သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ် အင်အားပြပျံသန်း


ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ တရုတ်စစ်လေယာဉ်တွေ ပျံသန်းနေတဲ့ဓာတ်ပုံ။ (မေ ၁၁၊ ၂၀၁၈)
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ တရုတ်စစ်လေယာဉ်တွေ ပျံသန်းနေတဲ့ဓာတ်ပုံ။ (မေ ၁၁၊ ၂၀၁၈)

(Zawgyi / Unicode)

အောက်တိုဘာလနောက်ပိုင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ်ရဲ့ အကြီးမားဆုံး ကျူးကျော်မှု ဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က ထိုင်ဝမ်ဘက်က ကြေညာခဲ့ပါတယ်။

အခုနောက်ဆုံး တင်းမာမှုမှာ ထိုင်ဝမ် တိုက်လေယာဉ်တွေဘက်က တရုတ်ရဲ့ အင်အားပြ တိုက်လေယာဉ် ၃၉ စင်းကို သတ်မှတ်ဇုန်အတွင်းကနေ ဖယ်ရှားဖို့ သတိပေးခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သူ့လေကြောင်းပိုင်နက်အတွင်း တရုတ်လေတပ်ရဲ့ အင်အားပြ ပျံသန်းမှုတွေ ထပ်ခါတလဲလဲ လုပ်နေကြောင်း ထိုင်ဝမ်က ပြောဆိုခဲ့တာ တနှစ်ကျော်ရှိနေပါပြီ။ အထူးသဖြင့် ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Pratas ကျွန်းစုတွေအနီးက ADIZ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် အနောက်တောင်ဘက်ပိုင်းမှာ တရုတ်က မကြာခဏ ကျူးကျော်ပျံသန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကတော့ သူ့ပိုက်နက်အနီး တရုတ်ရဲ့ ထပ်ခါတလဲလဲ စစ်ရေးလှုပ်ရှားမှုတွေကို မီးခိုးရောင်ဇုန် စစ်ပွဲလို့ သတ်မှတ်ထားပြီး ထိုင်ဝမ်စစ်တပ်ကိုလည်း အကြိမ်ကြိမ် အပြိုင်အဆိုင် စစ်ရေးလေ့ကျင့် အင်အားပြစေပြီး တရုတ်ကို တုံ့ပြန်ခဲ့တာပါ။

လက်ရှိ နောက်ဆုံး တရုတ်ရဲ့ လေကြောင်းကျူးကျော်မှုမှာ တိုက်လေယာဉ်ပေါင်း ၃၄ စင်းအပြင် အီလက်ထရွန်းနစ် စစ်လေယာဉ်လေးစင်းနဲ့ ဗုံးကြဲလေယာဉ်တစင်းတို့ ပါဝင်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG