သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္ဝမ္ေရလက္ၾကား စစ္သေဘၤာေစလႊတ္တဲ့ ကန္နဲ႔ ကေနဒါကို တ႐ုတ္႐ႈတ္ခ်


တာေဝးပစ္ဒုံးက်ည္တပ္ အေမရိကန္ ဖ်က္သေဘၤာ USS Dewey. (ဇူလုိင္ ၁၀၊ ၂၀၁၈)

(Zawgyi / Unicode)

ထုိင္ဝမ္ေရလက္ၾကားကို ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အေမရိကန္နဲ႔ ကေနဒါတို႔က စစ္သေဘၤာေတြ ေစလႊတ္ခဲ့တာဟာ ေဒသတြင္း တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းမႈကို ၿခိမ္းေျခာက္တာလို႔ ေျပာၿပီး တနဂၤေႏြေန႔မွာ တ႐ုတ္စစ္တပ္က အျပစ္တင္ ေဝဖန္လိုက္ပါတယ္။

တ႐ုတ္စစ္တပ္က ၿပီးခဲ့တဲ့ႏွစ္ထဲ ထုိင္ဝမ္ေလေၾကာင္းကာကြယ္ေရးဇုန္ ADIZ ထဲ စစ္ေလယာဥ္ အမ်ားအျပား ေစလႊတ္ခဲ့တာအတြက္ ထုိင္ဝမ္က စိတ္ဆိုး ေဒါသထြက္ေနခ်ိန္မွာပဲ ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး ၄ ရက္အတြင္း တ႐ုတ္က စစ္ေလယာဥ္အစင္း ၁၅၀ ေက်ာ္ကို ထပ္မံေစလႊတ္ခဲ့တာေၾကာင့္ တ႐ုတ္နဲ႔ ထုိင္ဝမ္ၾကား တင္းမာမႈေတြ ပိုတိုးလာခဲ့သလို ဒီလုပ္ရပ္အတြက္ ႏိုင္ငံတကာကပါ စိုးရိမ္လာေစတာပါ။

ဒါ့အျပင္ တနဂၤေႏြေန႔မွာလည္း တ႐ုတ္က J-16 ဂ်က္တိုက္ေလယာဥ္ ၂ စင္းနဲ႔ ေရငုပ္သေဘၤာဖ်က္ ေလယာဥ္တစင္း ထုိင္ဝမ္ ADIZ ဇုန္ထဲ ေစလႊတ္ခဲ့တယ္လို႔ ထုိင္ဝမ္က ေျပာပါတယ္။

အေမရိကန္စစ္တပ္ကေတာ့ သူတို႔ရဲ႕ တာေဝးပစ္ဒံုးက်ည္တပ္ USS Dewey ဖ်က္သေဘၤာဟာ ထုိင္ဝမ္နဲ႔ တ႐ုတ္ျပည္မႀကီးကို ျခားထားတဲ့ က်ဥ္းေျမာင္းတဲ့ ေရလက္ၾကားကို ကေနဒါစစ္သေဘၤာ HMCS Winnipeg နဲ႔အတူ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြက ျဖတ္သန္းခဲ့ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ Dewey နဲ႔ Winnipeg တို႔ရဲ႕ အခုလို ထုိင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းမႈဟာ အေမရိကန္နဲ႔ သူ႔မဟာမိတ္ေတြ၊ မိတ္ဘက္ေတြရဲ႕ အင္ဒို-ပစိဖိတ္ေဒသ လြတ္လပ္မႈနဲ႔ ပြင့္လင္းမႈရွိေစဖို႔ သႏၷိ႒ာန္ခ်ထားခ်က္ကို ျပသတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

PLA တ႐ုတ္စစ္တပ္ အေရွ႕ပိုင္းဌာနခ်ဳပ္ကေတာ့ ဒီသေဘၤာေတြကို သူတို႔တပ္ေတြက ေစာင့္ၾကည့္ခဲ့ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ထုိင္ဝမ္ဟာ တ႐ုတ္ပိုင္နက္ အစိတ္အပိုင္းတခု ျဖစ္တဲ့အတြက္ ၿခိမ္းေျခာက္မႈနဲ႔ ရန္စမႈအားလံုးကို တုံ႔ျပန္ဖို႔ သူတို႔တပ္ဖြဲ႔ေတြ အျမင့္ဆံုးအဆင့္နဲ႔ အၿမဲတမ္း အသင့္ျပင္ထားေၾကာင္း ေျပာပါတယ္။

ဒီေဒသမွာ အေမရိကန္ ေရတပ္သေဘၤာေတြ လစဥ္လိုလို ေရာက္ေနတာဟာ ေဒသတြင္း တင္းမာမႈေတြျဖစ္ေအာင္ အေမရိကန္က လုပ္ေဆာင္ေနတာလို႔ တ႐ုတ္က စြပ္စြဲထားတာပါ။ ၿဗိတိန္အပါအဝင္ အေမရိကန္ရဲ႕ မဟာမိတ္ေတြဟာ ဒီေရလက္ၾကားကို စစ္သေဘၤာေတြ မၾကာခဏ ေစလႊတ္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်ဝမ်ရေလက်ကြား စစ်သင်္ဘောစေလွှတ်တဲ့ ကန်နဲ့ ကနေဒါကို တရုတ်ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်နဲ့ ကနေဒါတို့က စစ်သင်္ဘောတွေ စေလွှတ်ခဲ့တာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်တာလို့ ပြောပြီး တနင်္ဂနွေနေ့မှာ တရုတ်စစ်တပ်က အပြစ်တင် ဝေဖန်လိုက်ပါတယ်။

တရုတ်စစ်တပ်က ပြီးခဲ့တဲ့နှစ်ထဲ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန် ADIZ ထဲ စစ်လေယာဉ် အများအပြား စေလွှတ်ခဲ့တာအတွက် ထိုင်ဝမ်က စိတ်ဆိုး ဒေါသထွက်နေချိန်မှာပဲ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၄ ရက်အတွင်း တရုတ်က စစ်လေယာဉ်အစင်း ၁၅၀ ကျော်ကို ထပ်မံစေလွှတ်ခဲ့တာကြောင့် တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ ပိုတိုးလာခဲ့သလို ဒီလုပ်ရပ်အတွက် နိုင်ငံတကာကပါ စိုးရိမ်လာစေတာပါ။

ဒါ့အပြင် တနင်္ဂနွေနေ့မှာလည်း တရုတ်က J-16 ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ရေငုပ်သင်္ဘောဖျက် လေယာဉ်တစင်း ထိုင်ဝမ် ADIZ ဇုန်ထဲ စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

အမေရိကန်စစ်တပ်ကတော့ သူတို့ရဲ့ တာဝေးပစ်ဒုံးကျည်တပ် USS Dewey ဖျက်သင်္ဘောဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကို ခြားထားတဲ့ ကျဉ်းမြောင်းတဲ့ ရေလက်ကြားကို ကနေဒါစစ်သင်္ဘော HMCS Winnipeg နဲ့အတူ ကြာသပတေးနဲ့ သောကြာနေ့တွေက ဖြတ်သန်းခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် Dewey နဲ့ Winnipeg တို့ရဲ့ အခုလို ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမှုဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေ၊ မိတ်ဘက်တွေရဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်မှုနဲ့ ပွင့်လင်းမှုရှိစေဖို့ သန္နိဋ္ဌာန်ချထားချက်ကို ပြသတာဖြစ်ကြောင်းလည်း ပြောပါတယ်။

PLA တရုတ်စစ်တပ် အရှေ့ပိုင်းဌာနချုပ်ကတော့ ဒီသင်္ဘောတွေကို သူတို့တပ်တွေက စောင့်ကြည့်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် အစိတ်အပိုင်းတခု ဖြစ်တဲ့အတွက် ခြိမ်းခြောက်မှုနဲ့ ရန်စမှုအားလုံးကို တုံ့ပြန်ဖို့ သူတို့တပ်ဖွဲ့တွေ အမြင့်ဆုံးအဆင့်နဲ့ အမြဲတမ်း အသင့်ပြင်ထားကြောင်း ပြောပါတယ်။

ဒီဒေသမှာ အမေရိကန် ရေတပ်သင်္ဘောတွေ လစဉ်လိုလို ရောက်နေတာဟာ ဒေသတွင်း တင်းမာမှုတွေဖြစ်အောင် အမေရိကန်က လုပ်ဆောင်နေတာလို့ တရုတ်က စွပ်စွဲထားတာပါ။ ဗြိတိန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေဟာ ဒီရေလက်ကြားကို စစ်သင်္ဘောတွေ မကြာခဏ စေလွှတ်လေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG