သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ သခင်အနားကမခွါနိုင်တဲ့ Sully ရဲ့ နောက်ဆုံးဂါရဝ


သခင်ရဲ့ ရုပ်ကလပ်ဘေးမှာ ထိုင်စောင့်နေတဲ့ Sully
သခင်ရဲ့ ရုပ်ကလပ်ဘေးမှာ ထိုင်စောင့်နေတဲ့ Sully

နိုင်ဝင်ဘာလ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ၄၁ ဦးမြောက် အမေရိကန်သမ္မတ George HW Bush ရဲ့ ရုပ်ကလပ်ကို အမေရိကန်လွှတ်တော် Rotunda ခမ်းမမှာ အများလူထု ဂါရဝပြုခွင့်ရအောင် ထားရှိရာမှာ ဒီဇင်ဘာလ ၃ ရက်နေ့က အထူး ဂါရဝပြုခဲ့သူ တဦး ကတော့ ကွယ်လွန်သူ သမ္မတဟောင်းရဲ့ ဝန်ဆောင်မှုအတွက် ထားရှိတဲ့ Sully ဆိုတဲ့ အိမ်မွေးခွေးလေးပါဘဲ။

၂၀၀၉ ခုနှစ်က နယူးယောက်မြို့ Hudson မြစ်ထဲကို ထိုးကျခဲ့ပေမယ့်လည်း ခရီးသည်တွေ တဦးမှ မသေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့လေယာဉ်မှူး Sully ကို ဂုဏ်ပြု မှဲ့ခေါ်ထားတာ ဖြစ်ပါတယ်။

ဒီ Labrado အမျိုးအစား အိမ်မွေးခွေး Sully ကို America’s Vet Dogs - အမေရိကန် စစ်ပြန်တွေ အသုံးပြုတဲ့ ခွေးတွေကို လေ့ကျင့်ပေးတဲ့ အဖွဲ့အစည်းကနေ သမ္မတ Bush ကို လှုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Bush ဟာ ၇၃ နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ဇနီး Barbara ကွယ်လွန်ခဲ့ပြီးနောက် သမ္မတကို နှစ်သိမ့်ဖို့ Sully ကို မွေးစားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ သမ္မတ Bush ဟာ Parkinson ရောဂါတမျိုး ရှိတဲ့အတွက် Sully ဟာ သူ့သခင်အတွက် တံခါး ဖွင့်ပေးနိုင်သလို ပစ္စည်းတွေလည်း ကောက်ပေးနိုင်ပြီး တောင်းတဲ့အကူအညီကိုလည်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့နောက်ပိုင်း Sully ကို နယူးယောက်ရှိ America’s Vet Dogs အဖွဲ့အစည်းထံကို ပြန်ပို့မှာဖြစ်ပြီး မယ်ရီလန်းပြည်နယ် Walter Reed စစ်ဆေးရုံမှာ တခြား အကူအညီလိုအပ်နေတဲ့ စစ်ပြန်တွေကို ကူညီနိုင်ဖို့ Sully ကို ထားရှိမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။

ကွယ်လွန်သူ သူ့သခင်ရဲ့ လွှတ်တော်အတွင်းက ရုပ်ကလပ်ဘေးမှာ သစ္စာရှိစွာ ထိုင်စောင့်နေတဲ့ သူ့ရဲ့ပုံကို Mission Complete - တာဝန်ပြီးဆုံးပြီ ဆိုတဲ့ စာတန်းနဲ့အတူ Twitter လူမှုကွန်ယက်မှာ တင်ခဲ့တာမှာ အများပြည်သူ ကြိုက်နှစ်သက်တဲ့ ပုံတခု ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG