သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္မွာ လူစုေဝးႏုိင္တဲ့ေနရာေတြ ကိုဗစ္တားဆီးဖို႔ ပိတ္ထား


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ Khao San လမ္းမွာ ေတြ႕ရတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈ ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္ထဲက ေက်ာင္းေတြ၊ အပန္းေျဖ ပန္းၿခံေတြ၊ လက္ေဝွ႔ပဲြ က်င္းပတဲ့ေနရာေတြ၊ အပါအဝင္ လူအမ်ားစုေဝးႏိုင္တဲ့ ေနရာေတြကို ပိတ္ထားပါတယ္။ ဒီေန႔ ေသာၾကာေန႔မွာ အတည္ျပဳလူနာသစ္ ၂၇၉ ေယာက္နဲ႔ ၂ ေယာက္ေသဆံုးတယ္လို႔ စာရင္းထုတ္ျပန္ထားပါတယ္။ ၂၄ နာရီအတြင္း အတည္ျပဳလူနာသစ္ ၁၈၀ ႐ွိတဲ့ ဘန္ေကာက္အပါအဝင္ ခ႐ိုင္ ၇ ခုကို အနီေရာင္ဇုန္အျဖစ္သတ္မွတ္ထားပါတယ္။ စားေသာက္ဆိုင္ေတြကိုေတာ့ ဖြင့္ခြင့္ေပးထားေပမဲ့ ဆိုင္ထဲ ထိုင္စားလို႔မရဘဲ မွာယူစားလို႔ပဲ ရပါတယ္။ ဒီကန္႔သတ္ခ်က္ေတြကို ဇန္နဝါရီလလည္အထိ ထုတ္ျပန္ထားပါတယ္။

ပိုၿပီးကူးစက္လြယ္တဲ့ ကိုဗစ္ပိုးသစ္ ေတြ႔႐ွိထားတဲ့ ေတာင္အာဖရိကႏိုင္ငံက ခရီးသည္ေတြ ႏိုင္ငံထဲ ဝင္ခြင့္ ပိတ္ပင္မယ္လို႔ စကၤာပူႏုိင္ငံကလည္း ဒီေန႔ ေျပာၾကားပါတယ္။ စကၤာပူႏိုင္ငံသား မဟုတ္တဲ့ ေရ႐ွည္ေနထိုင္ခြင့္ရထားသူေတြေရာ ေရတိုအလည္လာသူေတြပါ ေတာင္အာဖရိကႏိုင္ငံကို ၁၄ ရက္အတြင္း သြားထားတယ္ဆိုရင္ စကၤာပူထဲ ဝင္ခြင့္၊ ခရီးတေထာက္ နားေနခြင့္ေပးမွာ မဟုတ္ဘူးလို႔ က်န္းမာေရးဌာနက ေျပာပါတယ္။ ႏိုင္ငံကို ျပန္လာတဲ့ ႏိုင္ငံသားေတြ၊ အၿမဲတမ္းေနထိုင္ခြင့္ရထားသူေတြဆုိရင္ေတာ့ ေရာက္လာလာခ်င္း ကိုဗစ္ ႐ွိ၊ မ႐ွိ ေဆးစစ္မႈခံရမွာျဖစ္ၿပီး ၁၄ ရက္ သီးျခားခဲြေနၾကရမွာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းက Shenyang နဲ႔ Dalian ေလဆိပ္ႀကီး ၂ ခုကလည္း ခရီသည္ေတြ ေလယာဥ္ေပၚ မတက္ခင္ ၇၂ နာရီအတြင္း ကိုဗစ္ကင္း႐ွင္းေၾကာင္း ေဆးစစ္ထားတဲ့ လက္မွတ္ျပရမယ္လို႔ သတ္မွတ္လိုက္ပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္ ေျမာက္ဘက္မွာ ႐ွိတဲ့ အဲဒီၿမိဳ႕ ၂ ခုမွာ ကိုဗစ္အတည္ျပဳလူနာ တိုးလာေနတာေၾကာင့္ ခုလို ေဆာင္႐ြက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘန်ကောက်မှာ လူစုဝေးနိုင်တဲ့နေရာတွေ ကိုဗစ်တားဆီးဖို့ ပိတ်ထား

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ပျံ့နှံ့နေတာကြောင့် ဘန်ကောက်မြို့တော်ထဲက ကျောင်းတွေ၊ အပန်းဖြေ ပန်းခြံတွေ၊ လက်ဝှေ့ပွဲ ကျင်းပတဲ့နေရာတွေ၊ အပါအဝင် လူအများစုဝေးနိုင်တဲ့ နေရာတွေကို ပိတ်ထားပါတယ်။ ဒီနေ့ သောကြာနေ့မှာ အတည်ပြုလူနာသစ် ၂၇၉ ယောက်နဲ့ ၂ ယောက်သေဆုံးတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။ ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၁၈၀ ရှိတဲ့ ဘန်ကောက်အပါအဝင် ခရိုင် ၇ ခုကို အနီရောင်ဇုန်အဖြစ်သတ်မှတ်ထားပါတယ်။ စားသောက်ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပေမဲ့ ဆိုင်ထဲ ထိုင်စားလို့မရဘဲ မှာယူစားလို့ပဲ ရပါတယ်။ ဒီကန့်သတ်ချက်တွေကို ဇန်နဝါရီလလည်အထိ ထုတ်ပြန်ထားပါတယ်။

ပိုပြီးကူးစက်လွယ်တဲ့ ကိုဗစ်ပိုးသစ် တွေ့ရှိထားတဲ့ တောင်အာဖရိကနိုင်ငံက ခရီးသည်တွေ နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်မယ်လို့ စင်္ကာပူနိုင်ငံကလည်း ဒီနေ့ ပြောကြားပါတယ်။ စင်္ကာပူနိုင်ငံသား မဟုတ်တဲ့ ရေရှည်နေထိုင်ခွင့်ရထားသူတွေရော ရေတိုအလည်လာသူတွေပါ တောင်အာဖရိကနိုင်ငံကို ၁၄ ရက်အတွင်း သွားထားတယ်ဆိုရင် စင်္ကာပူထဲ ဝင်ခွင့်၊ ခရီးတထောက် နားနေခွင့်ပေးမှာ မဟုတ်ဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။ နိုင်ငံကို ပြန်လာတဲ့ နိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေဆိုရင်တော့ ရောက်လာလာချင်း ကိုဗစ် ရှိ၊ မရှိ ဆေးစစ်မှုခံရမှာဖြစ်ပြီး ၁၄ ရက် သီးခြားခွဲနေကြရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းက Shenyang နဲ့ Dalian လေဆိပ်ကြီး ၂ ခုကလည်း ခရီသည်တွေ လေယာဉ်ပေါ် မတက်ခင် ၇၂ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ထားတဲ့ လက်မှတ်ပြရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ဘေဂျင်းမြို့တော် မြောက်ဘက်မှာ ရှိတဲ့ အဲဒီမြို့ ၂ ခုမှာ ကိုဗစ်အတည်ပြုလူနာ တိုးလာနေတာကြောင့် ခုလို ဆောင်ရွက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG