သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားကို ၁၄ ဘီလ်ံဖိုး လက္နက္ေရာင္းဖို႔႔ သမၼတ Biden အစိုးရ အတည္ျပဳ


Biden

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုကေန အင္ဒိုနီးရွားႏိုင္ငံကို လက္နက္ ၁၄ ဘီလ်ံဖိုး ေရာင္းခ်ဖို႔ သမၼတ Joe Biden အစိုးရက အတည္ျပဳလိုက္ပါတယ္။ အင္ဒိုပစိဖိတ္ေဒသမွာ တ႐ုတ္ႏိုင္ငံဘက္က သူ႔ရဲ႕နယ္ေျမပိုင္ဆိုင္မႈေတြ အခိုင္အမာ ေျပာလာခ်ိန္မွာ တုံ႔ျပန္ႏိုင္ဖို႔ အေထာက္အကူျပဳမယ္လို႔ယုံၾကည္ၿပီး အေမရိကန္ျပည္ေထာင္စုဘက္ ေရွ႕တိုးလုပ္ေဆာင္တာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ၾသစေၾတးလ် ႏိုင္ငံကို ေရာက္ေနခ်ိန္မွာပဲ မေန႔က ေနာက္ဆုံးေပၚ ေခတ္မီဂ်က္တိုက္ေလယာဥ္ ၁၃.၉ ဘီလ်ံဖိုး အင္ဒိုနီးရွားကို ေရာင္းခ်မယ့္အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ေၾကညာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး Blinken ရဲ႕ ခရီးစဥ္ဟာ ပစိဖိတ္ေဒသသြားလာမႈေတြကို တ႐ုတ္ႏိုင္ငံကို လြတ္လြတ္လပ္လပ္ခြင့္မျပဳဖို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ အခိုင္အမာရပ္တည္ခ်က္ကို အဓိကျပသတဲ့ ခရီးစဥ္ျဖစ္ပါတယ္။ F-15 ဂ်က္တိုက္ေလယာဥ္ ၃၆ စီးနဲ႔ ဆက္ႏြယ္တဲ့ စစ္သုံးပစၥည္းေတြအျပင္ တိုက္ခိုက္ေရးက်ည္ေတြနဲ႔ ဆက္သြယ္ေရးစနစ္ေတြ ပါဝင္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလလယ္တုန္းက ႏိုင္ငံျခားေရးဝန္ႀကီး Blinken အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ကို သြားခဲ့ၿပီး ေနာက္ဆက္တြဲအျဖစ္ အခုလို တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ေတြ ေရာင္းခ်ဖို႔ ျဖစ္လာတာပါ။

အေမရိကန္နဲ႔အင္ဒိုနီးရွား ဆက္ဆံေရးနီးကပ္ေပမယ့္ လူ႔အခြင့္အေရးနဲ႔ပတ္သက္တဲ့ စိုးရိမ္မႈေတြေၾကာင့္ ေရာင္းခ်မယ့္အစီအစဥ္ အေစာပိုင္းက ေႏွာင့္ေႏွး ၾကန႔္ၾကာခဲ့ပါတယ္။ အာရွ ပစိဖိတ္ေဒသမွာ ႏိုင္ငံေရးတည္ၿငိမ္ၿပီး စီးပြားေရးအရ တိုးတက္၊ အေရးပါတဲ့ အင္အားစုတခုျဖစ္တဲ့ လက္တြဲႏိုင္ငံရဲ႕လုံၿခဳံေရး တိုးျမႇင့္ႏိုင္ေရး အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံျခားေရးမႈနဲ႔ အမ်ိဳးသားလုံၿခဳံေရး ရည္မွန္းခ်က္ေတြကို ပံ့ပိုးေထာက္ခံတဲ့ အေနနဲ႔ အခုလို ေရာင္းခ်တာျဖစ္တဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Zawgyi/Unicode]]

အင်ဒိုနီးရှားကို ၁၄ ဘီလျံဖိုး လက်နက်ရောင်းဖို့ သမ္မတ Biden အစိုးရ အတည်ပြု

အမေရိကန်ပြည်ထောင်စုကနေ အင်ဒိုနီးရှားနိုင်ငံကို လက်နက် ၁၄ ဘီလျံဖိုး ရောင်းချဖို့ သမ္မတ Joe Biden အစိုးရက အတည်ပြုလိုက်ပါတယ်။ အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံဘက်က သူ့ရဲ့နယ်မြေပိုင်ဆိုင်မှုတွေ အခိုင်အမာ ပြောလာချိန်မှာ တုံ့ပြန်နိုင်ဖို့ အထောက်အကူပြုမယ်လို့ယုံကြည်ပြီး အမေရိကန်ပြည်ထောင်စုဘက် ရှေ့တိုးလုပ်ဆောင်တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Antony Blinken သြစတြေးလျ နိုင်ငံကို ရောက်နေချိန်မှာပဲ မနေ့က နောက်ဆုံးပေါ် ခေတ်မီဂျက်တိုက်လေယာဉ် ၁၃.၉ ဘီလျံဖိုး အင်ဒိုနီးရှားကို ရောင်းချမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ခရီးစဉ်ဟာ ပစိဖိတ်ဒေသသွားလာမှုတွေကို တရုတ်နိုင်ငံကို လွတ်လွတ်လပ်လပ်ခွင့်မပြုဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အခိုင်အမာရပ်တည်ချက်ကို အဓိကပြသတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ F-15 ဂျက်တိုက်လေယာဉ် ၃၆ စီးနဲ့ ဆက်နွယ်တဲ့ စစ်သုံးပစ္စည်းတွေအပြင် တိုက်ခိုက်ရေးကျည်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်တုန်းက နိုင်ငံခြားရေးဝန်ကြီး Blinken အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို သွားခဲ့ပြီး နောက်ဆက်တွဲအဖြစ် အခုလို တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ ရောင်းချဖို့ ဖြစ်လာတာပါ။

အမေရိကန်နဲ့အင်ဒိုနီးရှား ဆက်ဆံရေးနီးကပ်ပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ရောင်းချမယ့်အစီအစဉ် အစောပိုင်းက နှောင့်နှေး ကြန့်ကြာခဲ့ပါတယ်။ အာရှ ပစိဖိတ်ဒေသမှာ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးအရ တိုးတက်၊ အရေးပါတဲ့ အင်အားစုတခုဖြစ်တဲ့ လက်တွဲနိုင်ငံရဲ့လုံခြုံရေး တိုးမြှင့်နိုင်ရေး အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမှုနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို ပံ့ပိုးထောက်ခံတဲ့ အနေနဲ့ အခုလို ရောင်းချတာဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
#Blinken #အင်ဒိုနီးရှား #လက်နက်၁၄ဘီလျံဖိုးရောင်းချ #အာရှပစိဖိတ် #တရုတ် #ခေတ်မီဂျက်တိုက်လေယာဉ် #ဗွီအိုအေ
============

XS
SM
MD
LG