သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးသမ္မတ တရုတ်ခရီးစဉ်စတင်


ဘရာဇီးလ်သမ္မတ လူလာ
ဘရာဇီးလ်သမ္မတ လူလာ

{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ဘရာဇီးသမ္မတ လူဝိဇ် အင်နာဆီယို လူလာ ဒဆေလ်ဗာ ဟာ အင်္ဂါနေ့က တရုတ်နိုင်ငံခရီးကို စတင်လိုက်ပါတယ်။ တရုတ်ဟာ ဘရာဇီးရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့အပြင် ခဲယဉ်းလှတဲ့ ယူကရိန်းငြိမ်းချမ်းရေးအတွက်လည်း ဘရာဇီးသမ္မတ လူလာက တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းဖို့ ရှိပါတယ်။

လူလာက ဘရားဇီး၊ တရုတ်နဲ့ အခြားနိုင်ငံတွေကို ယူကရိန်းစစ်ပွဲပြေငြိမ်းရေး ကြားဝင်စေ့စပ်ပေးဖို့အလိုရှိနေပြီး ဒီကတဆင့် ဘရားဇီးကို ကမ္ဘာ့ဇာတ်ခုံ ပြန်လည်ရောက်ရှိစေချင်တာပါ။ ဒါပေမယ့် ဒီ ပဋိပက္ခအပေါ်လူလာရဲ့ကမ်းလှမ်းအဆိုပြုချက်တွေက ယူကရိန်းနဲ့ အနောက်နိုင်ငံတချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ဒီ ခရီးစဉ်အတွင်းမှာ ယူကရိန်းအရေးအပြင် အရင် ဘရာဇီးသမ္မတလက်ထက်တုန်းက ချောချောမွေ့မွေ့မဖြစ်ခဲ့တဲ့ နှစ်နိုင်ငံရဲ့ဘုံအကျိုးစီးပွား ဆက်စပ် ကုန်သွယ်ရေးဆိုင်ရာတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ လူလာရဲ့နှစ်ရက်ကြာခရီးစဉ်အတွင်းမှာ တရုတ်နဲ့ဘရာဇီးလ်ကြား နှစ်နိုင်ငံသဘောတူညီချက် အနည်းဆုံး ၂၀ ထက်မနည်းကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားကြောင်း ဘရာဇီးအစိုးရက ပြောပါတယ်။ လူလာဟာ ရှန်ဟိုင်းနဲ့ဘေဂျင်းကို သွားဖို့စီစဉ်ထားပြီး သောကြာနေ့မှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာပါ။

ခေါင်းဆောင်နှစ်ဦးဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုကဏ္ဍတဖန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စွမ်းအင်ကဏ္ဍကူးပြောင်းမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေအကြောင်း ဆွေးနွေးဖို့မျှော်လင့်ထားကြောင်း ဘရာဇီးအစိုးရက ပြောပါတယ်။

ဘရာဇီးနဲ့ တရုတ်နိုင်ငံတွေဟာ BRICS လို့ခေါ်တဲ့ ထွန်းသစ်စ စီးပွားရေး အင်အားကြီးနိုင်ငံများအဖွဲ့ဝင်ဖြစ်ကြပြီး ကမ္ဘာ့အရေးအရာ နိုင်ငံရေးကိစ္စရပ်တွေမှာ အမေရိကန်လွှမ်းမိုးနေတဲ့စနစ်ကို ပြောင်းလဲဖို့ တွန်းအားပေးနေကြတာပါ။

ရုရှားကလည်း BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လူလာက နိုင်ငံတကာအသိုင်းအဝန်းကိုတိုက်တွန်းနေတဲ့ အဓိကအချက်တွေထဲမှာ ဘရာဇီးနဲ့ တရုတ်အပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပါတယ်။ ဒီလအစောပိုင်းကလည်း လူလာရဲ့အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆဲလ်ဆို အမ်မိုရင် က ရုရှားကိုသွားရောက်ပြီး သမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဘရာဇီးသမ္မတ တရုတ်ခရီးစဉ်စတင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

---------

{{Unicode}}









XS
SM
MD
LG