သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Covid-19 ပိုး ရိွမရိွ စစ္ေဆးမႈ ဘယ္ေလာက္အေရးပါ


This photo taken on April 9, 2020 shows a COVID-19 coronavirus antibody test kit at Sophonix, a company which produces test kits for medical use, in Beijing. - The company is awaiting regulatory approval for a COVID-19 coronavirus antibody test kit that came out in February. (Pho
Covid-19 ပိုး ရိွမရိွ စစ္ေဆးမႈ ဘယ္ေလာက္အေရးပါ
please wait

No media source currently available

0:00 0:10:05 0:00
တိုက္႐ိုက္ လင့္ခ္

Covid-19 Delta variant ပိုး ရိွမရိွ စမ္းသပ္မႈက ဘယ္ေလာက္အေရးပါသလဲဆိုတာကို Minnesota ျပည္နယ္ ဓါတ္ခြဲခန္းအဏုဇီဝနည္းပညာ ဒါရိုက္တာ ေဒါက္တာျဖဴျမတ္သြယ္ကို ေဒၚခင္မ်ဳိးသက္ က ဆက္သြယ္ေမးျမန္းေဆြးေႏြးထားပါတယ္။

ေမး ။ ။ မဂၤလာပါ ေဒၚျဖဴျမတ္သြယ္။ အခု ျမန္မာျပည္မွာတင္မကဘူး၊ တကမာၻလံုးမွာ Delta ဗီဇေျပာင္းတဲ့ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးသစ္ေတြက ျပန္႔ေနပါတယ္။ ဒီလိုအခ်ိန္မ်ဳိးမွာ ကိုဗစ္ ပိုးရိွမရိွ စမ္းသပ္တဲ့ testing ဘယ္ေလာက္အေရးပါသလဲဆိုတာကို နည္းနည္းေလး အစအရင္ဆံုးေျပာျပေပးပါ။

ေျဖ ။ ။ မဂၤလာပါ အန္တီခင္မ်ဳိးသက္။ အခုက Delta က တကမာၻလံုးမွာ ဗမာျပည္အပါအဝင္ ျပန္႔ေနေတာ့ testing ကလည္း ေတာ္ေတာ္အေရးပါပါတယ္။ ပါတယ္ဆိုတာက ဟိုးအရင္တုန္းကလိုပဲ Delta Variant မ်ဳိးကြဲ ကိုဗစ္ပိုး မေပၚခင္ကတည္းက လကၡဏာ ရိွတဲ့လူေတြကို စစ္သင့္သလုိ၊ လကၡဏာ မရိွတဲ့လူေတြကိုလည္း စစ္ပါတယ္။ အဲဒါကို surveillance လို႔ ေခၚပါတယ္။ အဲဒီလို လူအုပ္စုႏွစ္ခုစလံုးကို စစ္တာကိုမွ ေတာ္ေတာ္မ်ားမ်ား ထိထိေရာက္ေရာက္ စစ္ႏုိင္ဖို႔က အရမ္းအေရးႀကီးပါတယ္။

ေမး ။ ။ ဆိုေတာ့ စစ္တဲ့အခါမွာ ဘယ္လို test စမ္းသပ္မႈမ်ဳိး စစ္သင့္ပါလဲ။

ေျဖ ။ ။ Test က အခုက ဟိုးအရင္တုန္းက ကိုဗစ္ စေပၚကစကနဲ႔ မတူတာကေတာ့ ပိုၿပီးေတာ့ test ေတြ ပိုၿပီးေတာ့ က်ယ္ျပန္႔လာတယ္။ test ေတြ အေရအတြက္လည္း ပိုမ်ားလာသလို option ေရြးခ်ယ္မႈေတြလည္း ပိုရိွလာတယ္။ ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ားလည္း (ေဆးဝါး) ထုတ္လာႏုိင္တယ္ဆိုေတာ့ အျမန္စစ္တဲ့ test ဆိုတာလည္းရိွတယ္။ အျမန္စစ္တဲ့ test က အခု အေမရိကမွာဆိုရင္ အဲဒါကို home test လို႔ေခၚတယ္။ အိမ္မွာ တစ္ေယာက္ေယာက္ ေနမေကာင္းဘူးဆိုရင္၊ အိမ္မွာစစ္ခ်င္တယ္ဆိုရင္ Over the counter ေခၚတဲ့ ေဆးဆိုင္မွာျဖစ္ျဖစ္၊ ေဆးခန္းမွာျဖစ္ျဖစ္ အဲဒီစစ္တဲ့ဟာကို သြားဝယ္လို႔ရတယ္။ အခုေတာ့ ရန္ကုန္မွာလည္း အဲဒီလိုမ်ဳိးေတြ ရိွတယ္။ ျမန္မာႏုိင္ငံ အႏံွ႔အျပားမွာလည္း အျမန္စစ္တဲ့ test ရိွေနပါၿပီ။ ေနာက္တစ္ခုၾကေတာ့ ဓါတ္ခြဲခန္း (lab) မွာ စစ္တာ။ ေဆးခန္းမွာသြားျပတယ္။ ေနမေကာင္းဘူး - တုပ္ေကြးျဖစ္ျဖစ္၊ ဖ်ားနာနည္းနည္းပါးပါး၊ ႏွားေစးေခ်ာင္းဆိုးပဲျဖစ္ျဖစ္ သံသယရိွလို႔ သြားျပရင္ ေဆးခန္းမွာ ဆရာဝန္ကိုယ္တိုင္ နမူနာယူၿပီးေတာ့ ေဆးခန္းကေန ဓါတ္ခြဲခန္းေတြကိုပို႔တယ္။ ေဆးရံုဓါတ္ခြဲခန္းပဲျဖစ္ျဖစ္၊ ျပင္ပဓါတ္ခြဲခန္းပဲျဖစ္ျဖစ္၊ အထူးစစ္ေဆးႏုိင္တဲ့ ဓါတ္ခြဲခန္းေတြကို ပို႔ၿပီးေတာ့ PCR (polymerase chain reaction) လို႔ေခၚတဲ့ စမ္းသပ္မႈ။ အဲဒီစမ္းသပ္မႈမွာလည္း အျမန္ PCR ရိွတယ္၊ အေႏွး PCR ရိွတယ္။ အဲဒါက ဓါတ္ခြဲခန္းေတြမွာသံုးတဲ့ စက္အမ်ဳိးမ်ဳိးေပၚ မူတည္တာေပါ့။ အျမန္ထြက္တဲ့စက္ ရိွတယ္။ အေႏွးထြက္တဲ့စက္ ရိွတယ္။ အဓိက အဲဒီႏွစ္မ်ဳိး - အိမ္မွာစစ္တဲ့ စမ္းသပ္မႈ ရိွတယ္။ ေဆးခန္းကေနတဆင့္ ဓါတ္ခြဲခန္းမွာစစ္တဲ့ စမ္းသပ္မႈ ရိွတယ္။

ေနာက္တစ္ခုကေတာ့ အိမ္မွာစစ္တဲ့ test ေတြက မ်ားေသာအားျဖင့္က recommendation ေထာက္ခံခ်က္ကေတာ့ လံုးဝ ေရာဂါပိုးလကၡဏာ ရိွတဲ့လူမွသာ စစ္ဖုိ႔သင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လကၡဏာရိွမွပဲ ဗိုင္းရပ္စ္ပိုးက ကိုယ္ထဲမွာ အမ်ားႀကီး ရိွေနတယ္။ အဲဒါကို home-test လို႔ေခၚတဲ့ အိမ္မွာစစ္တာပဲျဖစ္ျဖစ္၊ အျမန္စစ္တဲ့ test က ပိုၿပီးေတာ့ ထိေရာက္ခ်က္ေကာင္းတယ္။ အကယ္လို႔ ကိုယ့္ဘာသာ home-test နဲ႔ စစ္လို႔ Negative ျဖစ္တယ္ဆိုရင္ မ်ားေသာအားျဖင့္က ဆရာဝန္ဆီမွာ ေဆးခန္းသြားျပၿပီးေတာ့ PCR test နဲ႔ ထပ္ၿပီးေတာ့ စစ္ၾကည့္တာ ပိုေကာင္းပါတယ္။ အဲဒါမွ ပိုးရိွလား၊ မရိွလားဆုိတာကို ပိုၿပီးေတာ ေသခ်ာေၾကာင္း သိႏုိင္တယ္။ အဲဒီလိုမ်ဳိး test ေတြ ခြဲထားပါတယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာျပည္မွာ ကိုယ့္ဘာသာကိုယ္ စစ္တဲ့ test-kit ေလးေတြ သံုးေနၾကပါတယ္။ ဘယ္ဥစၥာက ပိုစိတ္ခ်ရသလဲ။ ဘယ္လိုမ်ဳိး test-kit က စိတ္ခ်ရသလဲလို႔ အေမရိကန္စံခ်ိန္နဲ႔ သတ္မွတ္ၾကပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ ဘယ္ဥစၥာက test-kit က စိတ္ခ်ရသလဲဆိုတာကေတာ့ ေသေသခ်ာခ်ာေတာ့ ေျပာလုိ႔မရဘူး။ ထုတ္တဲ့ကုမၸဏီေတြကလည္း အခုေနာက္ပိုင္း အမ်ဳိိးမ်ဳိးေပၚလာတယ္။ အဓိကေတာ့ ဗမာျပည္မွာလည္း test-kit ေတြက မ်ားေသာအားျဖင့္ အိႏိၵယနဲ႔ တရုတ္က ထုတ္တာေတြ ရိွၾကတယ္။ အဓိက ထုတ္ထားတဲ့ test-kit မွာ ညြန္ၾကားခ်က္ေလးေတြ ပါတယ္။ ဘယ္က်န္းမာေရးဌာနက ေထာက္ခံခ်က္ေပးထားလဲ။ အဲဒီလိုမ်ဳိး အမွတ္အသားေလးေတြကို ၾကည့္လို႔ရိွရင္ေတာ့ မ်ားေသာအားျဖင့္ေတာ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းက မ်ားေသာအားျဖင့္ ေထာက္ခံခ်က္ေပးထားတာမ်ားတယ္။ ဒါေပမဲ့ တရုတ္နဲ႔ အိႏိၵယတို႔က ထုတ္တဲ့ ပစၥည္းေတြက ေထာက္ခံခ်က္ ရိွမရိွေတာ့ မေျပာတတ္ဘူး။ ဒီမွာဆိုလဲ ကုမၸဏီေတြ အမ်ားႀကီးလည္း ေပၚလာတယ္။ အျမန္စစ္တဲ့ test-kit ထုတ္တဲ့ ကုမၸဏီေတြလည္း အမ်ားႀကီးရိွလာတယ္။ တစ္ခုနဲ႔တစ္ခု ႀကိဳက္သလိုမ်ဳိး သံုးၾကတယ္။ ပိုၿပီးေတာ့ အဆင္ေျပတာကေတာ့ test-kit ကေတာ့ အိမ္မွာလည္း စစ္တာဆုိေတာ့ ႏွာေခါင္းပတ္ဝန္းက်င္ကိုပဲ အတြင္းပိုင္းနည္းနည္းထိုးၿပီး နမူနာယူႏုိင္တဲ့ဟာကေတာ့ ပိုၿပီးေတာ့ အဆင္ေျပတာေပါ့။ ကိုယ္ကိုယ္တုိင္လည္း နမူနာယူတဲ့အတြက္ေၾကာင့္မို႔ အရင္တုန္းကဆိုရင္ အတြင္းပိုင္းအထိကိုထိုးၿပီးေတာ့ စံနမူနာယူရတယ္။ အဲဒီလိုမ်ဳိး test-kit ဆိုရင္ေတာ့ - အိမ္မွာကိုယ္တုိင္ test လုပ္တာဆုိရင္ေတာ့ ခက္မယ္။ ဒါေပမဲ့ ထိထိေရာက္ေရာက္ကလည္း အဲဒီလိုမ်ဳိး အတြင္းပိုင္းကို ေရာက္တဲ့ဟာက ပိုၿပီးေတာ့ ထိေရာက္တယ္။ အဲဒါက ဆရာဝန္ ေဆးခန္းေတြမွာ ယူတာကေတာ့ ပိုေကာင္းပါတယ္။

ေမး ။ ။ ဆိုေတာ့ အခုဆိုလို႔ရိွရင္ ျမန္မာႏုိင္ငံမွာလည္း ကာကြယ္ေဆးေတြ ထိုးေပးေနၿပီ။ ကာကြယ္ေဆးထိုးၿပီးသာလူ။ ေနာက္မထိုးရေသးတဲ့လူ။ ဒီ test လုပ္တဲ့ဟာက ကာကြယ္ေဆး ထိုးၿပီသာ လူေတြက test ကို ဘယ္အခ်ိန္မ်ဳိးမွာ လုပ္သင့္သလဲ။ ဒါမွမဟုတ္ test မလုပ္ဘဲနဲ႔ ေနသင့္သလား။ ထားလို႔ရသလား။ အဲဒါေလး နည္းနည္းရွင္းျပေပးပါ။ ကာကြယ္ေဆးနဲ႔ test လုပ္တာနဲ႔ ပတ္သက္ၿပီးေတာ့။

ေျဖ ။ ။ အခု ကာကြယ္ေဆးေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ထိုးေနၾကၿပီဆုိေတာ့ စစ္မယ္ဆိုရင္ေတာ့ ႏွစ္ခုရိွတယ္။ ကာကြယ္ေဆးထိုးၿပီးေတာ့ ေနေကာင္းတယ္။ ပံုမွန္ ဘာမွမျဖစ္ဘူး၊ က်န္းက်န္းမာမာပဲဆိုရင္ စစ္ႏုိင္တဲ့။ ကာကြယ္ေဆး ထိုးထားတဲ့လူ စစ္ႏုိင္တာက ဘာလဲဆိုေတာ့ ဒီကာကြယ္ေဆးကေန ကိုယ္ခံအား တက္လာသလား။ တက္မလာသလား။ ကိုဗစ္ပိုးကို ကာကြယ္ႏုိင္ဖို႔အတြက္ Anti-body ကို စစ္သင့္တယ္။ အဲဒါက ကာကြယ္ေဆးထုိးတယ္။ ေနမေကာင္းတာ ဘာမွမျဖစ္ဘူးဆိုရင္ ေဆးထိုးၿပီး ႏွစ္ပတ္သံုးပတ္ေလာက္ - ေနာက္ဆံုးအႀကိမ္ထိုးၿပီးတဲ့အခါမွာ Anti-body test စစ္လို႔ရတယ္။ အဲဒါက ကိုယ္ခံအားကို စစ္ေဆးတာ။ ေနာက္တစ္ခုက တခ်ဳိ ႔ကာကြယ္ေဆးထိုးထားတဲ့ လူေတြက တစ္ဦးနဲ႔တစ္ဦးကလည္း မတူဘူး။ ကိုယ္ခံအားမေကာင္းလို႔ ကာကြယ္ေဆးေၾကာင့္ ဖ်ားသြားတာလည္း ရိွၾကတယ္။ အဲဒီလိုမ်ဳိးဆိုရင္ေတာ့ ေစာေစာကေျပာသလို အျမန္ Antigen test ပဲျဖစ္ျဖစ္၊ PCR test ပဲျဖစ္ျဖစ္ အဲဒီလိုမ်ဳိး သြားစစ္လို႔လည္း ရပါတယ္။ ေနာက္တစ္ခုက သူတုိ႔ကိုယ္တုိင္လည္း Anti-body ကိုယ္ခံအားရိွမရိွကိုလည္း စစ္လုိ႔ရပါတယ္။ ဒါေပမဲ့ ကာကြယ္ေဆးထိုးၿပီးေတာ့ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ထိုးၿပီးၿပီခ်င္းပဲျဖစ္ျဖစ္၊ ေနာက္ေတာ္ေတာ္ေလးၾကာမွ တခ်ဳိ ႔ေတြလည္း ေနမေကာင္း ျဖစ္ၾကတယ္။ အဲဒီလိုဆို ကိုဗစ္ ရိွမရိွကို စစ္ေဆးႏုိင္ပါတယ္။

ေမး ။ ။ အဲဒီလိုအခ်ိိန္မ်ဳိးမွာ testing လုပ္တာကေရာ အဆင္ေျပပါ့မလား။

ေျဖ ။ ။ Test လုပ္တာက ဘာအႏၱရာယ္မွ မရိွပါဘူး။ ဒီအတိုင္း စံနမူနာေကာက္တာဆုိတာလဲ လြယ္ပါတယ္။ အခုေနာက္ပိုင္းဆိုရင္ အေနာက္ႏုိင္ငံေတြမွာေတာ့ ပိုၿပီးေတာ့ စံနမူနာမ်ဳိးစံု ေကာက္ဖို႔အတြက္ကို အခြင့္အေရး ပိုမ်ားလာတယ္။ အရင္တုန္းကဆိုရင္ ႏွာေခါင္းအရင္ပိုင္းအထိ ထိုးထည့္ၿပီး နမူနာကို ေကာက္ရတယ္။ အခုေနာက္ပိုင္းဆိုရင္ အေနာက္ႏုိင္ငံေတြမွာ တံေတြး (Saliva) ကိုပဲျဖစ္ျဖစ္၊ ပါးစပ္အတြင္းပိုင္း အားေခါင္းအတြင္းပိုင္းကို တို႔ၿပီးေတာ့ျဖစ္ျဖစ္၊ ေနာက္ ရိုးရိုးနွာေခါင္းအဝေလးမွာျဖစ္ျဖစ္ - ပိုၿပီးေတာ့ လူနာေတြ ခံႏုိင္ေရသာေအာင္လို႔ စမ္းသပ္ႏုိင္တဲ့ အခြင့္အေရးေတြ ပိုမ်ားလာပါတယ္။ အႏၱရာယ္ရိွတယ္ဆိုတာေတာ့ မရိွပါဘူး။ ေနာက္ ကိုယ္ခံအားစစ္တယ္ဆိုရင္လဲ ရိုးရိုးေသြးေဖာက္စစ္တာ။ အဲဒါကလဲ အပ္ေပါက္ေလး ထိုးတာေလာက္ပဲဆိုေတာ့ အႏၱရာယ္ ဘာမွမရိွပါဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode==

Covid-19 Delta variant ပိုး ရှိမရှိ စမ်းသပ်မှုက ဘယ်လောက်အရေးပါသလဲဆိုတာကို Minnesota ပြည်နယ် ဓါတ်ခွဲခန်းအဏုဇီဝနည်းပညာ ဒါရိုက်တာ ဒေါက်တာဖြူမြတ်သွယ်ကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဒေါ်ဖြူမြတ်သွယ်။ အခု မြန်မာပြည်မှာတင်မကဘူး၊ တကမ္ဘာလုံးမှာ Delta ဗီဇပြောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်တွေက ပြန့်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုဗစ် ပိုးရှိမရှိ စမ်းသပ်တဲ့ testing ဘယ်လောက်အရေးပါသလဲဆိုတာကို နည်းနည်းလေး အစအရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ။ မင်္ဂလာပါ အန်တီခင်မျိုးသက်။ အခုက Delta က တကမ္ဘာလုံးမှာ ဗမာပြည်အပါအဝင် ပြန့်နေတော့ testing ကလည်း တော်တော်အရေးပါပါတယ်။ ပါတယ်ဆိုတာက ဟိုးအရင်တုန်းကလိုပဲ Delta Variant မျိုးကွဲ ကိုဗစ်ပိုး မပေါ်ခင်ကတည်းက လက္ခဏာ ရှိတဲ့လူတွေကို စစ်သင့်သလို၊ လက္ခဏာ မရှိတဲ့လူတွေကိုလည်း စစ်ပါတယ်။ အဲဒါကို surveillance လို့ ခေါ်ပါတယ်။ အဲဒီလို လူအုပ်စုနှစ်ခုစလုံးကို စစ်တာကိုမှ တော်တော်များများ ထိထိရောက်ရောက် စစ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။

မေး ။ ။ ဆိုတော့ စစ်တဲ့အခါမှာ ဘယ်လို test စမ်းသပ်မှုမျိုး စစ်သင့်ပါလဲ။

ဖြေ ။ ။ Test က အခုက ဟိုးအရင်တုန်းက ကိုဗစ် စပေါ်ကစကနဲ့ မတူတာကတော့ ပိုပြီးတော့ test တွေ ပိုပြီးတော့ ကျယ်ပြန့်လာတယ်။ test တွေ အရေအတွက်လည်း ပိုများလာသလို option ရွေးချယ်မှုတွေလည်း ပိုရှိလာတယ်။ ကုမ္ပဏီတွေ တော်တော်များများလည်း (ဆေးဝါး) ထုတ်လာနိုင်တယ်ဆိုတော့ အမြန်စစ်တဲ့ test ဆိုတာလည်းရှိတယ်။ အမြန်စစ်တဲ့ test က အခု အမေရိကမှာဆိုရင် အဲဒါကို home test လို့ခေါ်တယ်။ အိမ်မှာ တစ်ယောက်ယောက် နေမကောင်းဘူးဆိုရင်၊ အိမ်မှာစစ်ချင်တယ်ဆိုရင် Over the counter ခေါ်တဲ့ ဆေးဆိုင်မှာဖြစ်ဖြစ်၊ ဆေးခန်းမှာဖြစ်ဖြစ် အဲဒီစစ်တဲ့ဟာကို သွားဝယ်လို့ရတယ်။ အခုတော့ ရန်ကုန်မှာလည်း အဲဒီလိုမျိုးတွေ ရှိတယ်။ မြန်မာနိုင်ငံ အနံှ့အပြားမှာလည်း အမြန်စစ်တဲ့ test ရှိနေပါပြီ။ နောက်တစ်ခုကြတော့ ဓါတ်ခွဲခန်း (lab) မှာ စစ်တာ။ ဆေးခန်းမှာသွားပြတယ်။ နေမကောင်းဘူး - တုပ်ကွေးဖြစ်ဖြစ်၊ ဖျားနာနည်းနည်းပါးပါး၊ နှားစေးချောင်းဆိုးပဲဖြစ်ဖြစ် သံသယရှိလို့ သွားပြရင် ဆေးခန်းမှာ ဆရာဝန်ကိုယ်တိုင် နမူနာယူပြီးတော့ ဆေးခန်းကနေ ဓါတ်ခွဲခန်းတွေကိုပို့တယ်။ ဆေးရုံဓါတ်ခွဲခန်းပဲဖြစ်ဖြစ်၊ ပြင်ပဓါတ်ခွဲခန်းပဲဖြစ်ဖြစ်၊ အထူးစစ်ဆေးနိုင်တဲ့ ဓါတ်ခွဲခန်းတွေကို ပို့ပြီးတော့ PCR (polymerase chain reaction) လို့ခေါ်တဲ့ စမ်းသပ်မှု။ အဲဒီစမ်းသပ်မှုမှာလည်း အမြန် PCR ရှိတယ်၊ အနှေး PCR ရှိတယ်။ အဲဒါက ဓါတ်ခွဲခန်းတွေမှာသုံးတဲ့ စက်အမျိုးမျိုးပေါ် မူတည်တာပေါ့။ အမြန်ထွက်တဲ့စက် ရှိတယ်။ အနှေးထွက်တဲ့စက် ရှိတယ်။ အဓိက အဲဒီနှစ်မျိုး - အိမ်မှာစစ်တဲ့ စမ်းသပ်မှု ရှိတယ်။ ဆေးခန်းကနေတဆင့် ဓါတ်ခွဲခန်းမှာစစ်တဲ့ စမ်းသပ်မှု ရှိတယ်။

နောက်တစ်ခုကတော့ အိမ်မှာစစ်တဲ့ test တွေက များသောအားဖြင့်က recommendation ထောက်ခံချက်ကတော့ လုံးဝ ရောဂါပိုးလက္ခဏာ ရှိတဲ့လူမှသာ စစ်ဖို့သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက္ခဏာရှိမှပဲ ဗိုင်းရပ်စ်ပိုးက ကိုယ်ထဲမှာ အများကြီး ရှိနေတယ်။ အဲဒါကို home-test လို့ခေါ်တဲ့ အိမ်မှာစစ်တာပဲဖြစ်ဖြစ်၊ အမြန်စစ်တဲ့ test က ပိုပြီးတော့ ထိရောက်ချက်ကောင်းတယ်။ အကယ်လို့ ကိုယ့်ဘာသာ home-test နဲ့ စစ်လို့ Negative ဖြစ်တယ်ဆိုရင် များသောအားဖြင့်က ဆရာဝန်ဆီမှာ ဆေးခန်းသွားပြပြီးတော့ PCR test နဲ့ ထပ်ပြီးတော့ စစ်ကြည့်တာ ပိုကောင်းပါတယ်။ အဲဒါမှ ပိုးရှိလား၊ မရှိလားဆိုတာကို ပိုပြီးတော သေချာကြောင်း သိနိုင်တယ်။ အဲဒီလိုမျိုး test တွေ ခွဲထားပါတယ်။

မေး ။ ။ ဆိုတော့ မြန်မာပြည်မှာ ကိုယ့်ဘာသာကိုယ် စစ်တဲ့ test-kit လေးတွေ သုံးနေကြပါတယ်။ ဘယ်ဥစ္စာက ပိုစိတ်ချရသလဲ။ ဘယ်လိုမျိုး test-kit က စိတ်ချရသလဲလို့ အမေရိကန်စံချိန်နဲ့ သတ်မှတ်ကြပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ ဘယ်ဥစ္စာက test-kit က စိတ်ချရသလဲဆိုတာကတော့ သေသေချာချာတော့ ပြောလို့မရဘူး။ ထုတ်တဲ့ကုမ္ပဏီတွေကလည်း အခုနောက်ပိုင်း အမျိုးမျိုးပေါ်လာတယ်။ အဓိကတော့ ဗမာပြည်မှာလည်း test-kit တွေက များသောအားဖြင့် အိန္ဒိယနဲ့ တရုတ်က ထုတ်တာတွေ ရှိကြတယ်။ အဓိက ထုတ်ထားတဲ့ test-kit မှာ ညွန်ကြားချက်လေးတွေ ပါတယ်။ ဘယ်ကျန်းမာရေးဌာနက ထောက်ခံချက်ပေးထားလဲ။ အဲဒီလိုမျိုး အမှတ်အသားလေးတွေကို ကြည့်လို့ရှိရင်တော့ များသောအားဖြင့်တော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက များသောအားဖြင့် ထောက်ခံချက်ပေးထားတာများတယ်။ ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယတို့က ထုတ်တဲ့ ပစ္စည်းတွေက ထောက်ခံချက် ရှိမရှိတော့ မပြောတတ်ဘူး။ ဒီမှာဆိုလဲ ကုမ္ပဏီတွေ အများကြီးလည်း ပေါ်လာတယ်။ အမြန်စစ်တဲ့ test-kit ထုတ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိလာတယ်။ တစ်ခုနဲ့တစ်ခု ကြိုက်သလိုမျိုး သုံးကြတယ်။ ပိုပြီးတော့ အဆင်ပြေတာကတော့ test-kit ကတော့ အိမ်မှာလည်း စစ်တာဆိုတော့ နှာခေါင်းပတ်ဝန်းကျင်ကိုပဲ အတွင်းပိုင်းနည်းနည်းထိုးပြီး နမူနာယူနိုင်တဲ့ဟာကတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း နမူနာယူတဲ့အတွက်ကြောင့်မို့ အရင်တုန်းကဆိုရင် အတွင်းပိုင်းအထိကိုထိုးပြီးတော့ စံနမူနာယူရတယ်။ အဲဒီလိုမျိုး test-kit ဆိုရင်တော့ - အိမ်မှာကိုယ်တိုင် test လုပ်တာဆိုရင်တော့ ခက်မယ်။ ဒါပေမဲ့ ထိထိရောက်ရောက်ကလည်း အဲဒီလိုမျိုး အတွင်းပိုင်းကို ရောက်တဲ့ဟာက ပိုပြီးတော့ ထိရောက်တယ်။ အဲဒါက ဆရာဝန် ဆေးခန်းတွေမှာ ယူတာကတော့ ပိုကောင်းပါတယ်။

မေး ။ ။ ဆိုတော့ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေးတွေ ထိုးပေးနေပြီ။ ကာကွယ်ဆေးထိုးပြီးသာလူ။ နောက်မထိုးရသေးတဲ့လူ။ ဒီ test လုပ်တဲ့ဟာက ကာကွယ်ဆေး ထိုးပြီသာ လူတွေက test ကို ဘယ်အချိန်မျိုးမှာ လုပ်သင့်သလဲ။ ဒါမှမဟုတ် test မလုပ်ဘဲနဲ့ နေသင့်သလား။ ထားလို့ရသလား။ အဲဒါလေး နည်းနည်းရှင်းပြပေးပါ။ ကာကွယ်ဆေးနဲ့ test လုပ်တာနဲ့ ပတ်သက်ပြီးတော့။

ဖြေ ။ ။ အခု ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနေကြပြီဆိုတော့ စစ်မယ်ဆိုရင်တော့ နှစ်ခုရှိတယ်။ ကာကွယ်ဆေးထိုးပြီးတော့ နေကောင်းတယ်။ ပုံမှန် ဘာမှမဖြစ်ဘူး၊ ကျန်းကျန်းမာမာပဲဆိုရင် စစ်နိုင်တဲ့။ ကာကွယ်ဆေး ထိုးထားတဲ့လူ စစ်နိုင်တာက ဘာလဲဆိုတော့ ဒီကာကွယ်ဆေးကနေ ကိုယ်ခံအား တက်လာသလား။ တက်မလာသလား။ ကိုဗစ်ပိုးကို ကာကွယ်နိုင်ဖို့အတွက် Anti-body ကို စစ်သင့်တယ်။ အဲဒါက ကာကွယ်ဆေးထိုးတယ်။ နေမကောင်းတာ ဘာမှမဖြစ်ဘူးဆိုရင် ဆေးထိုးပြီး နှစ်ပတ်သုံးပတ်လောက် - နောက်ဆုံးအကြိမ်ထိုးပြီးတဲ့အခါမှာ Anti-body test စစ်လို့ရတယ်။ အဲဒါက ကိုယ်ခံအားကို စစ်ဆေးတာ။ နောက်တစ်ခုက တချို့ကာကွယ်ဆေးထိုးထားတဲ့ လူတွေက တစ်ဦးနဲ့တစ်ဦးကလည်း မတူဘူး။ ကိုယ်ခံအားမကောင်းလို့ ကာကွယ်ဆေးကြောင့် ဖျားသွားတာလည်း ရှိကြတယ်။ အဲဒီလိုမျိုးဆိုရင်တော့ စောစောကပြောသလို အမြန် Antigen test ပဲဖြစ်ဖြစ်၊ PCR test ပဲဖြစ်ဖြစ် အဲဒီလိုမျိုး သွားစစ်လို့လည်း ရပါတယ်။ နောက်တစ်ခုက သူတို့ကိုယ်တိုင်လည်း Anti-body ကိုယ်ခံအားရှိမရှိကိုလည်း စစ်လို့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ထိုးပြီးပြီချင်းပဲဖြစ်ဖြစ်၊ နောက်တော်တော်လေးကြာမှ တချို့တွေလည်း နေမကောင်း ဖြစ်ကြတယ်။ အဲဒီလိုဆို ကိုဗစ် ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။

မေး ။ ။ အဲဒီလိုအချိန်မျိုးမှာ testing လုပ်တာကရော အဆင်ပြေပါ့မလား။

ဖြေ ။ ။ Test လုပ်တာက ဘာအန္တရာယ်မှ မရှိပါဘူး။ ဒီအတိုင်း စံနမူနာကောက်တာဆိုတာလဲ လွယ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အနောက်နိုင်ငံတွေမှာတော့ ပိုပြီးတော့ စံနမူနာမျိုးစုံ ကောက်ဖို့အတွက်ကို အခွင့်အရေး ပိုများလာတယ်။ အရင်တုန်းကဆိုရင် နှာခေါင်းအရင်ပိုင်းအထိ ထိုးထည့်ပြီး နမူနာကို ကောက်ရတယ်။ အခုနောက်ပိုင်းဆိုရင် အနောက်နိုင်ငံတွေမှာ တံတွေး (Saliva) ကိုပဲဖြစ်ဖြစ်၊ ပါးစပ်အတွင်းပိုင်း အားခေါင်းအတွင်းပိုင်းကို တို့ပြီးတော့ဖြစ်ဖြစ်၊ နောက် ရိုးရိုးနှာခေါင်းအဝလေးမှာဖြစ်ဖြစ် - ပိုပြီးတော့ လူနာတွေ ခံနိုင်ရေသာအောင်လို့ စမ်းသပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုများလာပါတယ်။ အန္တရာယ်ရှိတယ်ဆိုတာတော့ မရှိပါဘူး။ နောက် ကိုယ်ခံအားစစ်တယ်ဆိုရင်လဲ ရိုးရိုးသွေးဖောက်စစ်တာ။ အဲဒါကလဲ အပ်ပေါက်လေး ထိုးတာလောက်ပဲဆိုတော့ အန္တရာယ် ဘာမှမရှိပါဘူး။

ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG