန္ ႏိုင္ငံသားေတြ အခုပဲ ခ်က္ခ်င္း ထြက္ခြာသင့္တယ္လို႔ သမၼတဘိုင္ဒန္က အေမရိကန္ NBC ႐ုပ္သံနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာသြားပါတယ္။

တကယ္လို႔ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္လာရင္ အဲ့ဒီမွာရွိတဲ့ အေမရိကန္ေတြကို ကယ္ထုတ္ဖို႔ အေမရိကန္တပ္ဖြဲ႔ေတြ ယူကရိန္းကို ေစလႊတ္တာမ်ိဳး လုပ္မွာမဟုတ္ဘူးလို႔လည္း သမၼတက ေျပာပါတယ္။ အေမရိကန္နဲ႔႐ုရွားတပ္ေတြ အျပန္အလွန္ပစ္ၾကရင္ေတာင္ ဒါက ႏွစ္ႏိုင္ငံစစ္မဟုတ္ဘဲ ကမာၻစစ္တခု ျဖစ္တယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။

ဒီ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ အဆံုးသတ္မယ့္ ေဘဂ်င္းေဆာင္းရာသီ အိုလံပစ္ပြဲေတာ္က်င္းပေနတဲ့ ကာလအတြင္းမွာကိုပဲ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္လာႏိုင္တယ္ဆိုၿပီး ၾသစေၾတးလ်ႏိုင္ငံမွာ ေရာက္ ေနတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ကလည္း သတိေပးပါတယ္။ ၾသစေၾတးလ်၊ အိႏိၵယနဲ႔ဂ်ပန္ ႏိုင္ငံေတြက ဝန္ႀကီးေတြနဲ႔ ေတြ႔ဆံုၿပီး ေလးႏိုင္ငံ QUAD အစည္းအေဝး တက္ေရာက္ေနတဲ့ ဝန္ႀကီးဘလင္ကန္ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။ ႐ုရွားဟာ ၁၀ ရက္ၾကာ စစ္ေရးေလ့က်င့္မႈေတြကို ဘဲလား႐ုစ္ႏိုင္ငံမွာ ၾကာသပေတးေန႔က စတင္ခဲ့သလို မဟာဗ်ဴဟာအရ အေရးပါတဲ့ ပင္လယ္နက္ထဲမွာလည္း သူ႔ရဲ႕စစ္သေဘၤာ ၆ စင္းကို ေက်ာက္ခ်ထားပါတယ္။ ဒါဟာ ေဒသတြင္း တင္းမာမႈေတြ ပိုဆိုးလာေအာင္ လုပ္တဲ့လုပ္ရပ္လို႔ ဆိုၿပီး ယူကရိန္းအစိုးရတာဝန္ရွိသူေတြက ႐ုရွားကို ကန္႔ကြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ယူကရိန်းအရေးတင်းမာမှု ကမ္ဘာစစ်ဖြစ်နိုင်တယ်လို့ သမ္မတဘိုင်ဒန် မှတ်ချက်ချ

ရုရှားနဲ့ယူကရိန်းနယ်စပ်မှာ ရုရှားနဲ့အမေရိကန်တပ်ဖွဲ့တွေကြား ကြီးမားတဲ့ပဋိပက္ခဖြစ်လာနိုင်ခြေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးလိုက်ပြီး အမေရိကန်နိုင်ငံသားတွေ ယူကရိန်းနိုင်ငံထဲမှာ ရှိနေရင် ချက်ချင်း ထွက်ခွာကြဖို့လည်း သတိပေးလိုက်ပါတယ်။

ကမ္ဘာ့ အင်အားအကြီးဆုံးစစ်တပ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ရုရှားစစ်တပ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်သလို တခြား အခြေအနေတွေနဲ့မတူဘဲ ပဋိပက္ခတွေ ချက်ချင်းဆိုးရွားလာနိုင်တာကြောင့် အဲ့ဒီမှာရှိတဲ့အမေရိကန် နိုင်ငံသားတွေ အခုပဲ ချက်ချင်း ထွက်ခွာသင့်တယ်လို့ သမ္မတဘိုင်ဒန်က အမေရိကန် NBC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာရင် အဲ့ဒီမှာရှိတဲ့ အမေရိကန်တွေကို ကယ်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့တွေ ယူကရိန်းကို စေလွှတ်တာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း သမ္မတက ပြောပါတယ်။ အမေရိကန်နဲ့ရုရှားတပ်တွေ အပြန်အလှန်ပစ်ကြရင်တောင် ဒါက နှစ်နိုင်ငံစစ်မဟုတ်ဘဲ ကမ္ဘာစစ်တခု ဖြစ်တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဒီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အဆုံးသတ်မယ့် ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပနေတဲ့ ကာလအတွင်းမှာကိုပဲ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာနိုင်တယ်ဆိုပြီး သြစတြေးလျနိုင်ငံမှာ ရောက် နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း သတိပေးပါတယ်။ သြစတြေးလျ၊ အိန္ဒိယနဲ့ဂျပန် နိုင်ငံတွေက ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး လေးနိုင်ငံ QUAD အစည်းအဝေး တက်ရောက်နေတဲ့ ဝန်ကြီးဘလင်ကန် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ရုရှားဟာ ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေကို ဘဲလားရုစ်နိုင်ငံမှာ ကြာသပတေးနေ့က စတင်ခဲ့သလို မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်နက်ထဲမှာလည်း သူ့ရဲ့စစ်သင်္ဘော ၆ စင်းကို ကျောက်ချထားပါတယ်။ ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ပိုဆိုးလာအောင် လုပ်တဲ့လုပ်ရပ်လို့ ဆိုပြီး ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ရုရှားကို ကန့်ကွက်ထားပါတယ်။

============

XS
SM
MD
LG