သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ ၿငိမ္းခ်မ္းေရး အာရွ ခရစ္ယာန္ဂိုဏ္းခ်ဳပ္မ်ား ေဆာ္ၾသ


ပုပ္ရဟန္းမင္းၾကီး Francis နဲ ့ခရစ္ယာန္ ဂိုဏ္းခ်ဳပ္မ်ား ဘန္ေကာက္ မွာ အစည္းအေ၀းက်င္းပစဥ္ 22-11-19 (ဓာတ္ပံု-Courtesy)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ အၾကမ္းဖက္မႈေတြရပ္တန္ ့ဖို႔ အာရွတိုက္တလႊားက ခရစ္ယာန္ ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ၾကီး ၁၂ ဦးတို႔က ပူးတဲြ ေတာင္းဆိုလိုက္ၾကပါတယ္။ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုနဲ ့အတူရပ္တည္ေနတယ္လို႔လဲ သူတို႔ရဲ႕ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ျငိမ္းခ်မ္းေရးနဲ ့ျပန္လည္သင့္ျမတ္ေရးအတြက္ စစ္တပ္၊ နိုင္ငံေရးသမားေတြ၊ ဆႏၵျပသူေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြနဲ ့ခရစ္ယာန္အဖဲြ႕အစည္းတို႔ အားလံုးကို ေမတၱာရပ္ခံပါတယ္။ ျငိမ္းခ်မ္ေရးဟာ ျဖစ္နိုင္ပါတယ္။ ျငိမ္းခ်မ္းေရး လိုအပ္ပါတယ္ လို ့ကာဒီနယ္ ၁၂ ဦးက လက္မွတ္ေရးထိုးထားတဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ရန္ကုန္အေျခစိုက္ ျမန္မာ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘို ဥကၠဌအျဖစ္ဦးေဆာင္တဲ့ အာရွ ဘုန္းေတာ္ၾကီးမ်ား ညီလာခံ (FABC) က ဒီေၾကညာခ်က္ကို ကမကထ လုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ ေဖေဖာ္၀ါရီ ၁ ၇က္ စစ္အာဏာသိမ္းယူျပီးကတည္းက တိုင္းျပည္တခုလံုး ဆႏၵျပမႈေတြ၊ လူထုအာခံမႈေတြေပၚေပါက္ေနတာျဖစ္ျပီး ေရြးေကာက္ခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ျပန္လႊတ္ေပးဖို ့နဲ ့ဒီမိုကေရစီ ျပန္လည္ျဖစ္ထြန္းဖို ့ေတာင္းဆိုေနၾကတာလည္းျဖစ္ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာပြည် ငြိမ်းချမ်းရေး အာရှ ခရစ်ယာန်ဂိုဏ်းချုပ်များ ဆော်သြ

(Unicode)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အာရှတိုက်တလွှားက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၂ ဦးတို့က ပူးတွဲ တောင်းဆိုလိုက်ကြပါတယ်။ ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့အတူရပ်တည်နေတယ်လို့လဲ သူတို့ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးအတွက် စစ်တပ်၊ နိုင်ငံရေးသမားတွေ၊ ဆန္ဒပြသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ခရစ်ယာန်အဖွဲ့အစည်းတို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်ရေးဟာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး လိုအပ်ပါတယ် လို့ကာဒီနယ် ၁၂ ဦးက လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာ ကာဒီနယ် ချားလ်စ်မောင်ဘို ဥက္ကဌအဖြစ်ဦးဆောင်တဲ့ အာရှ ဘုန်းတော်ကြီးများ ညီလာခံ (FABC) က ဒီကြေညာချက်ကို ကမကထ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းယူပြီးကတည်းက တိုင်းပြည်တခုလုံး ဆန္ဒပြမှုတွေ၊ လူထုအာခံမှုတွေပေါ်ပေါက်နေတာဖြစ်ပြီး ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG