သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ကို ကာကြယ္ဖို႔ ထိုင္ဝမ္သမၼတ ကတိျပဳ


ထုုိင္ဝမ္သမၼတ Tsai Ing-wen. (မတ္ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္ဝမ္ရဲ႕ ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ကို ႏိုင္ငံတကာ မိတ္ဘက္ေတြနဲ႔အတူ ထိန္းသိမ္းေစာင့္ေရွာက္သြားမယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen က Hsinchu ေလတပ္အေျခစိုက္စခန္းမွာ လုပ္တဲ့ အမ်ိဳးသားေန႔အႀကိဳ ဧည့္ခံပြဲမွာ ကတိျပဳ ေျပာဆိုခဲ့ပါတယ္။

ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ကို ဦးစားေပး ထိန္းသိမ္းထားႏိုင္ေရး ဆက္လက္ ႀကိဳးစားမယ့္အေၾကာင္း၊ တူညီတဲ့ စံထားမႈေတြနဲ႔အတူ ႏိုင္ငံတကာ မိတ္ဘက္ေတြနဲ႔ ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္ၿပီး ကမၻာ့အက်ိဳးစီးပြားအတြက္ ပိုၿပီး ေဆာင္ရြက္မယ့္ အေၾကာင္း ထိုင္ဝမ္သမၼတ Tsai Ing-wen က ေျပာဆိုခဲ့တာပါ။

တရက္တည္းမွာဘဲ လုပ္တဲ့ တ႐ုတ္ျပည္ရဲ႕ ေနာက္ဆံုးမင္းဆက္ကို ၁၉၁၁ ခုႏွစ္မွာ ျဖဳတ္ခ်ခဲ့တဲ့ ေတာ္လွန္ေရးေန႔ ႏွစ္ပတ္လည္ အခမ္းအနားမွာေတာ့ တ႐ုတ္သမၼတ Xi Jinping က ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ေရး ကတိျပဳ ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ပိုင္နက္အျဖစ္ ေျပာထားတဲ့ ထိုင္ဝမ္ကၽြန္းနဲ႔ သီတင္းတပတ္ၾကာ တင္းမာမႈ ျဖစ္ခဲ့ၿပီးေနာက္မွာ အင္အားသံုးမႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္သမၼတက တိုက္႐ိုက္ ရည္ၫႊန္း မေျပာပါဘူး။

ထိုင္ဝမ္ဘက္ကေတာ့ ဒီမိန္႔ခြန္းကို မေက်မနပ္ တုံ႔ျပန္ခဲ့ၿပီး ထိုင္ဝမ္ျပည္သူေတြ အေနနဲ႔ ကိုယ္ပိုင္အနာဂတ္ကို ဆံုးျဖတ္ခြင့္ရွိေၾကာင္းနဲ႔ တ႐ုတ္ရဲ႕ ႏိုင္ထက္စီးနင္း လုပ္ရပ္ေတြကို ႐ႈတ္ခ်ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္အစိုးရကို ရင္ဆိုင္ဖို႔ ကတိနဲ႔ ၿပီးခဲ့တဲ့ႏွစ္အတြင္း အျပတ္အသတ္ ျပန္လည္ ေရြးေကာက္ခံခဲ့ရတဲ့ ထိုင္ဝမ္သမၼတ Tsai ကို ခြဲထြက္ေရးသမားတဦးအျဖစ္ သတ္မွတ္ၿပီး တ႐ုတ္အစိုးရက ေဆြးေႏြးေျပာဆိုဖို႔ ျငင္းဆိုထားပါတယ္။ ထိုင္ဝမ္ဟာ လြတ္လပ္တဲ့ႏိုင္ငံျဖစ္ေၾကာင္း၊ တရားဝင္အမည္က တ႐ုတ္သမၼတႏိုင္ငံျဖစ္ေၾကာင္း သမၼတ Tsai က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ထိုင်ဝမ်သမ္မတ ကတိပြု

ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို နိုင်ငံတကာ မိတ်ဘက်တွေနဲ့အတူ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က Hsinchu လေတပ်အခြေစိုက်စခန်းမှာ လုပ်တဲ့ အမျိုးသားနေ့အကြို ဧည့်ခံပွဲမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ဦးစားပေး ထိန်းသိမ်းထားနိုင်ရေး ဆက်လက် ကြိုးစားမယ့်အကြောင်း၊ တူညီတဲ့ စံထားမှုတွေနဲ့အတူ နိုင်ငံတကာ မိတ်ဘက်တွေနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့အကျိုးစီးပွားအတွက် ပိုပြီး ဆောင်ရွက်မယ့် အကြောင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောဆိုခဲ့တာပါ။

တရက်တည်းမှာဘဲ လုပ်တဲ့ တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ကို ၁၉၁၁ ခုနှစ်မှာ ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားမှာတော့ တရုတ်သမ္မတ Xi Jinping က ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ရေး ကတိပြု ပြောဆိုခဲ့ပါတယ်။

တရုတ်ပိုင်နက်အဖြစ် ပြောထားတဲ့ ထိုင်ဝမ်ကျွန်းနဲ့ သီတင်းတပတ်ကြာ တင်းမာမှု ဖြစ်ခဲ့ပြီးနောက်မှာ အင်အားသုံးမှုနဲ့ ပတ်သက်ပြီး တရုတ်သမ္မတက တိုက်ရိုက် ရည်ညွှန်း မပြောပါဘူး။

ထိုင်ဝမ်ဘက်ကတော့ ဒီမိန့်ခွန်းကို မကျေမနပ် တုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေ အနေနဲ့ ကိုယ်ပိုင်အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိကြောင်းနဲ့ တရုတ်ရဲ့ နိုင်ထက်စီးနင်း လုပ်ရပ်တွေကို ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရကို ရင်ဆိုင်ဖို့ ကတိနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း အပြတ်အသတ် ပြန်လည် ရွေးကောက်ခံခဲ့ရတဲ့ ထိုင်ဝမ်သမ္မတ Tsai ကို ခွဲထွက်ရေးသမားတဦးအဖြစ် သတ်မှတ်ပြီး တရုတ်အစိုးရက ဆွေးနွေးပြောဆိုဖို့ ငြင်းဆိုထားပါတယ်။ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်ကြောင်း၊ တရားဝင်အမည်က တရုတ်သမ္မတနိုင်ငံဖြစ်ကြောင်း သမ္မတ Tsai က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG