သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ကိုဗစ္ မ်ိဳးသစ္ အေမရိကန္မွာ ကူးစက္မႈ ျမင္႔မား


(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့တဲ့ ကူးစက္ျမန္ ကိုဗစ္ေရာဂါ အမ်ဳိးအစားကို အေမရိကန္မွာ အေတြ႕ရမ်ားလာေနတယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ တားဆီးေရးဌာန (CDC) အႀကီးအကဲက ေျပာဆိုလိုက္ပါတယ္။

“CDC ရဲ႕ မၾကာေသးခင္တုန္းက ေစာင့္ၾကည့္ေလ့လာမႈေတြအေပၚ ခန္႔မွန္းတြက္ခ်က္မႈအရ B.1.1.7 အမ်ဳိးအစား ဟာ အခုအခါ အေမရိကန္မွာ အေတြ႕မ်ားလာေနပါတယ္။” လို႔ CDC ၫႊန္ၾကားေရးမွဴး Rochelle Walensky က ဗုဒၶဟူးေန႔မွာ ေျပာဆိုလိုက္တာပါ။

ေရာဂါပိုး အမ်ဳိးအစားသစ္ဟာ လူငယ္ေတြမွာ ပိုမိုကူးစက္လြယ္တာ ေတြ႕ရၿပီး မၾကာေသးခင္ သီတင္းပတ္က ကူးစက္မႈေတြမွာ ပိုမိုေတြ႕ရွိလာရေၾကာင္းလည္း COVID-19 တိုက္ဖ်က္ေရးအဖဲြ႕ရဲ႕ အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။ ၇ ရက္အတြင္း ေန႔စဥ္ပ်မ္းမွ် ကူးစက္မႈႏႈန္းဟာ ၂.၃ ရာခိုင္ႏႈန္းတိုးလာၿပီး ၆၂,၈၇၈ ေယာက္ ရွိတယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ တပတ္အတြင္း ေန႔စဥ္ေဆး႐ုံတင္ရသူ လူနာအေရအတြက္ဟာလည္း ၂.၇ ရာခိုင္ႏႈန္း တိုးလာခဲ့တာပါ။ အသက္ ၃၀ နဲ႔ ၄၀ ၀န္းက်င္ လူငယ္ေတြမွာ ေရာဂါျပင္းျပင္းထန္ထန္ ခံစားရတာေတြကို ေတြ႕ရွိလာရေၾကာင္းလည္း CDC အႀကီးအကဲက ေျပာပါတယ္။

ေန႔စဥ္ပ်မ္းမွ် အေမရိကန္ ၃ သန္းေလာက္ကို ကာကြယ္ေဆးထိုးေပးေနတဲ့ အားတက္စရာသတင္းေတြ ၾကားေနရေပမဲ့ ေနာက္ထပ္ ကူးစက္ပ်ံ႔ႏွံ႔မႈႏႈန္းေတြ တိုးလာေနတယ္လို႔လည္း ေျပာပါတယ္။ ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ကို အရွိန္ျမႇင့္ဖို႔ လိုအပ္သလို၊ လူထုဖက္က ပူးေပါင္းေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

ဗြိတိန်ကိုဗစ် မျိုးသစ် အမေရိကန်မှာ ကူးစက်မှု မြင့်မား

(Unicode)

ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ကိုဗစ်ရောဂါ အမျိုးအစားကို အမေရိကန်မှာ အတွေ့ရများလာနေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ် တားဆီးရေးဌာန (CDC) အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

“CDC ရဲ့ မကြာသေးခင်တုန်းက စောင့်ကြည့်လေ့လာမှုတွေအပေါ် ခန့်မှန်းတွက်ချက်မှုအရ B.1.1.7 အမျိုးအစား ဟာ အခုအခါ အမေရိကန်မှာ အတွေ့များလာနေပါတယ်။” လို့ CDC ညွှန်ကြားရေးမှူး Rochelle Walensky က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

ရောဂါပိုး အမျိုးအစားသစ်ဟာ လူငယ်တွေမှာ ပိုမိုကူးစက်လွယ်တာ တွေ့ရပြီး မကြာသေးခင် သီတင်းပတ်က ကူးစက်မှုတွေမှာ ပိုမိုတွေ့ရှိလာရကြောင်းလည်း COVID-19 တိုက်ဖျက်ရေးအဖွဲ့ရဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ၇ ရက်အတွင်း နေ့စဉ်ပျမ်းမျှ ကူးစက်မှုနှုန်းဟာ ၂.၃ ရာခိုင်နှုန်းတိုးလာပြီး ၆၂,၈၇၈ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း နေ့စဉ်ဆေးရုံတင်ရသူ လူနာအရေအတွက်ဟာလည်း ၂.၇ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင် လူငယ်တွေမှာ ရောဂါပြင်းပြင်းထန်ထန် ခံစားရတာတွေကို တွေ့ရှိလာရကြောင်းလည်း CDC အကြီးအကဲက ပြောပါတယ်။

နေ့စဉ်ပျမ်းမျှ အမေရိကန် ၃ သန်းလောက်ကို ကာကွယ်ဆေးထိုးပေးနေတဲ့ အားတက်စရာသတင်းတွေ ကြားနေရပေမဲ့ နောက်ထပ် ကူးစက်ပျံ့နှံ့မှုနှုန်းတွေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို အရှိန်မြှင့်ဖို့ လိုအပ်သလို၊ လူထုဖက်က ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG