သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာသွားဖို့ရှိနေ


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ စကားပြောရအောင် မြန်မာပြည်ကိုသွားဖို့ အစီအစဉ်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ အာဆီယံ အစည်းအဝေးတွေမှာလည်း စစ်ကောင်စီ တာဝန်ရှိသူတွေကို ဖိတ်ကြားသင့်တယ်လို့ သူကဆိုပါတယ်။

အောက်တိုဘာလမှာ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။

ဒါပေမယ့် လာမယ့်နှစ် ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ကျင်းပမယ့် အစည်းအဝေးမှာတော့ အာဆီယံ ၁၀ နိုင်ငံလုံးကို ဖိတ်ကြားသင့်တယ်လို့ ဟွန်ဆန်က တနင်္လာနေ့က ပြောကြားလိုက်တာပါ။ အာဆီယံမိသားစု အဖွဲ့ဝင်အဖြစ် သူတို့အားလုံး အစည်းအဝေးတက်ရောက်ခွင့် ရှိရပါမယ်လို့ တရုတ်အထောက်အပံ့နဲ့ လုပ်မယ့် ဆောက်လုပ်ရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားကို လာမှာဖြစ်ပါတယ်။ မကြာမီမှာ မြန်မာပြည်ကို သူသွားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်လုပ်ဖို့ အလားအလာ ကြီးကြီးမားမား ရှိတယ်လို့ ဟွန်ဆန်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG