သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနား CDM မီးရထားဝန္ထမ္းေတြ ဝန္ထမ္းအိမ္ရာကေျပာင္းဖို႔ဖိအားေပးခံရ


စစ္အာဏာသိမ္းမႈကို ဆန့္က်င္တဲ့ CDM ၀န္ထမ္းေပါင္းစံု ဆႏၵျပပြဲတခု (February 14, 2021). (ဓာတ္ပံု- YE AUNG THU / AFP)

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာ ပါဝင္တဲ့ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာရွိတဲ့ မီးရထားဝန္ထမ္း ၁၀၀ ေက်ာ္ကို ဝန္ထမ္းအိမ္ယာကေန ေျပာင္းေ႐ႊ႕ေပးဖို႔ ၿမိဳ႕နယ္မီးရထားတာဝန္ခံေတြက အသိေပးထားပါတယ္။ ဇန္နဝါရီလ ၁၄ ရက္ေန႔ကစၿပီး ၇ ရက္အတြင္းဖယ္ရွားဖို႔ ၫႊန္ၾကားစာ ထြက္ထားေပမဲ့ အဲဒီမီးရထားဝန္ထမ္းေတြဟာ ခ်က္ခ်င္းေျပာင္းေ႐ႊ႕ဖို႔ အခက္အခဲေတြရွိေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုသားၫြန႔္ဦးေျပာျပမွာပါ။

စစ္အာဏာသိမ္း အုပ္ခ်ဳပ္မႈ ဆန႔္က်င္တဲ့အေနနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ၿပီး ႐ုံးမတက္ CDM လုပ္ေနၾကတဲ့ ျမစ္ႀကီးနားၿမိဳ႕က
CDM မီးရထားဝန္ထမ္း ၁၀၀ ေက်ာ္ကို ဝန္ထမ္းအိမ္ယာေတြကေန အၿပီးဆင္းေပးဖို႔ ျမစ္ႀကီးနားမီးရထားဌာန တာဝန္ရွိသူေတြက ဒီရက္ပိုင္းထဲမွာ အသိေပးစာထုတ္ျပန္ အေၾကာင္းၾကားထားပါတယ္။ ဇန္နဝါရီလ ၁၄ ရက္ကေန ၇ ရက္အတြင္း အိမ္ယာေတြကေန ဖယ္ရွားေပးဖို႔ အသိေပးထားေပမဲ့ အခက္အခဲေတြရွိေနၾကတယ္လို႔ ျမန္မာ့မီးရထား သြားလာပို႔ေဆာင္ေရးသမဂၢရဲ႕ ျမစ္ႀကီးနားၿမိဳ႕တာဝန္ခံ ကိုလင္းသန႔္က ဗြီအိုေအကို ေျပာပါတယ္။

“ ေလာေလာဆယ္ကေတာ့ ဒီလိုျဖစ္ေနတယ္၊ စာေတာ့ထြက္ထားၿပီ (ဇန္နဝါရီ ၁၄) ရက္က စာထြက္တယ္၊ ၇ ရက္အတြင္း ဖယ္ရမယ္ဆိုေတာ့ ဘယ္သူမွ ဖယ္မယ့္သူကေတာ့ ေလာေလာဆယ္ မဖယ္ၾကေသးဘူးေပါ့ဗ်ာ။ မိသားစု အေယာက္ ၁၀၀ ေတာ့ရွိပါတယ္။ နည္းနည္း အသံေတြက ဖယ္ရမယ္ဆိုၿပီးထြက္ေတာ့ စိုးရိမ္ေၾကာင့္ၾကမႈေတြကေတာ့ ရွိတယ္၊ လာေျပာေနတာေတာ့ ရွိတယ္။”

အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာပါဝင္တဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ပညာေရးဝန္ထမ္းေတြ၊ ပို႔ေဆာင္ေရးဌာနက ဝန္ထမ္းေတြကို အစိုးရေပးထားတဲ့ ဝန္ထမ္းအိမ္ယာေတြကေန စစ္ေကာင္စီက အတင္းအက်ပ္ ဖယ္ရွားမႈေတြကို ရန္ကုန္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လုပ္ခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္

မတ္လ ၁၀ ရက္ေန႔က CDM မွာပါဝင္တဲ့ ရန္ကုန္တိုင္း မလႊကုန္းမီးရထားဝန္းကို ရဲနဲ႔စစ္တပ္အင္အား ၁၅၀၀ ေလာက္က ဝင္ေရာက္စီးနင္းခဲ့ၿပီး ဝန္ထမ္းတခ်ိဳ႕ကို ေနအိမ္ကေန အတင္းဆြဲခ်ဖယ္ရွားခဲ့တဲ့အထိ ျဖစ္ခဲ့တာပါ။ မလႊကုန္းမီးရထားဝန္းထဲမွာ ႏွစ္ရွည္ေနထိုင္လာတဲ့ မီးရထားဝန္ထမ္း မီးသားစုရာနဲ႔ခ်ီၿပီး ေဘးလြတ္ရာမွာ ထြက္ေျပးေနထိုင္ေနၾကရတာ ဒီေန႔အထိျဖစ္ပါတယ္။ အၾကမ္းမဖက္ အာဏာဖီဆန္ၿပီး CDM လုပ္ေနၾကတဲ့ အစိုးရဝန္ထမ္းေတြကို တပိုင္တႏိုင္ကူညီေနၾကသူေတြရွိေပမဲ့ အမ်ားစုက ေထာက္ပံ့ကူညီမႈေတြ မရၾကသလို၊ တျခားအလုပ္အကိုင္ရွာေဖြဖို႔လည္း အခက္အခဲျဖစ္ၾကပါတယ္။ တခ်ိဳ႕က ေန႔စားအလုပ္ေတြ ဝင္လုပ္ ဝင္ေငြရွာေနၾကပါတယ္။ ၁ ႏွစ္နီးပါးၾကာလာၿပီျဖစ္တဲ့အတြက္ တခ်ိဳ႕က ဆက္လက္ရပ္တည္ဖို႔ပါ ခက္ခဲေနၾကပါတယ္။ သူတို႔ေတ့ြႀကဳံေနတဲ့ အေျခအေနကို CDM မီးရထားဝန္ထမ္းတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

“ ႏိုင္ငံေတာ္ရဲ႕အလုပ္ကိုလည္း မလုပ္တဲ့အတြက္ ႏိုင္ငံေတာ္ရဲ႕လစာကိုလည္း မစားဘူး။ ႐ိုး႐ိုးသားသား အလုပ္မဆင္းဘဲ အာဏာဖီဆန္တယ္ေပါ့ဗ်ာ။ သို႔ေပမဲ့ သူတို႔တရားမဝင္အစိုးရဆိုေတာ့ သူတို႔မွာ ဥပေဒလည္းမရွိဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဖမ္းဆီးေရာဗ်ာ။ အဲဒီအခ်ိန္မွာ က်ေနာ္တို႔ ဘယ္လိုလုပ္စား ေနၾကလဲဆိုေတာ့ ေန႔စားေတြ ထြက္လုပ္ရတာေပါ့ဗ်ာ။ က်ေနာ္တို႔က ဝန္ထမ္းနဲ႔ အသားက်ၿပီးသားသူေတြ ျဖစ္တဲ့အတြက္ ဝန္ထမ္းလိုပဲလုပ္တတ္တယ္။ က်န္တဲ့ျပင္ပအလုပ္ေတြ လုပ္ငန္းပိုင္း မကြၽမ္းက်င္ၾကတဲ့အတြက္ ေန႔စားအလုပ္ေတြနဲ႔ ဝမ္းေရးေျဖရွင္းရတယ္။ တခ်ိဳ႕ဆို ေဆာက္လုပ္ေရး လုပ္ငန္းထဲမွာ သြားရတယ္။ အဲဒီအခ်ိန္မွာ CDM လို႔ေျပာျပန္ရင္လည္း CDM ဝန္ထမ္းေတြကို တခ်ိဳ႕က မခန႔္ျပန္ဘူး။ မခိုင္းရဲျပန္ဘူး။ ေလာေလာဆယ္ က်ေနာ္တို႔ ဝန္ထမ္းေတြအားလုံးကေတာ့ အကုန္လုံးက စြန႔္ခြာထားၿပီးသားသူေတြ ျဖစ္တယ္။”

မီးရထားဝန္ထမ္းေတြအျပင္၊ က်န္းမာေရးဝန္ထမ္း အေျမာက္အမ်ားလည္း CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကပါတယ္။ CDM လုပ္ထားတဲ့ ဒါမွမဟုတ္ CDM လုပ္လို႔ အလုပ္ကထုတ္ပယ္ခံထားရတဲ့ ႏိုင္ငံဝန္ထမ္းေတြနဲ႔ပါတ္သက္တဲ့ ကိုယ္ေရးအခ်က္အလက္ေတြကို ေပးပို႔ေပးဖို႔ တိုင္းနယ္ျပည္နယ္ အသီးသီးမွာရွိတဲ့ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉးေတြဆီေပးပို႔တဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားစာတေစာင္လည္း အြန္လိုင္းမွာ အခုရက္ပိုင္း ထြက္ေပၚလာခဲ့ပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


မြစ်ကြီးနား CDM မီးရထားဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာကပြောင်းဖို့ဖိအားပေးခံရ

(Unicode)

စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ မီးရထားဝန်ထမ်း ၁၀၀ ကျော်ကို ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေ့ပေးဖို့ မြို့နယ်မီးရထားတာဝန်ခံတွေက အသိပေးထားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ၇ ရက်အတွင်းဖယ်ရှားဖို့ ညွှန်ကြားစာ ထွက်ထားပေမဲ့ အဲဒီမီးရထားဝန်ထမ်းတွေဟာ ချက်ချင်းပြောင်းရွှေ့ဖို့ အခက်အခဲတွေရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦးပြောပြမှာပါ။

စစ်အာဏာသိမ်း အုပ်ချုပ်မှု ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ပြီး ရုံးမတက် CDM လုပ်နေကြတဲ့ မြစ်ကြီးနားမြို့က
CDM မီးရထားဝန်ထမ်း ၁၀၀ ကျော်ကို ဝန်ထမ်းအိမ်ယာတွေကနေ အပြီးဆင်းပေးဖို့ မြစ်ကြီးနားမီးရထားဌာန တာဝန်ရှိသူတွေက ဒီရက်ပိုင်းထဲမှာ အသိပေးစာထုတ်ပြန် အကြောင်းကြားထားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်ကနေ ၇ ရက်အတွင်း အိမ်ယာတွေကနေ ဖယ်ရှားပေးဖို့ အသိပေးထားပေမဲ့ အခက်အခဲတွေရှိနေကြတယ်လို့ မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးသမဂ္ဂရဲ့ မြစ်ကြီးနားမြို့တာဝန်ခံ ကိုလင်းသန့်က ဗွီအိုအေကို ပြောပါတယ်။

“ လောလောဆယ်ကတော့ ဒီလိုဖြစ်နေတယ်၊ စာတော့ထွက်ထားပြီ (ဇန်နဝါရီ ၁၄) ရက်က စာထွက်တယ်၊ ၇ ရက်အတွင်း ဖယ်ရမယ်ဆိုတော့ ဘယ်သူမှ ဖယ်မယ့်သူကတော့ လောလောဆယ် မဖယ်ကြသေးဘူးပေါ့ဗျာ။ မိသားစု အယောက် ၁၀၀ တော့ရှိပါတယ်။ နည်းနည်း အသံတွေက ဖယ်ရမယ်ဆိုပြီးထွက်တော့ စိုးရိမ်ကြောင့်ကြမှုတွေကတော့ ရှိတယ်၊ လာပြောနေတာတော့ ရှိတယ်။”

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ပို့ဆောင်ရေးဌာနက ဝန်ထမ်းတွေကို အစိုးရပေးထားတဲ့ ဝန်ထမ်းအိမ်ယာတွေကနေ စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှားမှုတွေကို ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ လုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်

မတ်လ ၁၀ ရက်နေ့က CDM မှာပါဝင်တဲ့ ရန်ကုန်တိုင်း မလွှကုန်းမီးရထားဝန်းကို ရဲနဲ့စစ်တပ်အင်အား ၁၅၀၀ လောက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်းတချို့ကို နေအိမ်ကနေ အတင်းဆွဲချဖယ်ရှားခဲ့တဲ့အထိ ဖြစ်ခဲ့တာပါ။ မလွှကုန်းမီးရထားဝန်းထဲမှာ နှစ်ရှည်နေထိုင်လာတဲ့ မီးရထားဝန်ထမ်း မီးသားစုရာနဲ့ချီပြီး ဘေးလွတ်ရာမှာ ထွက်ပြေးနေထိုင်နေကြရတာ ဒီနေ့အထိဖြစ်ပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ပြီး CDM လုပ်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို တပိုင်တနိုင်ကူညီနေကြသူတွေရှိပေမဲ့ အများစုက ထောက်ပံ့ကူညီမှုတွေ မရကြသလို၊ တခြားအလုပ်အကိုင်ရှာဖွေဖို့လည်း အခက်အခဲဖြစ်ကြပါတယ်။ တချို့က နေ့စားအလုပ်တွေ ဝင်လုပ် ဝင်ငွေရှာနေကြပါတယ်။ ၁ နှစ်နီးပါးကြာလာပြီဖြစ်တဲ့အတွက် တချို့က ဆက်လက်ရပ်တည်ဖို့ပါ ခက်ခဲနေကြပါတယ်။ သူတို့တေ့ွကြုံနေတဲ့ အခြေအနေကို CDM မီးရထားဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ နိုင်ငံတော်ရဲ့အလုပ်ကိုလည်း မလုပ်တဲ့အတွက် နိုင်ငံတော်ရဲ့လစာကိုလည်း မစားဘူး။ ရိုးရိုးသားသား အလုပ်မဆင်းဘဲ အာဏာဖီဆန်တယ်ပေါ့ဗျာ။ သို့ပေမဲ့ သူတို့တရားမဝင်အစိုးရဆိုတော့ သူတို့မှာ ဥပဒေလည်းမရှိဘူး။ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးရောဗျာ။ အဲဒီအချိန်မှာ ကျနော်တို့ ဘယ်လိုလုပ်စား နေကြလဲဆိုတော့ နေ့စားတွေ ထွက်လုပ်ရတာပေါ့ဗျာ။ ကျနော်တို့က ဝန်ထမ်းနဲ့ အသားကျပြီးသားသူတွေ ဖြစ်တဲ့အတွက် ဝန်ထမ်းလိုပဲလုပ်တတ်တယ်။ ကျန်တဲ့ပြင်ပအလုပ်တွေ လုပ်ငန်းပိုင်း မကျွမ်းကျင်ကြတဲ့အတွက် နေ့စားအလုပ်တွေနဲ့ ဝမ်းရေးဖြေရှင်းရတယ်။ တချို့ဆို ဆောက်လုပ်ရေး လုပ်ငန်းထဲမှာ သွားရတယ်။ အဲဒီအချိန်မှာ CDM လို့ပြောပြန်ရင်လည်း CDM ဝန်ထမ်းတွေကို တချို့က မခန့်ပြန်ဘူး။ မခိုင်းရဲပြန်ဘူး။ လောလောဆယ် ကျနော်တို့ ဝန်ထမ်းတွေအားလုံးကတော့ အကုန်လုံးက စွန့်ခွာထားပြီးသားသူတွေ ဖြစ်တယ်။”

မီးရထားဝန်ထမ်းတွေအပြင်၊ ကျန်းမာရေးဝန်ထမ်း အမြောက်အများလည်း CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ CDM လုပ်ထားတဲ့ ဒါမှမဟုတ် CDM လုပ်လို့ အလုပ်ကထုတ်ပယ်ခံထားရတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ပါတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ပေးဖို့ တိုင်းနယ်ပြည်နယ် အသီးသီးမှာရှိတဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတွေဆီပေးပို့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားစာတစောင်လည်း အွန်လိုင်းမှာ အခုရက်ပိုင်း ထွက်ပေါ်လာခဲ့ပါတယ်။

XS
SM
MD
LG