သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး အမြန်ဆုံးဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ်တိုက်တွန်း


ဗြိတိန်ဝန်ကြီးချုပ် Theresa May
ဗြိတိန်ဝန်ကြီးချုပ် Theresa May

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်း ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ အာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရအာဏာပိုင်တွေကို ကျမ တောင်းဆိုပါတယ်။” - လို့ ဗြိတိန် ဝန်ကြီးချုပ် Theresa May ကပြောသွားတာပါ။

အမေရိကန် ဒုသမ္မတ Mike Pence ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းကို ခြိမ်းခြောက်ရာ ရောက်နေတယ်လို့ ဆိုပြီး ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ ကုလသမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သင့်တဲ့အကြောင်း မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်း ပြောဆိုသွားပါတယ်။ ဒီအတောအတွင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်က ဒေသခံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေကို အဆုံးသတ်ပြီး ပဋိပက္ခတွေအတွင်း ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာမူစလင်တွေ အရေး ရေရှည် ဖြေရှင်းနိုင်မယ့် အဖြေတခု ရှာဖွေဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တကျော့ပြန် ပြန်လည် ဖြစ်ပွားလာခဲ့တဲ့ အကြမ်းဖက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကလည်း ဒီလ ၁၉ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG