(Zawgyi/Unicode)
ရန္ကုန္ၿမိဳ႔ လမ္းမေတာ္ၿမိဳ႕နယ္က ဗဟိုအမ်ဳိးသမီးေဆး႐ုံက အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ဝန္ထမ္းေတြကို အလုပ္ျပန္ဆင္းဖို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ရဲနဲ႔ စစ္သားေတြက ဝန္ထမ္းအိမ္ယာကို လာေရာက္ၿခိမ္းေျခာက္ၿပီး ေဆး႐ံုဝန္ထမ္းေတြကို အလုပ္္ဆင္းခိုင္းခဲ့တာပါ။ အဲဒီေနာက္ ဝန္ထမ္းအမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ အေျခအေနကို ကိုရဲမြန္ ကတင္ျပေပးထားပါတယ္။
အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ ရန္ကုန္ၿမိဳ႕ ၊ လမ္းမေတာ္ၿမိဳ႕နယ္မွာ႐ွိတဲ့ ဗဟိုအမ်ဳိးသမီးေဆး႐ုံက ဝန္ထမ္းအိမ္ယာကုိ ရဲနဲ႔ စစ္သား ၄၀ ေလာက္ ေမလ ၂၃ ရက္ တနဂၤေႏြေန႔ညက ပထမတႀကိမ္ လာေရာက္ၿပီး ဝန္ထမ္းေတြကို ၿခိမ္းေျခာက္ခဲ့ပါတယ္။ အဖမ္းခံမလား အလုပ္ျပန္ဆင္းမလားလို႔ လက္နက္အင္အားအျပည့္နဲ႔ တပ္ဖဲြ႔ဝင္ေတြက ၿခိမ္းေျခာက္သြားတဲ့အေၾကာင္း ကိုယ္တုိင္ ၿခိမ္းေျခာက္ခံရသူ CDM ေဆး႐ံုဝန္ထမ္းတစ္ဦးက ေျပာျပပါတယ္။
“ေဆး႐ုံဝင္းထဲမွာပဲရွိတဲ့ မိသားစုေတြေပါ့ေနာ္ အဲ့မွာရွိတဲ့ အိမ္ေျခ ၄၀ ေလာက္ရွိတယ္၊ အဲ့အိမ္ေျခ ၄၀ လံုးကို တစ္အိမ္တစ္ေယာက္ထြက္၊ တစ္အိမ္တစ္ေယာက္ဆိုၿပီးေတာ့ အဲ့မွာ က်ေနာ္တို႔ရဲ႕ ဗဟိုအမ်ဳိးသမီးေဆး႐ုံရဲ႕ ေဆး႐ုံအုပ္ႀကီးေရာပါတယ္။ ရဲ ၂၀ စစ္သား ၂၀ ေလာက္က ေသနတ္ေတြေထာက္ၿပီးေတာ့ အကုန္လံုးကို တန္စီးခိုင္တယ္။ မနက္ျဖန္ကို အလုပ္ဆင္း မဆင္းရင္ ဒီကားေပၚတက္ရမယ္ဆိုၿပီးေတာ့ ရဲကားေတြ အခ်ဳပ္ကားေတြပါ သူတို႔က အဆင္သင့္ထားထားပါတယ္။ ဘယ္သူ႔ ဘယ္သူမွေတာ့ မဖမ္းသြားဘူး၊ မဖမ္းသြားဘဲနဲ႔ ေသနတ္နဲ႔ ၿခိမ္းေျခာက္တာကို အကုန္လံုးေၾကာက္ၾကတဲ့အတြက္ သူတို႔မေန႔က တန္စီးတဲ့ အဲ့အေယာက္ ၄၀ ေလာက္ထဲကို သူတို႔က ဘာေျပာလဲဆိုေတာ့ ဆင္းတာ မဆင္းတာမသိဘူး ေလာေလာဆယ္မွာေတာ့ ဝန္ခံကတိလက္မွတ္မထိုးသြားပါဆိုၿပီး လက္မွတ္ထိုးသြားခိုင္းတယ္။ လက္မွတ္ထိုးခိုင္းၿပီးေတာ့ အဲ့တန္စီးေနတဲ့ လူေတြ အကုန္လံုးကို ဓာတ္ပံုေတြ ႐ုိက္တယ္ ဒီလူေတြ မနက္ျဖန္ၾကရင္ သူတို႔ထဲမွာ ျမင္ခ်င္ပါတယ္၊ ဝန္ခံကတိထိုးၿပီးေတာ့ ဓာတ္ပံုေတြ႐ုိက္ၿပီးေတာ့ သူတို႔အကုန္ယူသြားၿပီးေတာ့ တစ္ေယာက္ခ်င္းဆီကို သူတို႔ျပန္လႊတ္လိုက္တယ္။”
ဒဂံုၿမိဳ႕နယ္ထဲမွာ႐ွိတဲ့ ဗဟိုအမ်ဳိးသမီးေဆး႐ုံ ေနာက္ထပ္ အိမ္ယာဝန္းဆီကိုလည္း မေန႔ည ၉ နာရီခြဲေလာက္ကပဲ စစ္တပ္နဲ႔ ရဲ အင္အား ၄၀ ေလာက္က ဝင္ေရာက္ၿပီး CDM ေခါင္းေဆာင္ပိုင္းဆိုတဲ့ လူနာမည္နဲ႔ အိမ္ေတြမွာ ရွာေဖြစစ္ေဆးခဲ့ပါတယ္။ အဲဒီထဲက CDM လုပ္ေနတဲ့ ဝန္ထမ္းႏွစ္ေယာက္ရဲ႕ အမ်ဳိးသားႏွစ္ဦးကို အရင္ဆံုးဖမ္းဆီး ေခၚေဆာင္သြားၿပီး သူတုိ႔အမ်ဳိးသမီးေတြကို အလုပ္ျပန္ဆင္းဖို႔ ၿခိမ္းေျခာက္ေျပာဆိုၿပီးမွ ျပန္လႊတ္ေပးလိုက္တယ္လို႔ေျပာပါတယ္။
အခုလို စစ္တပ္က လာေရာက္ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ ဗီအိုေအကို ေျပာျပတဲ့ CDM ဝန္ထမ္းအပါအဝင္ ၁၅၀ ေက်ာ္ေလာက္ ဝန္ထမ္းအိမ္ယာေတြကေန႔စြန္႔ခြာ တိမ္းေ႐ွာင္ေနၾကပါတယ္။ အခုထက္ထိ တျခားသြားစရာ ေနရာမရွိဘဲ လက္ရွိေနရာမွာ ဝန္ထမ္းတခ်ဳိ႕က်န္ခဲ့တယ္လို႔ ေျပာျပပါတယ္။
“အေရးႀကီးစာရြက္စာတမ္း အဝတ္အစားယူၿပီးေတာ့ ထြက္သြားတဲ့ ဝန္ထမ္းအင္အားက ဒီမနက္အထိဆိုရင္ ၁၅၀ ေလာက္ရွိပါတယ္ခင္ဗ်။ ေျပာင္းဖို႔ေရႊ႕ဖို႔အတြက္ တကယ္လံုးဝ အခန္းမရွိဘဲနဲ႔ ရြာလည္း ျပန္စရာမရွိဘူး ေဆြးမ်ဳိးလည္း မရွိဘဲနဲ႔ အခန္းေျပာင္းစရာမရွိတဲ့ လူေတြက ဒီအခ်ိန္မွာ သူတို႔ရဲ႕ စိတ္ထဲမွာ အလုပ္ပဲျပန္ဆင္းရမလိုလို ဒီဘက္က အခန္းမရေသးတဲ့ အတြက္ သူတို႔မွာ သဝိဟျဖစ္ေနတဲ့လူေတြ အမ်ားရွိႀကီးရွိပါေသးတယ္ ခင္ဗ်၊ CDM ဝန္ထမ္းေတြလည္း က်န္ေနခဲ့ပါေသးတယ္။
စစ္တပ္ကတနဂၤေႏြေန႔ညက လက္နက္နဲ႔ ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ ေမလ ၂၄ ရက္ တနလၤာေန႔ ႐ံုးဖြင့္ခ်ိန္မွာေတာ့ ေအာက္ေျခဝန္ထမ္း ၂၇၀ ထဲက ဝန္ထမ္း ၄၀ ေလာက္အလုပ္ျပန္ဝင္ေနၾကတယ္လို႔ CDM ဆက္လုပ္ေနတဲ့ ဝန္ထမ္းတေယာက္က ေျပာပါတယ္။
ဗဟိုအမ်ဳိးသမီးေဆး႐ုံမွာ စုစုေပါင္း ဝန္ထမ္းအင္အား ၆၀၀ ေက်ာ္ရွိၿပီး အဲဒီထဲက ၅၀၀ ေက်ာ္ ေလာက္က အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈကို ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။
CDM လႈပ္႐ွားမႈကို လုပ္ခဲ့ၾကတဲ့ မီးရထားဝန္ထမ္း၊ လွ်ပ္စစ္ဝန္ထမ္း၊ ပညာေရးဝန္ထမ္း စတဲ့ အစိုးရဝန္ထမ္းေတြကိုလည္း ဝန္ထမ္းအိမ္ယာေတြကေန အတင္းႏွင္ထုတ္တာ၊ အမႈဖြင့္ ဖမ္းဝရမ္းထုတ္တာ၊ အတင္းအၾကပ္ဖိအားေပးတာမ်ဳိးေတြ စစ္ေကာင္စီက လုပ္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မွာ စစ္အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ဆန္႔က်င္ေရး လူထုၾကြမႈေတြ ဆက္တိုက္ျဖစ္လာခဲ့တာနဲ႔အတူ အစိုးရဝန္ထမ္းေတြကလည္း ႐ုံးမတက္ အာဏာဖီဆန္တဲ့ လႈပ္႐ွားမႈေတြ လုပ္ခဲ့ၾကတာျဖစ္ပါတယ္။
................................................................
ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်းတွေ ခြိမ်းခြောက်ခံရ
(Unicode)
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်က ဗဟိုအမျိုးသမီးဆေးရုံက အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ရဲနဲ့ စစ်သားတွေက ဝန်ထမ်းအိမ်ယာကို လာရောက်ခြိမ်းခြောက်ပြီး ဆေးရုံဝန်ထမ်းတွေကို အလုပ်ဆင်းခိုင်းခဲ့တာပါ။ အဲဒီနောက် ဝန်ထမ်းအများအပြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေကို ကိုရဲမွန် ကတင်ပြပေးထားပါတယ်။
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံက ဝန်ထမ်းအိမ်ယာကို ရဲနဲ့ စစ်သား ၄၀ လောက် မေလ ၂၃ ရက် တနင်္ဂနွေနေ့ညက ပထမတကြိမ် လာရောက်ပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အဖမ်းခံမလား အလုပ်ပြန်ဆင်းမလားလို့ လက်နက်အင်အားအပြည့်နဲ့ တပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်သွားတဲ့အကြောင်း ကိုယ်တိုင် ခြိမ်းခြောက်ခံရသူ CDM ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
“ဆေးရုံဝင်ထဲမှာပဲရှိတဲ့ မိသားစုတွေပေါ့နော် အဲ့မှာရှိတဲ့ အိမ်ခြေ ၄၀ လောက်ရှိတယ်၊ အဲ့အိမ်ခြေ ၄၀ လုံးကို တစ်အိမ်တစ်ယောက်ထွက်၊ တစ်အိမ်တစ်ယောက်ဆိုပြီးတော့ အဲ့မှာ ကျနော်တို့ရဲ့ ဗဟိုအမျိုးသမီးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးရောပါတယ်။ ရဲ ၂၀ စစ်သား ၂၀ လောက်က သေနတ်တွေထောက်ပြီးတော့ အကုန်လုံးကို တန်စီးခိုင်တယ်။ မနက်ဖြန်ကို အလုပ်ဆင်း မဆင်းရင် ဒီကားပေါ်တက်ရမယ်ဆိုပြီးတော့ ရဲကားတွေ အချုပ်ကားတွေပါ သူတို့က အဆင်သင့်ထားထားပါတယ်။ ဘယ်သူ့ ဘယ်သူမှတော့ မဖမ်းသွားဘူး၊ မဖမ်းသွားဘဲနဲ့ သေနတ်နဲ့ ခြိမ်းခြောက်တာကို အကုန်လုံးကြောက်ကြတဲ့အတွက် သူတို့မနေ့က တန်စီးတဲ့ အဲ့အယောက် ၄၀ လောက်ထဲကို သူတို့က ဘာပြောလဲဆိုတော့ ဆင်းတာ မဆင်းတာမသိဘူး လောလောဆယ်မှာတော့ ဝန်ခံကတိလက်မှတ်မထိုးသွားပါဆိုပြီး လက်မှတ်ထိုးသွားခိုင်းတယ်။ လက်မှတ်ထိုးခိုင်းပြီးတော့ အဲ့တန်စီးနေတဲ့ လူတွေ အကုန်လုံးကို ဓာတ်ပုံတွေ ရိုက်တယ် ဒီလူတွေ မနက်ဖြန်ကြရင် သူတို့ထဲမှာ မြင်ချင်ပါတယ်၊ ဝန်ခံကတိထိုးပြီးတော့ ဓာတ်ပုံတွေရိုက်ပြီးတော့ သူတို့အကုန်ယူသွားပြီးတော့ တစ်ယောက်ချင်းဆီကို သူတို့ပြန်လွှတ်လိုက်တယ်။”
ဒဂုံမြို့နယ်ထဲမှာရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံ နောက်ထပ် အိမ်ယာဝန်းဆီကိုလည်း မနေ့ည ၉ နာရီခွဲလောက်ကပဲ စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က ဝင်ရောက်ပြီး CDM ခေါင်းဆောင်ပိုင်းဆိုတဲ့ လူနာမည်နဲ့ အိမ်တွေမှာ ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အဲဒီထဲက CDM လုပ်နေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့ အမျိုးသားနှစ်ဦးကို အရင်ဆုံးဖမ်းဆီး ခေါ်ဆောင်သွားပြီး သူတို့အမျိုးသမီးတွေကို အလုပ်ပြန်ဆင်းဖို့ ခြိမ်းခြောက်ပြောဆိုပြီးမှ ပြန်လွှတ်ပေးလိုက်တယ်လို့ပြောပါတယ်။
အခုလို စစ်တပ်က လာရောက်ခြိမ်းခြောက်ခဲ့ပြီးနောက် ဗီအိုအေကို ပြောပြတဲ့ CDM ဝန်ထမ်းအပါအဝင် ၁၅၀ ကျော်လောက် ဝန်ထမ်းအိမ်ယာတွေကနေ့စွန့်ခွာ တိမ်းရှောင်နေကြပါတယ်။ အခုထက်ထိ တခြားသွားစရာ နေရာမရှိဘဲ လက်ရှိနေရာမှာ ဝန်ထမ်းတချို့ကျန်ခဲ့တယ်လို့ ပြောပြပါတယ်။
“အရေးကြီးစာရွက်စာတမ်း အဝတ်အစားယူပြီးတော့ ထွက်သွားတဲ့ ဝန်ထမ်းအင်အားက ဒီမနက်အထိဆိုရင် ၁၅၀ လောက်ရှိပါတယ်ခင်ဗျ။ ပြောင်းဖို့ရွှေ့ဖို့အတွက် တကယ်လုံးဝ အခန်းမရှိဘဲနဲ့ ရွာလည်း ပြန်စရာမရှိဘူး ဆွေးမျိုးလည်း မရှိဘဲနဲ့ အခန်းပြောင်းစရာမရှိတဲ့ လူတွေက ဒီအချိန်မှာ သူတို့ရဲ့ စိတ်ထဲမှာ အလုပ်ပဲပြန်ဆင်းရမလိုလို ဒီဘက်က အခန်းမရသေးတဲ့ အတွက် သူတို့မှာ သဝိဟဖြစ်နေတဲ့လူတွေ အများရှိကြီးရှိပါသေးတယ် ခင်ဗျ၊ CDM ဝန်ထမ်းတွေလည်း ကျန်နေခဲ့ပါသေးတယ်။
စစ်တပ်ကတနင်္ဂနွေနေ့ညက လက်နက်နဲ့ ခြိမ်းခြောက်ခဲ့ပြီးနောက် မေလ ၂၄ ရက် တနင်္လာနေ့ ရုံးဖွင့်ချိန်မှာတော့ အောက်ခြေဝန်ထမ်း ၂၇၀ ထဲက ဝန်ထမ်း ၄၀ လောက်အလုပ်ပြန်ဝင်နေကြတယ်လို့ CDM ဆက်လုပ်နေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။
ဗဟိုအမျိုးသမီးဆေးရုံမှာ စုစုပေါင်း ဝန်ထမ်းအင်အား ၆၀၀ ကျော်ရှိပြီး အဲဒီထဲက ၅၀၀ ကျော် လောက်က အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
CDM လှုပ်ရှားမှုကို လုပ်ခဲ့ကြတဲ့ မီးရထားဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊ ပညာရေးဝန်ထမ်း စတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ဝန်ထမ်းအိမ်ယာတွေကနေ အတင်းနှင်ထုတ်တာ၊ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာ၊ အတင်းအကြပ်ဖိအားပေးတာမျိုးတွေ စစ်ကောင်စီက လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကြွမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာနဲ့အတူ အစိုးရဝန်ထမ်းတွေကလည်း ရုံးမတက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။