သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်စက်တဲ့ ဥပဒေပြဌာန်းမှု ဘရူနိုင်း ဆိုင်းငံ့


ဘရူနိုင်းခေါင်းဆောင် ဆူလ်တန်စော်ဘွား Hassanal Bolkiah
ဘရူနိုင်းခေါင်းဆောင် ဆူလ်တန်စော်ဘွား Hassanal Bolkiah

ဘရူနိုင်းနိုင်ငံမှာ လိင်တူဆက်ဆံမှု အပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို သေသည်အထိ ကျောက်ခဲနဲ့ ပစ်ပေါက် အဆုံးစီရင်တဲ့ ရှရီယာ အစ္စလမ်ဘာသာရေး ဥပဒေကို ပြီးခဲ့တဲ့ ဧပြီလ(၃)ရက်နေ့က ပြဌာန်းခဲ့ပေမဲ့ နိုင်ငံတကာက အပြင်းအထန် ဝေဖန်ခဲ့ပြီးနောက်မှာ အဲဒီလို သေဒဏ်ပေးမယ့်ဥပဒေကို ဆိုင်းငံ့လိုက်ကြောင်း ဘရူနိုင်းခေါင်းဆောင် ဆူလ်တန်စော်ဘွား Hassanal Bolkiah က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘရူနိုင်းရဲ့ အဆိုပါ သေဒဏ်ပေး ဥပဒေကို နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် George Clooney အပါအဝင် နာမည်ကြီးအနုပညာရှင် တွေနဲ့ ကုလသမဂ္ဂ ၊ လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေကပါ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။

ရှရီယာ ဥပဒေအရ အိမ်ထောင်ရေးဖေါက်ပြန်သူတွေနဲ့ လိင်တူစုံမက်သူတွေထဲက အမျိုးသားချင်း ဆက်ဆံသူတွေကို ခဲနဲ့ပစ်ပေါက်ပြီး သေဒဏ်ပေးခွင့် ရှိသလို၊ အမျိုးသမီးချင်း ဆက်ဆံမှုအတွက် ကြိမ်ဒဏ် (၁၀၀) ရိုက်ပြီး အပြစ်ပေးခွင့် ရှိတာပါ။

မွတ်စလင် အများစုနေထိုင်ပြီး ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ သေးငယ်တဲ့ ဘရူနိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာရှတိုက်ရဲ့ ပထမဆုံး အစ္စလာမ်ဘာသာရေး ဥပဒေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လာတာပါ။ အရင်က ဗြိတိသျှ ကာကွယ်စောင့်ရှောက်ခံ နိုင်ငံဖြစ်ခဲ့တဲ့ ရေနံကြွယ်ဝတဲ့ ဘရူနိုင်းနိုင်ငံမှာ လူဦးရေ ၄ သိန်းခွဲလောက် ရှိပြီး သြဇာကြီးတဲ့ ဘရူနိုင်းစော်ဘွား Hassanal Bolkiah က ဝန်ကြီးချုပ် တာဝန်ကိုပါ အနှစ် ၅၀ ကျော် ယူပြီး အုပ်ချုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG