သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၁ဝ ဦးသေဆုံး တဲ့ California တောမီးကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်


 California တောမီး
California တောမီး

အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲကမှာ တောမီးတွေ လောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စပျစ်ခြံတွေနဲ့ဝိုင်အရက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေရှိရာ Napa နဲ့ Sonoma မြို့နယ်တွေအပါအဝင် မြို့နယ် ၈ ခုမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။

California ပြည်နယ်မြောက်ပိုင်းရဲ့ ဒေသတဝက်လောက်မှာ တောမီးပေါင်း ၁၅ ခုထက်မနည်း လောင်ကျွမ်းနေတာပါ။ တောမီးတွေကြောင့် လူနေအိမ်နဲ့ စီးပွားရေးအဆောက်အဦး ၁၅၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

တောမီးလောင်နေတဲ့ နေရာတွေနားမှာရှိတဲ့ ဆေးရုံတွေက လူနာ ရာနဲ့ချီအပါအဝင် လူပေါင်း ၂ သောင်းလောက် ဘေးကင်းရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာ စတင်ခဲ့တဲ့ တောမီးတွေ ဘာကြောင့်စလောင်ကျွမ်းသလဲဆိုတာကို စုံစမ်းနေတယ်လို့ California ပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG