သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီး ထိုင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆွေးနွေး


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကိုသွားခဲ့ပြီးနောက်ပိုင်း မနေ့က ထိုင်းနိုင်ငံကိုရောက်လာခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအပြင် တခြားထိုင်းအစိုးရအရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး အိမ်နီးချင်းမြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေနှိပ်ကွပ်ခံနေရတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့စစ်အုပ် ချုပ်ရေးကို အဆုံးသတ်စေမယ့် အထွေထွေရွေးကောက်ပွဲအစီအစဉ်အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ AP သတင်းမှာဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံးရဲ့ထုတ်ပြန်ချက်အရ ဆွေးနွေးမှုတွေမှာ ပညာရေး စီးပွါးရေး၊ သိပ္ပံ၊ နည်းပညာတီထွင်မှု၊ လုံခြုံရေးနဲ့ရင်းနှီးမြုပ်နှံမှုတွေအပြင် တရားမဝင်တောရိုင်းတရိစ္ဆာန်တွေရောင်း ဝယ်မှုနှိမ်နင်းရေးကို ထိုင်းနဲ့ဗြိတိန်ပူးပေါင်းဆောင်ရွက်ကြဖို့ဆွေးနွေးလိမ့်မယ်လို့ဖေါ်ပြထားပါတယ်။

ဝန်ကြီးဂျွန်ဆန်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဒွီနိုင်းက ဗြိတိန်အစိုးရအနေနဲ့ ရိုဟင်အရေးကို အထူးစိုးရိမ်မှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။

ဝန်ကြီးဂျွန်ဆန်ဟာ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင် ဂျာဒုက္ခသည်တွေကိုသွားတွေ့ခဲ့င်္ပြီး မြန်မာနိုင်ငံကိုရောက်တဲ့အခါမှာလည်း နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင် ဆန်းစုကြည်နဲ့လည်း ရိုဟင်ဂျာအရေးဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှုဖြစ်ပွါးခဲ့တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း ဝန်ကြီးဂျွန်ဆန်သွားရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာအရေးဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးဆောင်ရွက်ဖို့ကိုလည်း ဝန်ကြီးဂျွန်ဆန်က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG