သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boko Haram ဝင်တိုက်ပြီး မိန်းကလေးငယ် ၁၀၀ ကျော် ပျောက်ဆုံးနေ

Boko Haram စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ ကျောင်းသူတွေထဲက တချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့စဉ် (ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၁၈)
Boko Haram စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ ကျောင်းသူတွေထဲက တချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့စဉ် (ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၁၈)

နိုင်ဂျီးရီးယား နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဘိုကို ဟာရမ် စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း မိန်းကလေးငယ် ၁၁၀ ပျောက်ဆုံးနေကြောင်း နိုင်ဂျီးရီးယား အစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။

ဘိုကို ဟာရမ် စစ်သွေးကြွလို့ သံသယရှိသူတွေ တနင်္လာနေ့က Yobe ပြည်နယ် Dapchi က အစိုးရပိုင် သိပ္ပံနဲ့ နည်းပညာကောလိပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးကတည်းက ဒီမိန်းကလေးငယ်တွေပျောက်ဆုံးနေတာဖြစ်ပြီး မိန်းကလေးငယ်တွေ ဘယ်မှာ ရှိမှန်း ခုထိ မသိရသေးသလို အသက်ရှင်လျက်ရှိမရှိ မသိရသေးဘူးလို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ဂျီးရီးယားသမ္မတ Muhammadu Buhari ကတော့ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်တွေကို ရှာဖွေဖို့ တပ်တွေ စေလွှတ်ထားခဲ့ပြီး လေကြောင်းအကူညီနဲ့ပါရှာဖို့ နောက်ထပ်လေယာဉ်စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ထရပ်ကားတွေနဲ့ လာရောက်ခဲ့တဲ့ လက်နက်အပြည့်နဲ့ စစ်သွေးကြွတွေဟာ တနင်္လာနေ့နှောင်းပိုင်းမှာ Dapchi မြို့ကလေးကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး အမျိုးသမီးလေးတွေရဲ့ ကျောင်း ဘယ်မှာလဲလို့ မေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အာဏာပိုင်တွေက မိန်းကလေးငယ်တွေ ပြန်ပေးအဆွဲခံရတယ်ဆိုတာကို ကနဦးက ငြင်းဆိုခဲ့ပြီး သူတို့ဟာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် ခြုံပုပ်တွေထဲ ပုန်းအောင်းနေတာဖြစ်မယ်လို့ ပြောကြားခဲ့ကြတာပါ။

Boko Haram ဝင်တိုက်ပြီး မိန်းကလေးငယ် ၁၀၀ ကျော် ပျောက်ဆုံးနေ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG