သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့စစ်ဖက်ဆက်ဆံမှုပြန်ထူထောင်ဖို့ အမေရိကန်သမ္မတလိုလား


အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan
အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နဲ့စစ်တပ်ချင်းဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ လိုလားနေတယ်လို့ အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ မစ္စတာဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ ရက်အတန်ငယ်လိုနေတဲ့အချိန်မှာ ခုလို ပြောလိုက်တာပါ။

မစ္စတာဘိုင်ဒန်နဲ့ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံမှာ ဗုဒ္ဓဟူးနေ့ လူချင်းတွေ့ဆုံကြဖို့ ရှိပါတယ်။ ၂၀၂၁ ခုနှစ် မစ္စတာဘိုင်ဒန် သမ္မတဖြစ်လာတဲ့အချိန်ကတည်းကဆိုရင် ဒါ ဟာ ဒုတိယအကြိမ် လူချင်းတွေ့ဆုံကြတာပါ။

“စစ်တပ်ချင်းဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သမ္မတက စိတ်ပိုင်းဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွါးဖြစ်လိုပါပဲ “ လို့ စီဘီအက်စ် ရုပ်မြင်သံကြားနဲ့လုပ်တဲ့ အင်တာဗျူးမှာ ဂျိတ်ဆူလီဗန်က ပြောပါတယ်။ “စစ်တပ်ချင်း ဆက်သွယ်ဆက်ဆံရေးလမ်းကြောင်း ကျနော်တို့ လိုပါတယ်။ ဒါမှသာ အမှားလုပ်မိတာ၊ အတွက်အချက် လွဲတာ၊ နားလည်မှုလွဲတာတွေ ရှောင်နိုင်မှာပါ။” လို့ ဂျိတ်ဆူလီဗန်က ဆိုပါတယ်။

ထိပ်တန်းခေါင်းဆောင်တွေအဆင့်ကနေ နည်းပရိယာယ်ပိုင်းဆိုင်ရာအဆင့်အပါအဝင် အင်ဒိုပစိဖိတ်ဒေသက ရေပြင်နဲ့ ဝေဟင်အဆင့်အထိ ဆက်ဆံရေးပြန်ထူထောင်နိုင်ပါတယ်လို့လည်း သူက ဆိုပါတယ်။ ဒီ အကြောင်းရပ်ဟာ လာမယ့် ထိပ်သီးအစည်းအဝေးမှာ ထိပ်တန်းဆွေးနွေးမယ့် အကြောင်းအရာတရပ်ဖြစ်ပါတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နဲ့စစ်ဖက်ဆက်ဆံမှုပြန်ထူထောင်ဖို့ အမေရိကန်သမ္မတလိုလား
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG