(Zawgyi / Unicode)
ထုိင္ဝမ္ကၽြန္းနဲ႔ ၿငိမ္းခ်မ္းစြာ ေပါင္းစည္းႏိုင္ေအာင္ ဆက္ၿပီး ႀကိဳးပမ္းသြားမယ့္အေၾကာင္း တ႐ုတ္သမၼတ Xi Jinping က ဒီကေန႔ ထပ္မံ ကတိျပဳ ေျပာၾကားလိုက္ပါတယ္။
တ႐ုတ္က သူပိုင္နယ္ေျမအျဖစ္ ေျပာေနတဲ့ ထုိင္ဝမ္ကၽြန္းမွာ သီတင္းတပတ္ၾကာ တင္းမာမႈေတြ ျပင္းထန္ေနခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံတကာကလည္း စိုးရိမ္မႈေတြ ရွိေနခ်ိန္မွာ ခုလို ေျပာဆိုလိုက္တာျဖစ္ၿပီး ေပါင္းစည္းေရးအတြက္ အင္အားသံုးမယ္ဆိုတဲ့ သေဘာမ်ိဳးေတာ့ သမၼတ Xi က တိုက္႐ိုက္ ေျပာမသြားပါဘူး။
"ၿငိမ္းခ်မ္းစြာ ေပါင္းစည္းေရး နည္းလမ္းက ထုိင္ဝမ္မွာရွိတဲ့ က်ေနာ္တို႔ရဲ႕ တျပည္ေထာင္တည္းသားေတြ အတြက္ေရာ၊ တ႐ုတ္ႏိုင္ငံတခုလံုးရဲ႕ အက်ိဳးစီးပြားအတြက္ပါ အေကာင္းဆံုး ျဖစ္ပါတယ္။ တျပည္ေထာင္ စနစ္ႏွစ္မ်ိဳးနဲ႔ ၿငိမ္းခ်မ္းစြာ ေပါင္းစည္းေရး အေျခခံမူဝါဒကို ဆက္လက္ကိုင္စြဲထားၿပီး ၁၉၉၂ ခုႏွစ္ သေဘာတူညီခ်က္အတိုင္း တ႐ုတ္ တျပည္ေထာင္မူအတိုင္း ထုိင္ဝမ္နဲ႔ဆက္ဆံေရး ၿငိမ္းခ်မ္းစြာ ေပါင္းစည္းႏိုင္ေရးကို ပိုမိုအားထုတ္ လုပ္ေဆာင္သြားမွာျဖစ္တယ္” ဆိုၿပီး တ႐ုတ္သမၼတ Xi က ဒီကေန႔ ေျပာဆိုသြားတာပါ။
တ႐ုတ္ႏိုင္ငံရဲ႕ ေနာက္ဆံုးဧကရာဇ္မင္းဆက္ျဖစ္တဲ့ မန္ခ်ဴးမင္းဆက္ကို ေတာ္လွန္ၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ထူေထာင္ခဲ့တဲ့ အႏွစ္ ၁၁၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားမွာ အခုလို ေျပာသြားတာပါ။
ဒီမိုကေရစီနည္းက် အုပ္ခ်ဳပ္တဲ့ ထုိင္ဝမ္ကၽြန္းကို တ႐ုတ္အစိုးရက သူ႔ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ နယ္ေျမအျဖစ္ လက္ခံလာေအာင္ ႏိုင္ငံေရးနဲ႔ စစ္ေရးအရ ဖိအားေတြ တိုးေပးလာေနေပမယ့္ ထုိင္ဝမ္အစိုးရကေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ခုခံကာကြယ္သြားမယ့္အေၾကာင္းနဲ႔ ထုိင္ဝမ္ရဲ႕ အနာဂတ္ကို ထုိင္ဝမ္ျပည္သူေတြကပဲ ဆံုးျဖတ္ပိုင္ခြင့္ ရွိရမယ္လို႔ ကတိျပဳ ေျပာဆိုထားပါတယ္။
ဒီလ ၁ ရက္ေန႔ကစလို႔ တ႐ုတ္က ထုိင္ဝမ္ေလေၾကာင္းပိုင္နက္ထဲမွာ တိုက္ေလယာဥ္နဲ႔ ဗံုးႀကဲေလယာဥ္ေတြ အပါအဝင္ တ႐ုတ္စစ္ေလယာဥ္ေတြ ရက္ေတြနဲ႔ခ်ီ ဆက္တိုက္ပ်ံသန္းတာေတြ လုပ္ခဲ့ၿပီး စစ္ေရးအရ ဖိအားေပးမႈေတြနဲ႔အတူ တင္းမာမႈေတြ ရွိေနခဲ့တာပါ။ ဒီစစ္ေလယာဥ္ပ်ံသန္းမႈေတြနဲ႔ ပတ္သက္လို႔ေတာ့ သမၼတ Xi က ဒီကေန႔ ထည့္သြင္း ေျပာမသြားခဲ့ပါဘူး။
---------------------------
(Unicode)
ထိုင်ဝမ်ကျွန်းနဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေး ကြိုးပမ်းသွားမယ် - တရုတ်သမ္မတ
ထိုင်ဝမ်ကျွန်းနဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းနိုင်အောင် ဆက်ပြီး ကြိုးပမ်းသွားမယ့်အကြောင်း တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ထပ်မံ ကတိပြု ပြောကြားလိုက်ပါတယ်။
တရုတ်က သူပိုင်နယ်မြေအဖြစ် ပြောနေတဲ့ ထိုင်ဝမ်ကျွန်းမှာ သီတင်းတပတ်ကြာ တင်းမာမှုတွေ ပြင်းထန်နေခဲ့ပြီးတဲ့နောက် နိုင်ငံတကာကလည်း စိုးရိမ်မှုတွေ ရှိနေချိန်မှာ ခုလို ပြောဆိုလိုက်တာဖြစ်ပြီး ပေါင်းစည်းရေးအတွက် အင်အားသုံးမယ်ဆိုတဲ့ သဘောမျိုးတော့ သမ္မတ Xi က တိုက်ရိုက် ပြောမသွားပါဘူး။
"ငြိမ်းချမ်းစွာ ပေါင်းစည်းရေး နည်းလမ်းက ထိုင်ဝမ်မှာရှိတဲ့ ကျနော်တို့ရဲ့ တပြည်ထောင်တည်းသားတွေ အတွက်ရော၊ တရုတ်နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွားအတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။ တပြည်ထောင် စနစ်နှစ်မျိုးနဲ့ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး အခြေခံမူဝါဒကို ဆက်လက်ကိုင်စွဲထားပြီး ၁၉၉၂ ခုနှစ် သဘောတူညီချက်အတိုင်း တရုတ် တပြည်ထောင်မူအတိုင်း ထိုင်ဝမ်နဲ့ဆက်ဆံရေး ငြိမ်းချမ်းစွာ ပေါင်းစည်းနိုင်ရေးကို ပိုမိုအားထုတ် လုပ်ဆောင်သွားမှာဖြစ်တယ်” ဆိုပြီး တရုတ်သမ္မတ Xi က ဒီကနေ့ ပြောဆိုသွားတာပါ။
တရုတ်နိုင်ငံရဲ့ နောက်ဆုံးဧကရာဇ်မင်းဆက်ဖြစ်တဲ့ မန်ချူးမင်းဆက်ကို တော်လှန်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့တဲ့ အနှစ် ၁၁၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောသွားတာပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရက သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေအဖြစ် လက်ခံလာအောင် နိုင်ငံရေးနဲ့ စစ်ရေးအရ ဖိအားတွေ တိုးပေးလာနေပေမယ့် ထိုင်ဝမ်အစိုးရကတော့ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ခုခံကာကွယ်သွားမယ့်အကြောင်းနဲ့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။
ဒီလ ၁ ရက်နေ့ကစလို့ တရုတ်က ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်တွေ အပါအဝင် တရုတ်စစ်လေယာဉ်တွေ ရက်တွေနဲ့ချီ ဆက်တိုက်ပျံသန်းတာတွေ လုပ်ခဲ့ပြီး စစ်ရေးအရ ဖိအားပေးမှုတွေနဲ့အတူ တင်းမာမှုတွေ ရှိနေခဲ့တာပါ။ ဒီစစ်လေယာဉ်ပျံသန်းမှုတွေနဲ့ ပတ်သက်လို့တော့ သမ္မတ Xi က ဒီကနေ့ ထည့်သွင်း ပြောမသွားခဲ့ပါဘူး။