(Zawgyi/Unicode)
၂၁ ရာစု ပင္လုံ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ကတဆင့္ ညီညြတ္ၿပီး ၿငိမ္းခ်မ္းတဲ့ နိုင္ငံ တစ္နိုင္ငံ ထူေထာင္ဖို႔ ကက္သလစ္ ရဟန္းအမတ္ Cardinal Charles Bo က အားေပးစကားနဲ႔ သေဘာထား ရပ္တည္ခ်က္တစ္ရပ္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ျမန္မာအစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသား အဖြဲ႕ ေခါင္းေဆာင္ေတြအၾကား စတုတၳအႀကိမ္ ေျမာက္ ၿငိမ္းခ်မ္းေရး ညီလာခံကို ဩဂုတ္လ ၁၉ ရက္ကေန ၂၁ ရက္ေန႔အထိ သုံးရက္ၾကာ မက်င္းပခင္မွာ Cardinal Charles Bo က အခုလို ဆုေတာင္းအားေပးစကားနဲ႔ သေဘာထားကို ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ ႏွစ္ဖက္ေဆြးေႏြးပြဲ ကလြဲၿပီး တစ္ျခား ေရြးစရာ လမ္း မရွိဘူးလို႔လည္း ဘုန္းေတာ္ႀကီး Bo ရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။
ျမန္မာနိုင္ငံအတြက္ အခုအခ်ိန္မွာ ဖက္ဒရယ္စနစ္ထူေထာင္ဖို႔ အေျခအေနရွိေနေၾကာင္းနဲ႔ ေစ့စပ္ေဆြးေႏြးေရး ျဖစ္ေပၚလာေအာင္ ေဆာင္ၾကဥ္းေပးသူအားလုံးကို ခ်ီးက်ဴးဂုဏ္ျပဳ ေက်းဇူးတင္ရွိေၾကာင္းလည္း ဘုန္းေတာ္ႀကီး Bo က ေျပာပါတယ္။ ဒါ့အျပင္ ၁၉၄၇ ခုႏွစ္ ပင္လုံေဆြးေႏြးပြဲကို ဦးေဆာင္ခဲ့သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ့ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြရဲ့ ေမၽွာ္မွန္းခ်က္ ပန္းတိုင္ျဖစ္တဲ့ စည္းလုံးတဲ့ နိုင္ငံသစ္ ထူေထာင္ေရးကိုလည္း ေၾကညာခ်က္ထဲ အက်ယ္တဝင့္ ထုတ္ေဖာ္ ေျပာဆို ထားပါတယ္။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္နဲ႔ ပုပ္ရဟန္းမင္းႀကီးတို႔ ေမတၱာရပ္ခံထားတဲ့ COVID ကာလမွာ လက္နက္ကိုင္အဖြဲ႕ေတြအၾကား အပစ္အခတ္ရပ္စဲထားဖို႔ အေရးကိုလည္း Cardinal Bo က ထပ္ၿပီး သတိေပး တိုက္တြန္းလိုက္ပါတယ္။
နိုင္ငံတစ္ခုအတြက္ စစ္တပ္တစ္တပ္က လုံေလာက္ေနၿပီျဖစ္သလို အဲဒီ စစ္တပ္ကလည္း တရားမၽွတမႈနဲ႔ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ ေပးရမွာ ျဖစ္ေၾကာင္းနဲ႔ ခြဲျခားမႈကင္းၿပီး တိုင္းရင္းသား လူမ်ိဳး ေပါင္းစုံ ပါဝင္တဲ့ တပ္မေတာ္ ျဖစ္ရမယ္လို႔လည္း ေျပာပါတယ္။
နိုင္ငံကာကြယ္ေရးအတြက္ တပ္မေတာ္ကို လိုအပ္ေပမဲ့ ဒီမိုကေရစီေရး လမ္းစဥ္မွာ အင္အားအႀကီးဆုံး လက္နက္က အမ်ိဳးသား ရင္ၾကားေစ့ေရးနဲ႔ တရားမၽွတမႈကို စြမ္းေဆာင္ေပးနိုင္တဲ့ အရည္အခ်င္းပဲ ျဖစ္တယ္လို႔လည္း ဘုန္းေတာ္ႀကီးက ေျပာပါတယ္။
ၿငိမ္းခ်မ္းေရးဟာ အားလုံးရဲ့ ဘုံရည္မွန္းခ်က္ ျဖစ္တာေၾကာင့္ အခု ၿငိမ္းခ်မ္းေရး ညီလာခံ ေအာင္ျမင္ေစေၾကာင္း Cardinal Charles Bo က ဆုေတာင္းထားပါတယ္။
.............
၂၁ ရာစု ပင်လုံညီလာခံကနေ ငြိမ်းချမ်းတဲ့နိုင်ငံတည်ထောင်ဖို့ ကာဒီနယ် Charles Bo တိုက်တွန်း
(Unicode)
၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကတဆင့် ညီညွတ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံ တစ်နိုင်ငံ ထူထောင်ဖို့ ကက်သလစ် ရဟန်းအမတ် Cardinal Charles Bo က အားပေးစကားနဲ့ သဘောထား ရပ်တည်ချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေအကြား စတုတ္ထအကြိမ် မြောက် ငြိမ်းချမ်းရေး ညီလာခံကို ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ မကျင်းပခင်မှာ Cardinal Charles Bo က အခုလို ဆုတောင်းအားပေးစကားနဲ့ သဘောထားကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် နှစ်ဖက်ဆွေးနွေးပွဲ ကလွဲပြီး တစ်ခြား ရွေးစရာ လမ်း မရှိဘူးလို့လည်း ဘုန်းတော်ကြီး Bo ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံအတွက် အခုအချိန်မှာ ဖက်ဒရယ်စနစ်ထူထောင်ဖို့ အခြေအနေရှိနေကြောင်းနဲ့ စေ့စပ်ဆွေးနွေးရေး ဖြစ်ပေါ်လာအောင် ဆောင်ကြဉ်းပေးသူအားလုံးကို ချီးကျူးဂုဏ်ပြု ကျေးဇူးတင်ရှိကြောင်းလည်း ဘုန်းတော်ကြီး Bo က ပြောပါတယ်။ ဒါ့အပြင် ၁၉၄၇ ခုနှစ် ပင်လုံဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ စည်းလုံးတဲ့ နိုင်ငံသစ် ထူထောင်ရေးကိုလည်း ကြေညာချက်ထဲ အကျယ်တဝင့် ထုတ်ဖော် ပြောဆို ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ မေတ္တာရပ်ခံထားတဲ့ COVID ကာလမှာ လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲထားဖို့ အရေးကိုလည်း Cardinal Bo က ထပ်ပြီး သတိပေး တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတစ်ခုအတွက် စစ်တပ်တစ်တပ်က လုံလောက်နေပြီဖြစ်သလို အဲဒီ စစ်တပ်ကလည်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးရမှာ ဖြစ်ကြောင်းနဲ့ ခွဲခြားမှုကင်းပြီး တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်တဲ့ တပ်မတော် ဖြစ်ရမယ်လို့လည်း ပြောပါတယ်။
နိုင်ငံကာကွယ်ရေးအတွက် တပ်မတော်ကို လိုအပ်ပေမဲ့ ဒီမိုကရေစီရေး လမ်းစဉ်မှာ အင်အားအကြီးဆုံး လက်နက်က အမျိုးသား ရင်ကြားစေ့ရေးနဲ့ တရားမျှတမှုကို စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းပဲ ဖြစ်တယ်လို့လည်း ဘုန်းတော်ကြီးက ပြောပါတယ်။
ငြိမ်းချမ်းရေးဟာ အားလုံးရဲ့ ဘုံရည်မှန်းချက် ဖြစ်တာကြောင့် အခု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စေကြောင်း Cardinal Charles Bo က ဆုတောင်းထားပါတယ်။