သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အလုပ်သမားများ အခွင့်အရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ILO ညီလာခံတွေမှာ အရင်က ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေအတွက် ထူူးခြားဖြစ်စဉ် တရပ်အနေနဲ့ အမြဲလိုလို ထည့်သွင်းဆွေးနွေးမှု ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှာတော့ ကလေးစစ်သားအရေအတွက် (၈၀)% လျော့ကျသွားတာမို့ ထိပ်တန်းတင် လောက်တဲ့ကိစ္စ မဟုတ်တော့ဘူးလို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ (၁၀၅) ကြိမ်မြောက် နိုင်ငံတကာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ညီလာခံကို အလုပ်သမား ကိုယ်စားလှယ်အဖြစ် ဦးဆောင်တက်ရောက်လာတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။ လက်ရှိအလုပ်သမားတွေရဲ့ အခြေနေနဲ့ ပတ်သက်ပြီး ဦးမောင်မောင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာအလုပ်သမားများ အခွင့်အရေး
please wait

No media source currently available

0:00 0:11:23 0:00
တိုက်ရိုက် လင့်ခ်


ဦးမောင်မောင် ။ ။ ကျနော်တို့ အရင်တုန်းက ရှိခဲ့တဲ့ Cause root က အဓမ္မလုပ်ငန်း၊ ကလေးစစ်သားဆိုသည်က အကုန်လုံးတော့ မပျောက်သေးပေမယ့် ၈၀% လောက်တော့ ပျောက်သွားပြီလို့ ပြောလို့ရတယ်။ ဒါက Structural attention ပေါ့၊ အရင်တုန်းကလို ထူးခြားဖြစ်စဉ် ဆွေးနွေးမှုတွေထဲမှာ မပါတော့ဘူး။ ကျနော်တို့ထက် ဆိုးတဲ့နိုင်ငံတွေ ရှိပါတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဆိုရင် …. ပြိုတဲ့ကိစ္စ။ ဒီနောက်ပိုင်းမှာ ကလေးအလုပ်သမားတွေ ကိစ္စ။ ဖိလစ်ပိုင်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စ။ အရှေ့တောင်အာရှမှာဆိုရင် ကျနော်တို့ထက် ဆိုးတဲ့နိုင်ငံ နှစ်နိုင်ငံလောက် ရှိနေတယ်။ ကမ္ဘောဒီးယားမှာဆိုရင် ချီတက်ဆန္ဒပြတာကို သေနတ်နဲ့တဲ့ကိစ္စ။ အဲဒါမျိုးတွေ ရှိနေတော့ ဒါတွေကို ဆွေးနွေးတော့ ကျနော်တို့က ဦးစားပေးအဆင့်မှာ မရှိတော့ဘူး။ နောက်မှာ ရောက်သွားပါပြီ။ သို့သော် ကျနော်ပြောတဲ့ speech မှာတော့ ကျနော်ကတော့ လွတ်လပ်စွာ ဆွေးနွေးဖွဲ့စည်းမှုဆိုတဲ့ ကဏ္ဍရှိမယ်ဆိုလို့ရှိရင် ဒါကို ရှိတယ်။ သို့သော်လဲ ကျနော်တို့ဆီမှာ သိတဲ့သူ နည်းနေသေးတယ်။ ဒါကြောင့်မို့ ILO အနေနဲ့ မြန်မာပြည်မှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ စီမံချက်ကို လုပ်ဖို့သင်ပါတယ်ဆိုတဲ့ အကြောင်းကို ကျနော် တင်ပြမှာပါ။

ဒေါ်ခင်မျိုးသက် ။ ။ အခု မြန်မာပြည်မှာ Oxfarm ကနေ အစီရင်ခံစာ ထုတ်ခဲ့တယ်။ မြန်မာနဲ့ အာရှတလွှာမှာ အထည်ချုပ်သမတွေ နစ်နာမှု ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေတယောက်အနေနဲ့ ဘာတွေများ အရေးယူဆောင်ရွက်ပါလဲ။ ဒီ Oxfarm အစီရင်ခံစာထုတ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဦးမောင်မောင် ။ ။ Oxfarm အစီရင်ခံစာကတော့ Oxfarm ထုတ်တာဖြစ်မယ်။ သူတို့ Survey လုပ်တယ်လို့ ပြောတယ်။ Activists တွေ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ လုပ်ကြတာဖြစ်တယ်။ ကျနော်တို့ မပါဝင်ခဲ့ဘူး။ အဲဒီတော့ သူတို့မြင်တဲ့ vision အမြင် နဲ့ ကျနော်တို့ vision နဲ့တော့ တော်တော်လေး ကွာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အခုချက်ချင်း အလုပ်သမားအခွင့်အရေး ရာခိုင်နှုန်း (၁၀၀)% ရမယ်။ ပြောချင်တာပေါ့။ ပြောလို့တော့ ရတာပေါ့။ ဖြစ်နိုင်တာ Probability ဘယ်လောက် အတိုင်းအတာအထိ ဖြစ်နိုင်သလဲဆိုတဲ့ ကိစ္စ။ နောက်တခါ ကျနော်တို့က တခါပြန်ပြီး မေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ လုပ်ငန်းစဉ်တွေ လုပ်နေပါပြီ။ ဥပမာ ILO ရဲ့ လုပ်ငန်းစဉ်အရ Tripartite သုံးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ရမယ်ဆိုတော့ ကျနော်တို့က မြန်မာပြည်မှာ ရှိနေတာတွေ အလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ် (၉) ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် (၉) ဦး၊ အလုပ်သသမားမဂ္ဂ က ကိုယ်စားလှယ် (၃) ဦးစီပါတဲ့ (၉) ဦး Tripartite မှာဆို ယန္တရား ရှိနေပါတယ်။ အဲဒီကတဆင့် ဒါတွေကို ဖြေရှင်းနေပါတယ်။ ဥပမာပြောလို့ရှိရင် ကျနော်တို့ CDM အနေနဲ့ဆိုရင် ၂၀၁၃-၂၀၁၄-၁၅ အတွင်းမှာ အမှုပေါင်း အားလုံးပေါင်း (၁၂၃) ခု မြို့နယ်အတွင်းမှာ ဖြေရှင်းဖို့ ကြိုးစားတာ အောင်မြင်ခဲ့တယ်။ အဲဒီ လက်မှတ်ထိုးထားတာတွေက အလုပ်သမားအားလုံးပေါင်း (၃) သောင်း (၂) ထောင်ကျော်ကို ကိုယ်စားပြုထားနိုင်တယ်။ ဆိုတော့ သူတို့ ပြောထားတဲ့နေရာတွေကို ကွက်ပြီးတော့ ရှိတာတွေရှိမယ်။ ကျနော်တို့ မငြင်းဘူး။ သို့သော် ကျနော်တို့လည်း အရင်တုန်းက (၅) နှစ်နဲ့စာရင် Progress တွေ ရှိတယ်ဆိုတော့ ကျနော်တို့က သူတို့တွက်တဲ့ အစီရင်ခံစာနဲ့တော့ တော်တော်လေးတော့ ကွာဟနေတယ်လို့ ပြန်ပြောချင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခု မြန်မာနိုင်ငံ ပွင့်လင်းပြီးတော့ နည်းနည်း အကုန်လုံး လွတ်လွတ်လပ်လပ် ရလာတဲ့အချိန်မျိုးမှာ အလုပ်သမားအဖွဲ့အစည်းက တာဝန်ခံတယောက်အနေနဲ့ ဘာတွေများ အောင်အောင်မြင်မြင် အခုန ပြောသလို၊ ကလေးစစ်သားတွေကိစ္စ။ အဲဒီမှာ အောင်မြင်မှုရှိတယ်ဆိုတော့ တခြားဘယ်နေရာတွေမှာ အောင်မြင်တယ်လို့ ပြောနိုင်ပါလဲ။

ဦးမောင်မောင် ။ ။ ဥပမာဆိုရင် လုပ်ခ minimum wage ဆိုရင် အလုပ်သမားတွေ၊ အစိုးရနဲ့ အလုပ်ရှင်ပေါင်းပြီးတော့ Survey ဆင်းတယ်။ ကျနော်တို့ စစ်တမ်းကောက်ယူပြီးတော့မှ ကျနော်တို့ ဆွေးနွေးတယ်။ ဆွေးနွေးတာ မရှိဘူးဆိုရင် (၃) ပွင့်ဆိုင် ဆွေးနွေးတာ (၇) ကြိမ်လောက်ရှိတယ်။ ဒါက အများနဲ့ ဆွေးနွေးတာ။ ဒီကြားထဲမှာ တိုက်ရိုက် နှစ်ပွင့်ဆိုင် ဆွေးနွေးတာတွေ ရှိတယ်ဆိုတော့ ကျနော် တင်ပြချင်တာ mechanism ယန္တရားကို ဖော်ဖို့က အရေးကြီးပါတယ်။ လိုချင်တဲ့ အချက်အလက်တွေကတော့ အများကြီးရှိတယ်။ လိုချင်တဲ့ အချက်အလက်တွေကတော့ အများကြီးရှိတယ်။ အဲဒီအချက်အလက်တွေ ဖြေရှင်းတဲ့ ယန္တရား mechanism ကို ဖော်ဖို့က ကျနော်တို့က ဦးစားပေးတယ်။ ကျနော်တို့ minimum wage အနိမ့်ဆုံးလုပ်ခတွေကို ပြန်လည်သုံးသပ်ချိန်ရောက်ပြီ။ ဒါကို အစိုးရက ပြန်ပြီးတော့ အကြောင်းကြားနေပြီ။ ဒါဆို ကျနော်တို့အားလုံးက စစ်တမ်းကောက်ရမယ်။ စစ်တမ်းကောက်ပြီးတဲ့နောက်မှာ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်သွားသလဲ၊ မတက်သွားသလဲ။ အဲဒါတွေကြည့်ပြီးတဲ့နောက် လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လောက်အထိ တိုးလာသလဲ၊ မတိုးလာသလဲ။ ဥပမာ အထည်ချုပ်လုပ်ငန်းရှင်တွေ။ အထည်ချုပ်လုပ်ငန်းရှင်တွေဆိုရင် ၂၀၁၂ တုန်းက သူတို့ရဲ့ Export က ၉၀၀ သန်းရှိတယ်။ ၂၀၁၅ အဆုံးမှာ ၁.၃ ဘီလီယံ တက်လာတယ်။ အဲဒါမျိုးတွေကို ကျနော်တို့က တွက်ပြီးတဲ့နောက်မှာ minimum wage က ဘယ်လောက် ဖြစ်ချင်တယ်။ minimum wage ဘယ်လောက် ဖြစ်သင့်တယ်ဆိုတာကို အထည်ချုပ်လုပ်ငန်းတွေကို ပြောရမှာ။ ခံစားချက်တွေနဲ့ ပြောရင်တော့ အများကြီးပေါ့။ ဒါက ဥပမာ တခု ပြောတာပါ။ နောက်တခါ Employment Contract လုပ်ငန်းကို အလုပ်ခန့်တဲ့စာချုပ်။ အဲဒါကိုလည်း အလုပ်ရှင်ဖက်မှာ ကုန်သည်ကြီးများအသင်းချုပ်က တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်နဲ့ ကျနော်တို့ အလုပ်သမားသမ …. တို့ ပူးပေါင်းဆွေးနွေးတာတွေ ရှိတယ်။ ဆွေးနွေးပြီးနောက်မှာမှ အစိုးရမပါဘဲနဲ့ (၃) ပွင့်ဆိုင်ကနေ ထပ်ပြီးတော့ ဒါက အလုပ်ရှင် နဲ့ အလုပ်သမား တိုက်ရိုက်ဆွေးနွေးဖို့သင့်တဲ့ ကိစ္စ ဖြစ်တယ်။ ဒါကို ဆွေးနွေးမယ်ဆိုပြီး၊ ဒီအပြင်ကို ကျနော်တို့က လုပ်ငန်းကဏ္ဍ မတူတာတွေရှိတယ်။ ဥပမာ လေကြောင်းလိုင်းမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေနဲ့ ရေကြောင်းလိုင်းမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေနဲ့ အထည်ချုပ်စက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေနဲ့ မတူကြဘူး။ လုပ်ရတဲ့ လုပ်ငန်းအနေအထားလည်း မတူဘူး။ အလုပ်ချိန်လည်း မတူးဘူး။ ရတဲ့လုပ်အားခလည်း မတူကြဘူး။ ဒါတွေကို ကျနော်တို့က တင်ပြချင်တာက ယန္တရား mechanism ကို ဖော်ဖို့လိုပါတယ်။ ဒါကို စိတ်ရှည်လက်ရှည်နဲ့ ဖော်နေပါတယ်။ (၃) နှစ် ရှိပါပြီ။ ဒါကြောင့်မို့ ကျနော်တို့က အောင်မြင်မှုရှိတယ်လို့ တင်ပြချင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အင်မတန် အဖိနှိပ်ခံရတာတွေ၊ ခေါင်းပုံဖြတ်ခံရတာတွေ အများကြီး ရှိပါတယ်။ ဦးမောင်မောင် နဲ့ ဒီလူငယ်အဖွဲ့အနေနဲ့ ဝင်ပြီးတော့ လုပ်တဲ့နေရာမှာ နောက်ပိုင်းမှာ အစိုးရအနေနဲ့ ပံ့ပိုးမှု ဘယ်လောက်အတိုင်းအတာတွေ ရှိပါလဲ။

ဦးမောင်မောင် ။ ။ အစိုးရက ပံ့ပိုးမှုထက်စာရင် အစိုးရကဝင်ပြီးတော့ ကျနော်တို့ကို မချုပ်ချယ်ဘူးပေါ့။ နောက် Freedom ရှိတာကတော့ ကျနော်တို့က သင်တန်းတွေဆို ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကစပြီး အခြေခံအလုပ်သမား သမဂ္ဂ သင်တန်းတွေကို ရန်ကုန်မှာလုပ်တာရှိတယ်။ မန္တလေးမှာလုပ်တာ ရှိတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်၊ တနင်္သာရီတိုင်း၊ မကွေးမှာ လုပ်တာတွေရှိတယ်။ ဒါကို ကျနော်တို့ကို ဘယ်သူမှ လာပြီးတော့ ကန့်ကွက်တာ မရှိပါဘူး။ မကန့်သတ်ဘူး။ နောက်တခုက ဘာလဲဆိုတော့ စက်ရုံတွေ သွားဆွေးနွေး၊ စည်းရုံးတဲ့အခါမှာ စက်ရုံတွေ မန်နေဂျာတွေနဲ့ အနည်းငယ် စကားပြောရတာရှိတယ်။ ကျန်တာတော့ တော်တော်လေး အဆင်ပြေတယ်။ ဒါက တခု။ နောက်တခါ အစည်းအဝေးတွေလုပ်တယ်။ ညီလာခံတွေ လုပ်တယ်။ ညီလာခံဆိုရင် တနိုင်ငံလုံးက အလုပ်သမားကိုယ်စားလှယ်တွေ နှစ်ရာကျော်ကို ဖိတ်ပြီးတော့ လုပ်တာပါ။ (၃) ရက် လုပ်ပါတယ်။ ဒီနေရာမှာလဲ ဘယ်ထောက်လှမ်းရေးမှ လာမကြည့်ဘူး။ ဘယ်ရဲမှလည်း လာမကြည့်ဘူး။ ကျနော်တို့လုပ်တဲ့အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ် ဆိုတဲ့ဟာမျိုးတွေ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကို ပံ့ပိုးတာတော့ မဟုတ်ဘဲနဲ့ ကျနော်တို့ကို အနှောင့်အယှက် မပေးဘူး။ ကိုယ့်အလုပ်ကို ကိုယ်လုပ်မယ့်အလုပ်ကို လုပ်ပါဆိုတဲ့ အနေအထားမျိုးရှိတယ်ဆိုတာကို ပြောနိုင်တယ်။ နောက်တခုက ဘာလဲဆိုတော့ အစိုးရအနေနဲ့ ဘာတွေကို ဖွင့်လိုက်လဲဆိုတော့ ဖြေရှင်းရေး ယန္တရားတွေ၊ Dissolve Mechanism, Solution Mechanism အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ ယန္တရားကို ဖွင့်လိုက်တော့ မြို့နယ် စက်ရုံအဆင့်မှာဆို တဘက် (၂) ယောက်၊ အလုပ်ရှင်က (၂) ယောက်၊ အလုပ်သမားက (၂) ယောက် ကိုယ်စားလှယ်ထားပြီးတော့ စက်ရုံအတွင်းမှာ၊ လုပ်ငန်းအတွင်းမှာ ရှိသင့်ရှိတတ်တဲ့ Workplace Mechanism ကို ဖွင့်တယ်။ အဲဒီကနေတဆင့် ကျနော်တို့ မြို့နယ်အဆင့်မှာ ညှိနှိုင်းဖြန့်ဖြေရေးဆိုတာ ရှိပါတယ်။ မြို့နယ်ဖြန့်ဖြေရေးမှာ (၃) ပွင့်ဆိုင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်တွေပါပြီး ဖြေရှင်းရတာတွေရှိတယ်။ နောက်တခု အဲဒီကနေ အဆင်မပြေဘူးဆိုရင် ခုံသမာဓိအဖွဲ့ကို ရောက်ပါတယ်။ ခုံသမာဓိအဖွဲ့မှာ အလုပ်သမားသမဂ္ဂ က ကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေက ညှိနှိုင်းပြီး ဖြေရှင်းကြတယ်။ အခုဆိုရင် ကျနော်တို့နဲ့အတူ အလုပ်သမား ကိုယ်စားလှယ် မဟုတ်ဘူး၊ အလုပ်ရှင်ကိုယ်စားလှယ် ပါလာပါတယ်။ သူတို့ကိုလည်း မေးလို့ရပါတယ်။ The Dissolve Mechanism မှာ အဲဒီလို ဖွင့်ထားတော့ အငြင်းပွားမှုဆိုင်ရာနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့က ရုန်းရင်းဆန်ခတ် ဖြစ်ဖို့ထက်ကို ထိုင်ပြီးတော့ Negotiation လုပ်ဖို့ အနေအထားကို ရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲဒါ ဘာဖြစ်လို့ တိုက်တွန်းလဲဆိုရင် ကျနော်တို့က ရေရှည်ခံတဲ့ ရင်းနှီးမြှုပ်နံှမှုက Sustainable Investment ရှိဖို့က ကျနော်တို့က Good Industrial Regulations ရှိရမယ်ဆိုတာကို ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဒီ industrial relations ကို ရောက်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဒါကိုလည်း အစိုးရက လက်ခံထားပါတယ်။ ဒါကြောင့်မို့ ကုန်သည်ကြီးများအသင်းက တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်တို့ ဒါကို တွဲပြီး အလုပ်လုပ်နေပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အစိုးရဘက်ကလည်း အနှောင့်အယှက်မရှိ၊ ပံ့ပိုးမှုတွေပေးတယ်။ နောက်ပြီးတော့ အလုပ်ရှင်တွေဘက်ကလည်း နားလည်မှုနဲ့ ဝင်ပြီးတော့ အလုပ်သမားတွေအရေးကို ကြည့်ပေးတယ်။ ဆိုတော့ အလုပ်သမားတွေဘက်ကရော သူတို့ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ဦးမောင်မောင် ဘယ်လို မြင်ပါလဲ။

ဦးမောင်မောင် ။ ။ အရည်အသွေးဆိုတာ နှစ်ခုပေါ့။ သူတို့ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု - Skills အဲဒါတော့ ကျနော်တို့ အားနည်းပါတယ်။ အားနည်းတယ်ဆိုတာ ကျနော်တို့နိုင်ငံမှာ လွန်ခဲ့သော နှစ် (၄၀) က ပျက်ခဲ့တာ ဘာလဲဆိုတော့ THS, GTI တို့ ဆိုတာတွေ မရှိခဲ့ဘူး။ မရှိခဲ့တော့ ကျနော်တို့က ပြန်ပြီးတော့ တော်တော်လေး လုပ်ရမယ်။ ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့က ကိုယ့်ကိုယ်ကိုပဲ ကျေနပ်နေလို့ မဖြစ်ဘူး။ ASEAN Economic Integration ဝင်လာတဲ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေ ဝင်လာလို့ရှိရင် ကျနော်တို့သည် Skill Certificates မရှိတဲ့ လူတွေက အလုပ်ရမှာ မဟုတ်ဘူး။ အခုပဲ တရုတ်ပြည်ကလူတွေ ကန်သာယာဆိုတဲ့ ကန်တော်ကြီးထောင့်နားမှာ လုပ်တဲ့ Project မှာ တရုတ်ပြည်က အလုပ်သမား ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ (၃၀၀) လောက် ရှိပါတယ်။ အဲဒါတွေက ကျနော်တို့ဘက်က နစ်နာတယ်။ Skills နဲ့ ပတ်သက်လို့ပါ။ အရည်အသွေးအတွက် ကျနော်တို့က သင်တန်းပေးတဲ့အခါမှာ ကျနော်တို့ လူတွေက တော်တော်နုနယ်ပါသေးတယ်။ နုနယ်တဲ့အခါမှာ သူတို့ကို အခြေခံ မှာ အလုပ်သမားသမဂ္ဂ က ဘာလဲ။ ဘာကြောင့် မှာ သမဂ္ဂ ဝင်သင့်သလဲ။ မှာ သမဂ္ဂ ဝင်ရင် ဘယ်လို အားရှိသလဲ။ နောက်တခုက စည်းရုံးရေးဆိုတာ ဘာလဲ။ နောက်တခုက ဘာလဲဆိုတော့ အရေးကြီးဆုံးက ဒီ Industrial Relations ကျနော်တို့ ဘာဖြစ်လို့ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးသင့်သလဲ။ Negotiation Process ကို ဝင်သင့်သလဲဆိုတာမျိုးပေါ့။ ကျနော်တို့မှာ ရှိနေတာက အရင်တုန်းက ကိုလိုနီခေတ်က ရှိခဲ့တဲ့ အလုပ်ရှင်လူတန်းစား၊ အလုပ်သမားလူတန်းစား တိုက်ပွဲတွေဖော်ဖို့ ကြိုးစားနေကြတယ်။ ကျနော်တို့က အဲဒါကို မဟုတ်သေးပါဘူး။ ဒီအချိန်မှာ Globalization ဖြစ်နေပြီ။ တကမ္ဘာလုံးကိုပတ်ပြီး ကုမ္ပဏီတွေက ပိုင်ဆိုင်ဖို့ သီးသန့်မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ကျနော်တို့က နိုင်ငံအနေနဲ့ ပါဝင်ချင်တယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအနေနဲ့ Negotiation လုပ်ဖို့လိုတယ်ဆိုတာကို သင်တန်းတွေလည်း လုပ်ပေးပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ Trade Union အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေခံသင်တန်းတွေလည်း တော်တော်လေး ပေးရပါတယ်။ နောက်တခါ ကျွမ်းကျင်မှုဆိုင်ရာကို အစိုးရက လုပ်နေပါပြီ။ ASEAN Level Skill Standard Charting တွေ ရှိပါတယ်။ အဲဒီမှာ ကျနော်တို့က နိုင်ငံကိုယ်စားပြုအနေနဲ့ မြန်မာ့ကိုယ်စားလှယ်တွေအနေနဲ့ ပါပါတယ်။ ထို့အတူ ကုန်သည်ကြီးများအသင်းကလည်း ပါပါတယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ (၃) ပွင့်ဆိုင်ကိုလည်း ASEAN Level ပေါ့။ နောက် ကျနော်တို့နိုင်ငံက ပြီးတဲ့လက်မှတ်ကိုလည်း ထိုင်းနိုင်ငံက အသိအမှတ်ပြုမယ်။ ထိုင်းနိုင်ငံက လက်မှတ်ကို ကျနော်တို့နဲ့ အင်ဒိုနီးရှားက အသိအမှတ်ပြုမယ့် အဆင့်အထိရောက်အောင် ကြိုးစားနေတာ ရှိပါတယ်။

XS
SM
MD
LG