သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရားဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို ပြည်တော်ပြန်ဝင်


Brazil's former President Jair Bolsonaro waves to supporters at the Liberal Party's headquarters in Brasilia, Brazil. Bolsonaro arrived back in Brazil on Thursday after a three-month stay in Florida, seeking a new role on the political scene.
Brazil's former President Jair Bolsonaro waves to supporters at the Liberal Party's headquarters in Brasilia, Brazil. Bolsonaro arrived back in Brazil on Thursday after a three-month stay in Florida, seeking a new role on the political scene.

=== [[ ZAWGYI ]] ===

ဘရားဇီးသမ္မတဟောင်း ဘော်လ်ဆိုနာရို ပြည်တော်ပြန်ဝင်

ဘရာဇီးလ်နိုင်ငံရဲ့ လက်ယာစွန်းဝါဒီ သမ္မတဟောင်း 'ဂျယဲ ဘော်လ်ဆိုနာရို'ဟာ အမေရိကန်နိုင်ငံမှာ ၃ လကြာ ခိုလှုံနေခဲ့ပြီးနောက်မှာ ကြာသပတေးနေ့က နေရပ်ပြန်လာခဲ့တာမှာ သူ့ကို အားပေးထောက်ခံသူ ရာနဲ့ချီက မြို့တော် ဘရာဆေးလီးယား လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ဘော်လ်ဆိုနာရိုဟာ မနှစ်က အောက်တိုဘာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့မှုကို လက်မခံခဲ့ပါဘူး။ အခုသူဟာ အာဏာရ လက်ဝဲသမ္မတ လူဝိဇ် အင်နာဆီယို လူလာ ဒဆေလ်ဗာကို ဆန့်ကျင်တဲ့ အတိုက်အခံအုပ်စုကို ဦးဆောင်ဖွယ်ရှိတယ်လို့ သူ့ရဲ့ လစ်ဘရယ်ပါတီ (PL) တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၆၈ နှစ်အရွယ် လူအများကြိုက် နိုင်ငံရေးသမား ဘော်လ်ဆိုနာရိုရဲ့ ကျော်ကြားမှုနဲ့ လစ်ဘရယ်ပါတီ (PL)ဟာ ဘရာဇီးလ်ကွန်ဂရက်မှာ နေရာအများစု ယူထားနိုင်နေတာပါ။

ဒါပေမဲ့ ဘော်လ်ဆိုနာရို ကတော့ အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့မှာ လေယာဉ်ပေါ်မတက်မီ မီဒီယာကို ဖြေကြားရာမှာ သူ့ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို လျှော့ချ ပြောဆိုခဲ့ပါတယ်။ လစ်ဘရယ်ပါတီရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးရာမှာ ကူညီပြီး သူ့အတွေ့အကြုံတွေကို အသုံးချမယ်လို့ ဆိုပါတယ်။ သူရှုံးနိမ့်ခဲ့တဲ့ အောက်တိုဘာလ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း “ဒါဟာ တခန်း ရပ်ခဲ့ပြီ” လို့ ပြောပါတယ်။ "ကျွန်တော်တို့ စာမျက်နှာအသစ်တစ်ခု ဖွင့်လှစ်လိုက်ပါပြီ။ အခုတော့ နောက်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သွားမှာပါ" လို့ CNN Brasil ကို ဖြေကြားခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ ဒီနှစ်ဆန်းပိုင်းက ရွေးကောက်ပွဲ အနိုင်ရသူကို ထုံးတမ်းစဉ်လာအတိုင်း သမ္မတ စလွယ် တရားဝင် လွှဲပြောင်းပေးရမယ့်ရက် မတိုင်မီ ၂ ရက်အလိုမှာ အမေရိကန်ကို ထွက်သွားခဲ့တာပါ။ အဲဒီတုန်းက သူ အနားယူဖို့ လိုတယ်လို့ အကြောင်းပြပေမယ့် ဘရာဇီးမှာ သူ ရင်ဆိုင်လာရနိုင်ဖွယ်ရှိတဲ့ ဥပဒေရေးရာ စုံစမ်းစစ်ဆေးမှု တဒါဇင်ကျော်ရဲ့ အန္တရာယ်တွေကို ရှောင်ရှားတာလို့လည်း ဝေဖန်သူတွေ ရှိပါတယ်။

ဘရာဇီးရဲ့ ရွေးကောက်ပွဲ စနစ်အပေါ် ဝေဖန်တိုက်ခိုက်တာနဲ့ ဇန်နဝါရီလ ၈ ရက်နေ့က အစိုးရ အဆောက်အအုံတွေကို သူ့ကို ထောက်ခံသူတွေ ဝင်စီးခဲ့တာမှာ အားပေးအားမြှောက်လုပ်ခဲ့တယ် ဆိုပြီး ဘော်လ်ဆိုနာရိုကို ဥပဒေရေးရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စွပ်စွဲပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ဟာ သူ လေးစားရတဲ့ နိုင်ငံရေးသမားအဖြစ် ညွှန်းဆိုလေ့ရှိတဲ့ ဘော်လ်ဆိုနာရိုဟာ ဒီလထဲ ဝါရှင်တန်မှာကျင်းပတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့ပြီး မနှစ် အောက်တိုဘာတုန်းက ပြိုင်ဘက် လက်ဝဲဝါဒီ လူလာ သီသီလေး အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။ “ဘရာဇီးမှာ သူ့ရဲ့ အလုပ်တာဝန်တွေ မပြီးသေးဘူး"လို့လည်း ဘော်လ်ဆိုနာရိုက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG