သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္နစၥတန္မွာ ထပ္မံတိုက္ခိုက္ခံရမယ့္ အႏၲရာယ္ ကန္အမ်ဳိးသားလုံျခံဳေရးအဖဲြ႕ သတိေပး


အာဖဂန္ကို ထိန္းခ်ဳပ္ၿပီးေနာက္ ကဘူးျမဳိ႕မွာ ေတြ႕ရသည့္ တာလီဘန္မ်ား (Aug. 17, 2021)

[ Zawgyi ]

အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးေလဆိပ္အနီး ၾကာသပေတးေန႔က တိုက္ခိုက္မႈေၾကာင့္ အေမရိကန္တပ္ဖဲြ႕၀င္ ၁၃ ဦး အပါအဝင္ လူေပါင္း ၁၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီးေနာက္ပိုင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္ေၾကာင္း ထိပ္တန္းလုံျခံဳေရး အၾကံေပးအဖဲြ႕က သမၼတဂ်ိဳးဘိုင္ဒန္ကို သတိေပးလိုက္ပါတယ္။

“အမ်ဳိးသားလုံျခံဳေရး အၾကံေပးအဖဲြ႕နဲ႔ ဒီေန႔မနက္ေတြ႕ဆုံရာမွာ ကဘူးၿမိဳ႕မွာ ေနာက္ထပ္ အၾကမ္းဖက္ တိုက္ခိုက္ႏိုင္ေၾကာင္း သမၼတနဲ႔ ဒုသမၼတို႔ကို တင္ျပထားၿပီး၊ လုံျခံဳေရးအတြက္ တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ထားတယ္လို႔လည္း ေျပာပါတယ္။” လို႔ သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္တာပါ။

ကာကြယ္ေရးဝန္ႀကီးဌာနက ေသာၾကာေန႔မွာပဲ အစီရင္ခံတင္ျပခဲ့တဲ့ အထဲမွာလည္း အၾကမ္းဖက္တိုက္ခိုက္မယ့္ အႏၲရာယ္ ရွိေနသလို အေမရိကန္တပ္ေတြ ျပန္႐ုပ္သိမ္းေနတဲ့ ကာလျဖစ္တဲ့အတြက္ အႏၲရာယ္ အႀကီးဆံုးအခ်ိန္ျဖစ္ေၾကာင္း သတိေပးခဲ့တယ္လို႔လည္း ေျပာပါတယ္။ အေမရိကန္က ဒီလကုန္ ေနာက္ဆုံးထားၿပီး တပ္ေတြကို ျပန္႐ုပ္သိမ္းေနခ်ိန္မွာပဲ အိုင္အက္စ္ စစ္ေသြးႂကြေတြရဲ႕ ၿခိမ္းေျခာက္မႈကိုပါ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

သမၼတဘိုင္ဒင္ကေတာ့ ၾကာသပေတးေန႔က တိုက္ခိုက္မႈ က်ဳးလြန္သူေတြကို လိုက္လံေျခမႈန္းမွာျဖစ္ေၾကာင္း ကတိျပဳေျပာဆိုထားတာပါ။ အၾကမ္းဖက္ တိုက္ခုိုက္မႈ အႏၲရာယ္ေတြနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အဟန္႔အတားေတြ ၾကံဳေနရခ်ိန္မွာပဲ ၾသဂုတ္လ ၃၁ ရက္ေန႔ ေနာက္ဆုံးထား တပ္ေတြ ႐ုပ္သိမ္းမယ့္ အစီအစဥ္ကေတာ့ အေျပာင္းအလဲရွိမွာ မဟုတ္ေၾကာင္းလည္း သမၼတက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

အာဖဂန်နစ္စတန်မှာ ထပ်မံတိုက်ခိုက်ခံရမယ့် အန္တရာယ် ကန်အမျိုးသားလုံခြုံရေးအဖွဲ့ သတိပေး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလေဆိပ်အနီး ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း ထိပ်တန်းလုံခြုံရေး အကြံပေးအဖွဲ့က သမ္မတဂျိုးဘိုင်ဒန်ကို သတိပေးလိုက်ပါတယ်။

“အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့နဲ့ ဒီနေ့မနက်တွေ့ဆုံရာမှာ ကဘူးမြို့မှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်နိုင်ကြောင်း သမ္မတနဲ့ ဒုသမ္မတို့ကို တင်ပြထားပြီး၊ လုံခြုံရေးအတွက် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတယ်လို့လည်း ပြောပါတယ်။” လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာပဲ အစီရင်ခံတင်ပြခဲ့တဲ့ အထဲမှာလည်း အကြမ်းဖက်တိုက်ခိုက်မယ့် အန္တရာယ် ရှိနေသလို အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းနေတဲ့ ကာလဖြစ်တဲ့အတွက် အန္တရာယ် အကြီးဆုံးအချိန်ဖြစ်ကြောင်း သတိပေးခဲ့တယ်လို့လည်း ပြောပါတယ်။ အမေရိကန်က ဒီလကုန် နောက်ဆုံးထားပြီး တပ်တွေကို ပြန်ရုပ်သိမ်းနေချိန်မှာပဲ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒင်ကတော့ ကြာသပတေးနေ့က တိုက်ခိုက်မှု ကျုးလွန်သူတွေကို လိုက်လံခြေမှုန်းမှာဖြစ်ကြောင်း ကတိပြုပြောဆိုထားတာပါ။ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဟန့်အတားတွေ ကြုံနေရချိန်မှာပဲ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တပ်တွေ ရုပ်သိမ်းမယ့် အစီအစဉ်ကတော့ အပြောင်းအလဲရှိမှာ မဟုတ်ကြောင်းလည်း သမ္မတက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG