သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရာထူးက အနားယူတော့မည်


ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ခေါင်းဆောင် Hun Sen ဇူလိုင်လ ၂၃ရက်နေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း မဲပေးနေစဉ်
ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ခေါင်းဆောင် Hun Sen ဇူလိုင်လ ၂၃ရက်နေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း မဲပေးနေစဉ်

ကမ္ဘောဒီးယားနိုင်ငံမှာ နှစ် ၄၀ နီးပါး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဟွန်ဆန်က နောက် ၃ ပတ်မှာ ရာထူးကနေ ဆင်းပေးပြီး သူ့သားအကြီးဆုံးကို တာဝန်လွှဲပြောင်းပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

“ကျွန်တော် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မှာ မဟုတ်ကြောင်း ပြည်သူတွေ နားလည်ပေးဖို့ ပြောချင်ပါတယ်” လို့ အသက် ၇၀ အရွယ် ဝန်ကြီးချုပ် ဟွန်ဆန်က အစိုးရပိုင် ရုပ်မြင်သံကြားကနေ အထူးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ CPP ကမ္ဘောဒီးယားပြည်သူ့ပါတီက ရွေးကောက်ပွဲ မဲ ၈၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးကို ဟွန်ဆန်က သူ့သားအကြီးဆီ လွှဲပြောင်းဆက်ခံမယ့်အကြောင်း ကြေညာလိုက်တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ရဲ့ သားဖြစ်သူ ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ Hun Manet ကို သူရဲ့ ဇနီးဖြစ်သူနဲ့အတူတွေ့ရစဉ် (ဇူလိုင် ၁၊ ၂၀၂၃)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ရဲ့ သားဖြစ်သူ ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ Hun Manet ကို သူရဲ့ ဇနီးဖြစ်သူနဲ့အတူတွေ့ရစဉ် (ဇူလိုင် ၁၊ ၂၀၂၃)

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အတိုက်အခံ ပြည်နှင်ဒဏ်ပေးခံထားရတဲ့ Sam Rainsy ကို ၂၅ နှစ်ကြာ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်လိုက်ကြောင်း ရွေးကောက်ပွဲမတိုင်ခင် ၅ ရက်အလိုမှာ ကြေညာခဲ့ပြီး မဲစာရွက်ထဲမှာ သူ့ကို ပယ်ဖို့ ပြည်သူတွေကို အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် Kem Sokha ကတော့ ဟွန်ဆန်အစိုးရကို ဖြုတ်ချဖို့ စီစဉ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်သစ္စာဖောက်မှုအရ မတ်လတုန်းက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိမှာ နေအိမ်အကျယ်ချုပ်ချခံနေရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာအကျင့်ပျက်ချစားမှုအညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် အဆင့် ၁၅၀ မှာ ရှိနေတာ ဖြစ်ပါတယ်။ အကျင့်ပျက်ချစားမှုမှာ ကမ္ဘောဒီးယားထက်ပိုဆိုးတဲ့ အာရှနိုင်ငံ ၂ ခုကတော့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ပဲ ဖြစ်ကြောင်း ဒီအညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG