သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တန္႔ဆည္ၿမိဳ႕၊ က်ီးကုန္းရြာအိမ္ေျခေတြ မီး႐ိႈ႕ခံရ


နေျပည္ေတာ္က ျမန္မာစစ္သားသခ်ိဳ ့ (Photo by STR / AFP)

(Zawgyi/Unicode)

စစ္ေကာင္စီနဲ႔နီးစပ္တယ္ဆိုတဲ့လူေတြ အသတ္ခံရၿပီးတဲ့ေနာက္ စစ္ကိုင္းတိုင္း၊ တန္႔ဆည္ၿမိဳ႕၊ က်ီးကုန္းရြာကို စစ္တပ္က ေသနတ္ပစ္ေဖာက္၀င္လာၿပီးတဲ့ေနာက္ ေနအိမ္တခ်ိဳ႕ မီးေလာင္ကၽြမ္းခဲ့ၿပီး ေဒသခံေတြကေတာ့ စစ္တပ္နဲ႔ရဲက မီးရိႈ႕သြားတာလို႔ ဆိုပါတယ္။ မင္းကင္းၿမိဳ႕မွာဆိုရင္လည္း စစ္တပ္က အင္အားတိုးခ်ဲ႕ၿပီး နယ္ေျမရွင္းလင္းေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

မေန႔ စက္တင္ဘာ ၂၂ ရက္ ညပိုင္းက က်ီးကုန္းေက်းရြာမွာ စစ္ေကာင္စီနဲ႔ နီးစပ္တယ္လို႔ ဆိုသူတခ်ဳိ႕ ေသနတ္နဲ႔ပစ္သတ္ခံရၿပီးတဲ့ေနာက္ ဒီကေန႔ စက္တင္ဘာ ၂၃ ရက္ မနက္ပိုင္းမွာေတာ့ စစ္တပ္က က်ီးကုန္းေက်းရြာထဲမွာ ေသနတ္ပစ္ေဖာက္ ဝင္လာၿပီးတဲ့ေနာက္ ေနအိမ္တခ်ိဳ႕ မီးေလာင္ကၽြမ္းခဲ့တာနဲ႔ပတ္သက္ၿပီး က်ီးကုန္းရြာအနီးေဒသခံတဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“မီးေလာင္တာဟုတ္တယ္ က်ီးကုန္းရြာ တန္႔ဆည္ရဲ႕ ဟိုဘက္က ကံထူးမ စခန္းက ရဲေတြေကာ တန္႔ဆည္ စခန္းဘက္က ရဲေတြေကာ ေသနတ္ေတြေဖာက္ၿပီးေတာ့ ထြက္သြားၾကတာ။ ဟိုေရာက္တဲ့အခါက်ေတာ့ မီးရိႈ႕ တာ။ ရြာသားေတြဘယ္သူမွမရွိဘူး။ ရြာမွာမေနရဲၾကဘူး။ အကုန္ေျပးေနၾကတာ သူတို႔လာေတာ့။”

မီးေလာင္ကြ်မ္းတဲ့ အိမ္ေျခအေရအတြက္ကို မသိရေသးဘဲ က်ီးကုန္းေက်းရြာဟာ အိမ္ေထာင္စု ၅၀ နီးပါးရွိတဲ့ ရြာတရြာျဖစ္ပါတယ္။ ဒီရြာဟာ တန္႔ဆည္ၿမိဳ႕ကေန ၉ မိုင္ေလာက္ေဝးတ့ဲ ရြာငယ္ေလးတခုျဖစ္ၿပီး ကားလမ္းေပါက္ေပမယ့္ လမ္းၾကမ္းတာေၾကာင့္ တန္႔ဆည္ကေန နာရီဝက္ပတ္ဝန္းက်င္ သြားရတယ္လုိ႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

တန္႔ဆည္ၿမိဳ႕နယ္မွာ မၾကာခဏဆိုသလို စစ္ေကာင္စီနဲ႔ နီးစပ္သူေတြ အသတ္ခံေနရတဲ့အျပင္ စစ္ေကာင္စီပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC က ရွယ္ယာပါတဲ့ MyTel ဆက္သြယ္ေရး တာ၀ါတိုင္ေတြ ဖ်က္ဆီးခံရတဲ့အတြက္ အသြားအလာေတြ ကန္႔သတ္ခံခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ မနက္ ၆ နာရီကေန ညေန ၆ နာရီအထိ ျပန္လည္ သြားလာခြင့္ျပဳခဲ့ပါတယ္။
တဆက္ထဲမွာပဲ စစ္ကိုင္းတိုင္းထဲက မင္းကင္းၿမိဳ႕မွာဆိုရင္လည္း စစ္တပ္က အင္အားျဖည့္တင္းတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ဒီေကာင္ေတြက PDF စခန္းရွိတယ္ဆိုတဲ့ ေနရာမ်ိဳးေတြကို ၀င္ရွာဖို႔ဆိုၿပီးမွ စက္ေလွနဲ႔ ေတာင္ၿပိဳဘက္ကေန ဆန္တက္လာတာေပါ့။ ေလာေလာဆယ္ လႈပ္ရွားမႈက ၾကားသိရသေလာက္ကေတာ့ ပန္းဆက္ဆိုတဲ့ ရြာမွာ ဒီေကာင္ေတြ စစ္အင္အား ျဖည့္တင္းေနတယ္။ အင္အားက ပံုမွန္ရွိေနတဲ့ အင္အားတဲ့ ၂ ဆ ၃ ဆ ျဖည့္တင္း ေနတာကို ေတြ႕ရတယ္။ လႈပ္ရွားမႈလည္း ယခင္ကထက္ ပိုလာတယ္ေပါ့။ ၾကားသိရသေလာက္ကေတာ့ ကြ်န္ေတာ္တို႔ ကနီနဲ႔ မင္းကင္းမွာရွိတဲ့ စခန္းေတြကို ၿဖိဳခြင္းမယ္ဆိုၿပီး သတင္းထြက္ေပၚေနတာေပါ့။”

မင္းကင္းဘက္က ေက်းရြာေတြမွာ စစ္တပ္က မၾကာခနဆိုသလို ၀င္ရွာၿပီး ေဒသခံ PDF ေတြနဲ႔ တိုက္ပြဲျဖစ္တာေတြရွိသလို စစ္တပ္ကို မိုင္းဆြဲတိုက္ခိုက္တာေၾကာင့္ ထိခုိက္ ေသဆံုးတာေတြလည္း ရွိေနတာပါ။

စစ္တပ္ ၀င္ေရာက္ရွာေဖြဖမ္းဆီးတာေၾကာင့္ မင္းကင္း၊ ကနီနယ္က ေဒသခံ ေသာင္းနဲ႔ခ်ီ ေနရပ္ကို စြန္႔ခြါ တိမ္းေရွာင္ေနရၿပီး အစားအေသာက္ ေဆး၀ါးေတြအျပင္ အိမ္အသံုးအေဆာင္ပစၥည္းေတြလည္း လိုအပ္ေနပါတယ္။

................................................................................................

တန့်ဆည်မြို့၊ ကျီးကုန်းရွာအိမ်ခြေတွေ မီးရှို့ခံရ

(Unicode)

စစ်ကောင်စီနဲ့နီးစပ်တယ်ဆိုတဲ့လူတွေ အသတ်ခံရပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကျီးကုန်းရွာကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်လာပြီးတဲ့နောက် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေကတော့ စစ်တပ်နဲ့ရဲက မီးရှို့သွားတာလို့ ဆိုပါတယ်။ မင်းကင်းမြို့မှာဆိုရင်လည်း စစ်တပ်က အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

မနေ့ စက်တင်ဘာ ၂၂ ရက် ညပိုင်းက ကျီးကုန်းကျေးရွာမှာ စစ်ကောင်စီနဲ့ နီးစပ်တယ်လို့ ဆိုသူတချို့ သေနတ်နဲ့ပစ်သတ်ခံရပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ စစ်တပ်က ကျီးကုန်းကျေးရွာထဲမှာ သေနတ်ပစ်ဖောက် ဝင်လာပြီးတဲ့နောက် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တာနဲ့ပတ်သက်ပြီး ကျီးကုန်းရွာအနီးဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မီးလောင်တာဟုတ်တယ် ကျီးကုန်းရွာ တန့်ဆည်ရဲ့ ဟိုဘက်က ကံထူးမ စခန်းက ရဲတွေကော တန့်ဆည် စခန်းဘက်က ရဲတွေကော သေနတ်တွေဖောက်ပြီးတော့ ထွက်သွားကြတာ။ ဟိုရောက်တဲ့အခါကျတော့ မီးရှို့ တာ။ ရွာသားတွေဘယ်သူမှမရှိဘူး။ ရွာမှာမနေရဲကြဘူး။ အကုန်ပြေးနေကြတာ သူတို့လာတော့။”

မီးလောင်ကျွမ်းတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘဲ ကျီးကုန်းကျေးရွာဟာ အိမ်ထောင်စု ၅၀ နီးပါးရှိတဲ့ ရွာတရွာဖြစ်ပါတယ်။ ဒီရွာဟာ တန့်ဆည်မြို့ကနေ ၉ မိုင်လောက်ဝေးတဲ့ ရွာငယ်လေးတခုဖြစ်ပြီး ကားလမ်းပေါက်ပေမယ့် လမ်းကြမ်းတာကြောင့် တန့်ဆည်ကနေ နာရီဝက်ပတ်ဝန်းကျင် သွားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

တန့်ဆည်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီနဲ့ နီးစပ်သူတွေ အသတ်ခံနေရတဲ့အပြင် စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ရှယ်ယာပါတဲ့ MyTel ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတဲ့အတွက် အသွားအလာတွေ ကန့်သတ်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြန်လည် သွားလာခွင့်ပြုခဲ့ပါတယ်။
တဆက်ထဲမှာပဲ စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့မှာဆိုရင်လည်း စစ်တပ်က အင်အားဖြည့်တင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီကောင်တွေက PDF စခန်းရှိတယ်ဆိုတဲ့ နေရာမျိုးတွေကို ဝင်ရှာဖို့ဆိုပြီးမှ စက်လှေနဲ့ တောင်ပြိုဘက်ကနေ ဆန်တက်လာတာပေါ့။ လောလောဆယ် လှုပ်ရှားမှုက ကြားသိရသလောက်ကတော့ ပန်းဆက်ဆိုတဲ့ ရွာမှာ ဒီကောင်တွေ စစ်အင်အား ဖြည့်တင်းနေတယ်။ အင်အားက ပုံမှန်ရှိနေတဲ့ အင်အားတဲ့ ၂ ဆ ၃ ဆ ဖြည့်တင်း နေတာကို တွေ့ရတယ်။ လှုပ်ရှားမှုလည်း ယခင်ကထက် ပိုလာတယ်ပေါ့။ ကြားသိရသလောက်ကတော့ ကျွန်တော်တို့ ကနီနဲ့ မင်းကင်းမှာရှိတဲ့ စခန်းတွေကို ဖြိုခွင်းမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာပေါ့။”

မင်းကင်းဘက်က ကျေးရွာတွေမှာ စစ်တပ်က မကြာခနဆိုသလို ဝင်ရှာပြီး ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်တာတွေရှိသလို စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်တာကြောင့် ထိခိုက် သေဆုံးတာတွေလည်း ရှိနေတာပါ။

စစ်တပ် ဝင်ရောက်ရှာဖွေဖမ်းဆီးတာကြောင့် မင်းကင်း၊ ကနီနယ်က ဒေသခံ သောင်းနဲ့ချီ နေရပ်ကို စွန့်ခွါ တိမ်းရှောင်နေရပြီး အစားအသောက် ဆေးဝါးတွေအပြင် အိမ်အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG