သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်သလစ်ဂိုဏ်းချုပ်ရဲ့ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက်


ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို
ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို

ရန်ကုန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက “အပြစ်မဲ့ပြန်သူတွေကို မထိကြပါနဲ့တော့” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ဘာသာရေးခေါင်းဆောင်တွေက ပါဝင်ပြောဆိုပေးဖို့ တိုက်တွန်းထားတဲ့ ကြေ ညာချက်ကို အောက်တိုဘာလ၊ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

လားရှိုးဒေသနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တွေမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီး၊ ထိခိုက်ဒဏ်ရာရ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှကြားနေရတဲ့ အပေါ် ဆရာတော် အနေနဲ့ အထူးဝမ်းနည်း ပူဆွေးမိကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံပြည်သူ အများစုက ဆင်းရဲနွမ်းပါး၊ အပြစ်မဲ့ သူတွေဖြစ်ကြတဲ့အပြင် အခြေခံစားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေဖြစ်ပြီး သူတို့ အကျိုးစီးပွါးကို ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်ပေးနေတာမရှိဘူးလို့လည်း ရေးသားထားပါတယ်။

ဒီလို လူတွေ အတွက် တိုက်ပွဲဝင်နေပါတယ်ဆိုသူတွေဟာ ဒီလူတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ကို အလေးမထားကြတဲ့ အပြင် လေကြောင်းက တိုက်ခိုက်တာ၊ ဗုံးကြဲတာစတာတွေကို လုပ်ဆောင်နေကြတယ် လို့လည်း ဖော်ပြထားပါတယ်။ ဒီလို တိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ အသက်ဆုံးရှုံး ရသူတွေရဲ့ မိသားစုတွေ၊ အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင်စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေကြရသူတွေကို စာနာသနားကြဖို့ ကိုလည်း ဆရာတော်က တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးကြသူတွေဖြစ်ပြီး ဘာသာရေး အဆုံးအမတွေကို လိုက်နာကြသူတွေဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ ရေငုံနှုတ်ပိတ်မနေပဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း ဆရာတော်က ထုတ်ပြန်ရေးသားထားပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာဝင်ရဟန်းတော် ၅သိန်း၊ သီလရှင် ၇သောင်း၊ ခရစ်ယာန် တရားဟောဆရာ ၁၂၀၀ နီးပါး၊ ခရစ်ယာန်သီလရှင်၂၀၀၀ ကျော်တို့အပြင် မရေမတွက်နိုင်တဲ့ တခြားဘာသာရေး ခေါင်းဆောင်တွေရှိနေပြီး ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေကိုဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောဆိုကြဖို့ ကာဒီနယ်ချားလ်စ်ဘိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

........................

{Unicode}

ကကျသလဈ ဂိုဏျးခြုပျရဲ့ ငွိမျးခမြျးရေး မတေ်တာရပျခံခကြျ





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG