သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္ NLD ဝန္ႀကီးခ်ဳပ္နဲ႔ စီမံဘ႑ာဝန္ႀကီး အဂတိမႈနဲ႔ ေထာင္ဒဏ္ ၁၆ ႏွစ္စီခ်မွတ္


ရွမ္းျပည္နယ္ရွိ NLD ရံုး။ (National League for Democracy - Shan State - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

NLD အစိုးရလက္ထက္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္နယ္စီမံဘ႑ာဝန္ႀကီးတို႔ကို အဂတိလိုက္စားမႈေတြနဲ႔ ေထာင္ဒဏ္ ၁၆ ႏွစ္စီခ်မွတ္လိုက္ပါတယ္။ အဂတိလိုက္စားမႈ ၄ မႈစီအတြက္ ၁ မႈကို ေထာင္ ၄ ႏွစ္စီ ခ်လိုက္တာပါ။ စီမံဘ႑ာဝန္ႀကီး ဦးစိုးၫြန႔္လြင္အေပၚ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မေတြအပါအဝင္၊ တျခားပုဒ္မေတြအတြက္ အေစာပိုင္းထဲက ေထာင္ဒဏ္ ၃၈ ႏွစ္ခ်ထားတာပါ။ ဒီေန႔မွာေတာ့ အဂတိလိုက္စားမႈအတြက္ ေတာင္ႀကီးအက်ဥ္းေထာင္ထဲက အထူးတရား႐ုံးကေန ျပစ္ဒဏ္ခ်လိုက္တာလို႔ ေရွ႕ေနက ေျပာပါတယ္။ အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြး ကေျပာျပပါမယ္။

NLD အစိုးရလက္ထက္က ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ နဲ႔ ျပည္နယ္စီမံဘ႑ာဝန္ႀကီးဦးစိုးၫႊန႔္လြင္တို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ပုဒ္မ ၅၅ နဲ႔ ေတာင္ႀကီးအက်ဥ္းေထာင္တြင္း အထူးတရား႐ုံးကေန ဒီေန႔ ဇန္နဝါရီလ ၂၈ ရက္မွာ ေထာင္ဒဏ္ ၁၆ ႏွစ္စီ ျပစ္ဒဏ္ခ်လိုက္ပါတယ္။ အင္းေလးကန္ရွိရာ ႏိုင္ငံျခားသားဝင္ခြင့္အတြက္ ကြန္ထ႐ိုက္ေပးထားတဲ့ကုမၸဏီက ေကာက္ခံေငြကြာဟတာကို အေရးယူဖို႔ၾကန႔္ၾကာတာနဲ႔၊ ျပည္နယ္ စီမံကိန္းေတြ ခ်မွတ္ေဆာင္႐ြက္တဲ့ေနရာမွာ ႏိုင္ငံဘ႑ာေငြ ဆုံးရႈံးတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ သူတို႔အေပၚ အဂတိလိုက္စားမႈ ၄ မႈစီနဲ႔ တရားစြဲခဲ့တာျဖစ္ၿပီး ၁ မႈစီအတြက္ ေထာင္ဒဏ္ ၄ ႏွစ္စီခ်လိုက္တာလို႔ သူတို႔ေရွ႕ေနက ဗြီအို ေအကိုအတည္ျပဳေျပာပါတယ္။

"ဟုတ္ကဲ့ ဒီေန႔အမိန႔္ခ်ပါတယ္။ အဂတိပုဒ္မ ၅၅နဲ႔ပါ။ အဂတိ ပုဒ္မ ၅၅ ကို ၄ ႏွစ္ခ်ပါတယ္။ တမႈကို ၄ ႏွစ္ေပါ့ ၊ သူတို႔က ၄ ႏွစ္ရွိတယ္ရွင့္။ ဒီရွမ္းျပည္မွာေလ။ ေဒါက္တာ လင္းထြဋ္ကလည္း ၄ မႈရွိတယ္။ စီမံဘ႑ာဝန္ႀကီးဦးစိုးၫႊန႔္လြင္ကလည္း ၄ မႈရွိတယ္။ တမႈ ၄ ႏွစ္ဆိုေတာ့ ၄ မႈ ၁၆ ႏွစ္ျဖစ္တာေပါ့ရွင့္။ မရွိဘူးရွင့္ ေဒါက္တာလင္းထြဋ္မွာ အမႈမရွိေတာ့ပါဘူး။ ဒီအဂတိ ၄ မႈ ဘဲ နဂိုထဲကရွိတာပါ။ စီမံဘ႑ာဝန္ႀကီးဦးစိုးၫႊန႔္လြင္က ၇ မႈရွိခဲ့တာမွာ ၃ မႈက ဒီဇင္ဘာ ၃၀ ရက္က အမိန႔္ခ်ၿပီးပါၿပီ။"

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္နဲ႔ ျပည္နယ္စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန႔္လြင္တို႔ကို အဂတိလိုက္စားမႈ ၄ မႈစီနဲ႔ ျပစ္ဒဏ္ခ်ခဲ့ေပမဲ့ အမႈစစ္ေဆးခဲ့စဥ္က စြပ္စြဲခ်က္ေတြအတိုင္း အဂတိလိုက္စားတယ္ဆိုတာ သက္ေသ မျပႏိုင္ခဲ့ဘူးလို႔လည္း ေရွ႕ေနက ေျပာပါတယ္။

"ေငြေၾကးေတြကို လက္ခံၿပီးလာဘ္ေပးလာဘ္ယူတာေတာ့မေပၚ ဘူး။ လုပ္ငန္းတာဝန္ထမ္းေဆာင္တာမွာ နည္းနည္းေပါ့တာမ်ိဳးေတာ့သုံးသပ္မယ္။ ဒီအမႈေတြက ဟုတ္ ခ်င္းမဟုတ္ခ်င္းထက္ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြအကုန္ေတာ့ အေရးယူခံရတာပါဘဲ။ ဒီအေရးယူ တဲ့ေနရာမွာေတာ့ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ကေတာ့ သူတို႔စစ္ေဆးေတြ႕ရွိခ်က္ အေပၚ အေရးယူတာေပါ့ ။အဲအေပၚမွာက်မတို႔အေနနဲ႔ မွန္တယ္မွားတယ္ ဘာမွမေျပာလိုဘူး။ ေနာက္တခုက အမိန႔္ခ်တဲ့ တရားသူႀကီးရဲ႕ဆင္ျခင္တုံတရားအေပၚ အဲဒီအေပၚဘာမွမေျပာလိုဘူး။ သိူ႔ေသာ္တရားစီ ရင္ေရးစနစ္ေကာင္းဖို႔ဆိုတာက ႏိုင္ငံေပၚမူတည္ပါတယ္။ ႏိုင္ငံစီးပြားေရး၊ လူမႈေရး လူ႔အခြင့္အေရး ေပၚ မူတည္ပါတယ္။ အဲဒါေတြေကာင္းရင္ေတာ့ က်မတို႔တရားစီရင္ေရးေကာင္းလာမွာပါဘဲ။ ခုေျခအေနမွာေတာ့ က်မေတာ့ ဆိုးတယ္မေျပာခ်င္ဘူး။ ေကာင္းေအာင္က်မတို႔ႀကိဳးစားရမွာပါဘဲ။ "

ျပည္နယ္စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန႔္လြင္ဟာ ႏိုင္ငံေတာ္ပုန္ကုန္မႈ ပုဒ္မေတြျဖစ္တဲ့ ၁၂၂၊ ၁၂၂ (က)၊ ၁၂၂ (ခ) စတဲ့ ပုဒ္မ ၃ ခုနဲ႔ ၂၀၂၁ ဒီဇင္ဘာလ ၃၀ ရက္က ေထာင္ဒဏ္ ၃၄ ႏွစ္ ခ်ခံရတဲ့အျပင္၊ အမ်ားျပည္သူတည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္မႈ ပုဒ္မ ၅၀၅-ခ နဲ႔တရားစြဲခဲ့တဲ့ အမႈ ၂ ခုအတြက္လည္း ေထာင္ဒဏ္ ၄ ႏွစ္ခ်ခံခဲ့ရပါတယ္။ အဲဒီေထာင္ဒဏ္ ၃၈ ႏွစ္အျပင္ ဒီေန႔မွာ ေနာက္ထပ္ ေထာင္ဒဏ္ ၁၆ ႏွစ္ခ်ခံရတာျဖစ္ပါတယ္။ အေစာပိုင္းက ခ်ထားတဲ့ ျပစ္ဒဏ္ေတြအတြက္ အယူတက္ဖို႔ေဆာင္႐ြက္ေနတယ္လို႔ ေရွ႕ေနက ေျပာပါတယ္။

"အယူခံတက္ဖို႔လုပ္ေနပါတယ္။ ဒီလဆန္းကိုအယူခံတက္မွာပါ။ အဲ ၃မႈကိုကေတာ့ သူတို႔စိတ္ဓါတ္ခြန္အားေကာလူက်န္းမာေရးေကာေကာင္းပါတယ္။"

စစ္တပ္အာဏာသိမ္းၿပီးေနာက္မွာ စစ္ေကာင္စီက NLD အစိုးရလက္ထက္က တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြအပါအဝင္၊ သက္ဆိုင္ရာ ျပည္နယ္တိုင္း ဝန္ႀကီးေတြကိုလည္း အဂတိအမႈ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစတဲ့မႈ စတဲ့အမႈေတြနဲ႔ တရားစြဲ ေထာင္ခ်ေနပါတယ္။ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳကို အဂတိလိုက္စားမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၈ ႏွစ္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကို အဂတိလိုက္စားမႈ ၃ မႈအတြက္ ေထာင္ဒဏ္ ၉ ႏွစ္ စသျဖင့္ အသီးသီးခ်မွတ္ထားပါတယ္။

.....................................................................................................

တိုက္႐ိုက္ လင့္ခ္


ရှမ်းပြည်နယ် NLD ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီး အဂတိမှုနဲ့ ထောင်ဒဏ် ၁၆ နှစ်စီချမှတ်

NLD အစိုးရလက်ထက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် ၁၆ နှစ်စီချမှတ်လိုက်ပါတယ်။ အဂတိလိုက်စားမှု ၄ မှုစီအတွက် ၁ မှုကို ထောင် ၄ နှစ်စီ ချလိုက်တာပါ။ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်အပေါ် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေအပါအဝင်၊ တခြားပုဒ်မတွေအတွက် အစောပိုင်းထဲက ထောင်ဒဏ် ၃၈ နှစ်ချထားတာပါ။ ဒီနေ့မှာတော့ အဂတိလိုက်စားမှုအတွက် တောင်ကြီးအကျဉ်းထောင်ထဲက အထူးတရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာလို့ ရှေ့နေက ပြောပါတယ်။ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ကပြောပြပါမယ်။

NLD အစိုးရလက်ထက်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦးစိုးညွှန့်လွင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၅ နဲ့ တောင်ကြီးအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ဒီနေ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထောင်ဒဏ် ၁၆ နှစ်စီ ပြစ်ဒဏ်ချလိုက်ပါတယ်။ အင်းလေးကန်ရှိရာ နိုင်ငံခြားသားဝင်ခွင့်အတွက် ကွန်ထရိုက်ပေးထားတဲ့ကုမ္ပဏီက ကောက်ခံငွေကွာဟတာကို အရေးယူဖို့ကြန့်ကြာတာနဲ့၊ ပြည်နယ် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သူတို့အပေါ် အဂတိလိုက်စားမှု ၄ မှုစီနဲ့ တရားစွဲခဲ့တာဖြစ်ပြီး ၁ မှုစီအတွက် ထောင်ဒဏ် ၄ နှစ်စီချလိုက်တာလို့ သူတို့ရှေ့နေက ဗွီအို အေကိုအတည်ပြုပြောပါတယ်။

"ဟုတ်ကဲ့ ဒီနေ့အမိန့်ချပါတယ်။ အဂတိပုဒ်မ ၅၅နဲ့ပါ။ အဂတိ ပုဒ်မ ၅၅ ကို ၄ နှစ်ချပါတယ်။ တမှုကို ၄ နှစ်ပေါ့ ၊ သူတို့က ၄ နှစ်ရှိတယ်ရှင့်။ ဒီရှမ်းပြည်မှာလေ။ ဒေါက်တာ လင်းထွဋ်ကလည်း ၄ မှုရှိတယ်။ စီမံဘဏ္ဍာဝန်ကြီးဦးစိုးညွှန့်လွင်ကလည်း ၄ မှုရှိတယ်။ တမှု ၄ နှစ်ဆိုတော့ ၄ မှု ၁၆ နှစ်ဖြစ်တာပေါ့ရှင့်။ မရှိဘူးရှင့် ဒေါက်တာလင်းထွဋ်မှာ အမှုမရှိတော့ပါဘူး။ ဒီအဂတိ ၄ မှု ဘဲ နဂိုထဲကရှိတာပါ။ စီမံဘဏ္ဍာဝန်ကြီးဦးစိုးညွှန့်လွင်က ၇ မှုရှိခဲ့တာမှာ ၃ မှုက ဒီဇင်ဘာ ၃၀ ရက်က အမိန့်ချပြီးပါပြီ။"

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှု ၄ မှုစီနဲ့ ပြစ်ဒဏ်ချခဲ့ပေမဲ့ အမှုစစ်ဆေးခဲ့စဉ်က စွပ်စွဲချက်တွေအတိုင်း အဂတိလိုက်စားတယ်ဆိုတာ သက်သေ မပြနိုင်ခဲ့ဘူးလို့လည်း ရှေ့နေက ပြောပါတယ်။

"ငွေကြေးတွေကို လက်ခံပြီးလာဘ်ပေးလာဘ်ယူတာတော့မပေါ် ဘူး။ လုပ်ငန်းတာဝန်ထမ်းဆောင်တာမှာ နည်းနည်းပေါ့တာမျိုးတော့သုံးသပ်မယ်။ ဒီအမှုတွေက ဟုတ် ချင်းမဟုတ်ချင်းထက် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအကုန်တော့ အရေးယူခံရတာပါဘဲ။ ဒီအရေးယူ တဲ့နေရာမှာတော့ အဂတိတိုက်ဖျက်ရေးကော်မရှင်ကတော့ သူတို့စစ်ဆေးတွေ့ရှိချက် အပေါ် အရေးယူတာပေါ့ ။အဲအပေါ်မှာကျမတို့အနေနဲ့ မှန်တယ်မှားတယ် ဘာမှမပြောလိုဘူး။ နောက်တခုက အမိန့်ချတဲ့ တရားသူကြီးရဲ့ဆင်ခြင်တုံတရားအပေါ် အဲဒီအပေါ်ဘာမှမပြောလိုဘူး။ သိူ့သော်တရားစီ ရင်ရေးစနစ်ကောင်းဖို့ဆိုတာက နိုင်ငံပေါ်မူတည်ပါတယ်။ နိုင်ငံစီးပွားရေး၊ လူမှုရေး လူ့အခွင့်အရေး ပေါ် မူတည်ပါတယ်။ အဲဒါတွေကောင်းရင်တော့ ကျမတို့တရားစီရင်ရေးကောင်းလာမှာပါဘဲ။ ခုခြေအနေမှာတော့ ကျမတော့ ဆိုးတယ်မပြောချင်ဘူး။ ကောင်းအောင်ကျမတို့ကြိုးစားရမှာပါဘဲ။ "

ပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်ဟာ နိုင်ငံတော်ပုန်ကုန်မှု ပုဒ်မတွေဖြစ်တဲ့ ၁၂၂၊ ၁၂၂ (က)၊ ၁၂၂ (ခ) စတဲ့ ပုဒ်မ ၃ ခုနဲ့ ၂၀၂၁ ဒီဇင်ဘာလ ၃၀ ရက်က ထောင်ဒဏ် ၃၄ နှစ် ချခံရတဲ့အပြင်၊ အများပြည်သူတည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင်လုပ်မှု ပုဒ်မ ၅၀၅-ခ နဲ့တရားစွဲခဲ့တဲ့ အမှု ၂ ခုအတွက်လည်း ထောင်ဒဏ် ၄ နှစ်ချခံခဲ့ရပါတယ်။ အဲဒီထောင်ဒဏ် ၃၈ နှစ်အပြင် ဒီနေ့မှာ နောက်ထပ် ထောင်ဒဏ် ၁၆ နှစ်ချခံရတာဖြစ်ပါတယ်။ အစောပိုင်းက ချထားတဲ့ ပြစ်ဒဏ်တွေအတွက် အယူတက်ဖို့ဆောင်ရွက်နေတယ်လို့ ရှေ့နေက ပြောပါတယ်။

"အယူခံတက်ဖို့လုပ်နေပါတယ်။ ဒီလဆန်းကိုအယူခံတက်မှာပါ။ အဲ ၃မှုကိုကတော့ သူတို့စိတ်ဓါတ်ခွန်အားကောလူကျန်းမာရေးကောကောင်းပါတယ်။"

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက NLD အစိုးရလက်ထက်က တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအပါအဝင်၊ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဝန်ကြီးတွေကိုလည်း အဂတိအမှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့မှု စတဲ့အမှုတွေနဲ့ တရားစွဲ ထောင်ချနေပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှု ၆ မှုအတွက် ထောင်ဒဏ် ၁၈ နှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို အဂတိလိုက်စားမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ် စသဖြင့် အသီးသီးချမှတ်ထားပါတယ် ။

XS
SM
MD
LG